မာ့ခ်ကာနီ
The Right Honourable မာခ့်ကာနီ Mark Carney | |||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
၂၄ ဦးမြောက် ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ် | |||||||||||||||||||||||||||||||||||||||||||
တာဝန်ထမ်းဆောင်ဆဲ | |||||||||||||||||||||||||||||||||||||||||||
တာဝန် စတင် ၁၄ မတ် ၂၀၂၅ | |||||||||||||||||||||||||||||||||||||||||||
ဧကရာဇ် | တတိယမြောက် ချားလ်စ်ဘုရင် | ||||||||||||||||||||||||||||||||||||||||||
ဘုရင်ခံချုပ် | Mary Simon | ||||||||||||||||||||||||||||||||||||||||||
ယခင်လူ | ဂျက်စတင် ထရူးဒိုး | ||||||||||||||||||||||||||||||||||||||||||
လစ်ဘရယ်ပါတီ၏ ခေါင်းဆောင် | |||||||||||||||||||||||||||||||||||||||||||
တာဝန်ထမ်းဆောင်ဆဲ | |||||||||||||||||||||||||||||||||||||||||||
တာဝန် စတင် ၉ မတ် ၂၀၂၅ | |||||||||||||||||||||||||||||||||||||||||||
ယခင်လူ | ဂျက်စတင် ထရူးဒိုး | ||||||||||||||||||||||||||||||||||||||||||
နီပီယန် မဲဆန္ဒနယ် လွှတ်တော်အမတ် | |||||||||||||||||||||||||||||||||||||||||||
တာဝန်ထမ်းဆောင်ဆဲ | |||||||||||||||||||||||||||||||||||||||||||
တာဝန် စတင် ၂၈ ဧပြီ ၂၀၂၅ | |||||||||||||||||||||||||||||||||||||||||||
ယခင်လူ | Chandra Arya
| ||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||
ကိုယ်ရေး အချက်အလက်များ | |||||||||||||||||||||||||||||||||||||||||||
မွေးဖွား | Mark Joseph Carney မတ် ၁၆၊ ၁၉၆၅ Fort Smith, Northwest Territories ၊ ကနေဒါနိုင်ငံ | ||||||||||||||||||||||||||||||||||||||||||
နိုင်ငံသား |
| ||||||||||||||||||||||||||||||||||||||||||
ကြင်ဖော် | Diana Fox Carney (လက်ထပ် ၁၉၉၄)[၁] | ||||||||||||||||||||||||||||||||||||||||||
သားသမီး | 4 | ||||||||||||||||||||||||||||||||||||||||||
မိခင်ကျောင်း |
| ||||||||||||||||||||||||||||||||||||||||||
လက်မှတ် | ![]() | ||||||||||||||||||||||||||||||||||||||||||
ဝက်ဘ်ဆိုဒ် | markcarney.ca | ||||||||||||||||||||||||||||||||||||||||||
Scientific career | |||||||||||||||||||||||||||||||||||||||||||
နယ်ပယ် | ဘောဂဗေဒ | ||||||||||||||||||||||||||||||||||||||||||
ဘွဲ့ယူစာတမ်း | The dynamic advantage of competition (1995) | ||||||||||||||||||||||||||||||||||||||||||
ပါရဂူဘွဲ့ ကြီးကြပ်သူ | Margaret A. Meyer | ||||||||||||||||||||||||||||||||||||||||||
မာ့ခ် ဂျိုးဇက် ကာနီ (အင်္ဂလိပ်: Mark Joseph Carney) သည် ကနေဒါနိုင်ငံသား နိုင်ငံရေးသမားနှင့် စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှစ၍ ကနေဒါနိုင်ငံ၏ ၂၄ ဦးမြောက် ဝန်ကြီးချုပ်နှင့် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်မှစ၍ နီပန် (Nepean) မဲဆန္ဒနယ်မှ ပါလီမန်အမတ် (MP) လည်း ဖြစ်သည်။
ကာနီကို ဖို့တ်စမစ်ကို ၁၉၆၅ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အနောက်မြောက်နယ်မြေများရှိ ဖို့တ်စမစ်တွင် မွေးဖွားခဲ့သည်။ သူသည် အယ်လ်ဘာတာပြည်နယ်၊ အက်ဒမန်တန်မြို့တွင် ကြီးပြင်းခဲ့သည်။ သူသည် ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ကို ၁၉၈၇ ခုနှစ်တွင် ရရှိခဲ့ပြီးနောက် အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာဆက်လက်သင်ယူခဲ့ကာ ၁၉၉၃ ခုနှစ်တွင် မဟာဘွဲ့နှင့် ၁၉၉၅ ခုနှစ်တွင် ပါရဂူဘွဲ့တို့ကို ရရှိခဲ့သည်။ Goldman Sachs ဘဏ်တွင် ရာထူးအမျိုးမျိုးကို ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ကနေဒါဗဟိုဘဏ်သို့ ဒုတိယဘဏ်ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကနေဒါဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝါရင့်တွဲဖက်ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ကာနီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကနေဒါဗဟိုဘဏ်၏ အဋ္ဌမမြောက် ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း ကနေဒါ၏ ငွေကြေးမူဝါဒအတွက် တာဝန်ယူခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အင်္ဂလန်ဘဏ်၏ ၁၂၀ ဦးမြောက် ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘရက်ဇစ် (Brexit) နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အစောပိုင်းကာလများတွင် ဗြိတိန်ဗဟိုဘဏ်၏ တုံ့ပြန်မှုများကို ဦးဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးတည်ငြိမ်ရေးဘုတ်အဖွဲ့ (Financial Stability Board) ၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ဗဟိုဘဏ်လုပ်ငန်းမှ ထွက်ခွာပြီးနောက် ကာနီသည် Brookfield Asset Management တွင် ဥက္ကဋ္ဌနှင့် အကျိုးသက်ရောက်မှု ရင်းနှီးမြှုပ်နှံမှုဌာနအကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် Bloomberg L.P. ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ သူသည် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။
ကာနီသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၏ အကြံပေးများစွာထဲမှ တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် လစ်ဘရယ်ပါတီ၏ စီးပွားရေးတိုးတက်မှုဆိုင်ရာ အထူးအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထရူးဒိုး နုတ်ထွက်မည်ဟု ကြေညာပြီးနောက် ကနေဒါလစ်ဘရယ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ပြီး မတ်လတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် အနိုင်ရရှိပြီး ဝန်ကြီးချုပ်ဖြစ်လာပြီး မကြာမီတွင် ကာနီသည် ဘုရင်ခံချုပ်အား ပါလီမန်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ရွေးကောက်ပွဲ ကျင်းပရန် အကြံပြုခဲ့ရာ လစ်ဘရယ်ပါတီသည် ၂၀၂၅ ခုနှစ်တွင် အစိုးရအဖွဲ့ငယ် ဖွဲ့စည်းနိုင်ခဲ့ပြီး လစ်ဘာရယ်ပါတီ၏ ၂၀၁၅ ခုနှစ်နောက်ပိုင်း စတုတ္ထမြောက်ဆက်တိုက် အောင်မြင်မှု ဖြစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Diana Fox Carney။ January 21, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 19, 2025 တွင် ပြန်စစ်ပြီး။
- ↑ "Mark Carney"။ Today။ August 8, 2013။ BBC Radio 4။ February 28, 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ January 18, 2014 တွင် ပြန်စစ်ပြီး။