မာလာဗာရီဆိပ်ကမ်း

ဝီကီပီးဒီးယား မှ

မြေပြန့်သော ကမ်းခြေတွင် အသုံးပြုနိုင်၍ ရေတက်ရေကျ အလိုက် ပေါလောပေါ်နေနိုင်သော ဆိပ်ကမ်းတံတားအရှင်များကို ပြုလုပ်စီမံရန် ၁၉၄၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံ စစ်အတွင်း နန်းရင်း ဝန် ဝင်စတန်ချာချီ၏ အမိန့်အရ ကွန်ကရစ်ဖြင့်ပြီးသည့် ရေကာတံတိုင်းများနှင့် ဆိပ်ကမ်း တံတားအရှင်များကို ဗြိတိသျှတို့ ဦးစီးပြုလုပ်ခဲ့သည်။ ယင်းတို့ကို 'မာလဗာရီ' ဟု လျှို့ဝှက်စွာခေါ်တွင်စေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မာလဗာရီ ဆိပ်ကမ်းများသည် များစွာအရေးပါခဲ့၏။ ယင်းဆိပ်ကမ်းများမှတစ်ဆင့် ပြင်သစ်နယ် တွင်းသို့ ဝင်ရောက်ကာ၊ အနောက်ဥရောပတိုက်ရှိ တိုင်းပြည်များကို ရန်သူတို့ လက်တွင်းမှ ကယ်တင်နိုင်အောင် လမ်းဖွင့်ပေးနိုင်ခဲ့လေ သည်။

ဂျာမန်တို့သည် စစ်ဖြစ်စကတည်းကပင် ပြင်သစ်ကမ်းခြေ ပေါ်သို့ မဟာမိတ်တပ်များ ချဉ်းနင်းဝင်ရောက်မည့် အရေးကို ကာ ကွယ်ရန် အမျိုးမျိုးစီမံထားခဲ့၏။ မဟာမိတ်စစ်တပ်များ တက် ရောက်မည် ထင်ရသော ဆိပ်ကမ်းဟူသမျှ၌ စစ်တပ်များ ချထားပြီး လျှင် ခုခံတိုက်ခိုက်ရန် အလွန်လုံခြုံစွာ စီမံထားခဲ့သည်။ ထိုကြောင့် ပြင်သစ်ဆိပ်ကမ်းမြို့များမှ တစ်ဆင့် ဥရောပတိုက်တွင်းသို့ ဝင် ရောက်မည့်အကြံကို မဟာမိတ်တို့ စွန့်လွှတ်ခဲ့ရပြီးနောက်၊ ထို ဆိပ်ကမ်းမြို့များမှမဟုတ်ဘဲ မြေပြန့်သောကမ်းပါးများမှတစ်ဆင့် တက်ရောက်ရန် ကြံစည်ခဲ့ရလေသည်။ ဤသို့အားဖြင့် မြေပြန့်သုံး ဆိပ်ကမ်းတံတားရှင်များကို စီမံဆောက်လုပ်စေကာ၊ နော်မန်ဒီ ကမ်းခြေကို ရွေးချယ်၍ ထိုမှတစ်ဆင့် ကုန်းပေါ်သို့တက်ရောက်ခဲ့ ၏။ မဟာမိတ်တပ်တို့သည် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် နော်မန်ဒီကမ်းပေါ်သို့ မာလဗာရီ ဆိပ်ကမ်းများအားဖြင့် တက် ရောက်ခဲ့သည်။ နော်မန်ဒီနယ်မှ အစပြု၍ ဝင်ရသဖြင့် ယင်းထိုး စစ်သည် နော်မန်ဒီတိုက်ပွဲဟူ၍ စစ်သမိုင်းတွင် ထင်ရှားပေသည်။


မာလဗာရီ ဆိပ်ကမ်းများသည် အရေအတွက်အားဖြင့် ၂ ခု ဖြစ်၏။ တစ်ခုမှာ အမေရိကန်စစ်မျက်နှာတွင် အသုံးပြုရန်ဖြစ်ရ ကား 'မာလဗာရီအေ' ဟုတွင်၍ ကျန်တစ်ခုမှာ ဗြိတိသျှ စစ် မျက်နှာတွင် အသုံးပြုရန်ဖြစ်ပြီးလျှင် 'မာလဗာရီ' ဟုတွင်၏။ တံတားများဆောက်လုပ်ရာ၌ လျှို့ဝှက်စွာ အချိန်ယူ၍ တင်ကူးကြံ စည်ရ၏။ ပြုလုပ်ရမည့် ဆိပ်ကမ်းပမာဏမှာ အဂ‡လန်ပြည် ဒိုဗာဆိပ်ကမ်းတမျှပင်ရှိသည်။ ယင်းအတွက် အစိတ်အပိုင်းများကို တင်းဆိုက်နှင့် စကော့တလန်ပြည် ကမ်းခြေမြို့များအစရှိသော ဝေးလံသည့် အရပ်များတွင် လျှို့ဝှက်စွာ ပြုလုပ်ရ၏။ စုစုပေါင်း တန်ချိန်တစ်သန်းရှိသော အစိတ်အပိုင်းများကို အင်္ဂလိပ်ရေလက်ကြားကြီး၏ တစ်ဖက်ကမ်း မိုင် ၁ဝဝ ကျော် ကွာဝေးသောနေရာသို့ ယူဆောင်၍ ထိုနေရာ၌ ရေထဲတွင် တွဲယူတည်ဆောက်ရသည် ဖြစ်ရကား သေးငယ်သည့် လုပ်ငန်းမဟုတ်ချေ။ ရေကာတံတိုင်း ပြုလုပ်ရပုံမှာ ဤသို့တည်း။ တက်ရောက် မည့် ကမ်းတစ်လျှောက် ပေ ၂ဝ,ဝဝဝ ခန့် ရှည်လျားအောင် သင်္ဘောများကိုမြှုပ်၍ အကာအရံတံတိုင်းများ ပြုလုပ်ယူသည်။ ဤ တံတိုင်းကို ၅ ပိုင်းပိုင်း၍ ထားသည်။ အဂ‡တေဖြင့် ပြုလုပ်သော ကေဆွန်ခေါ် ရေလုံပြွန်ခေါင်းကို ရေကာတံတိုင်းတွင် ဆက်ပေး ထားသည့်အပြင် ရေကာတံတိုင်း တစ်ပိုင်းနှင့်တစ်ပိုင်းကိုလည်း ကေဆွန်ဖြင့် ဆက်ထားသည်။ ရေကာ တံတိုင်း၏ အတွင်းဘက်တွင် ဆိပ်ကမ်းတံတား၏ တံတားဦးရှိ သည်။ တံတားဦးသည် သာမန် တံတားများတွင်ကဲ့သို့ ရေတွင် ပေါ်နေရန် လိုပေသည်။ ရေသည် အတက်အကျရှိသဖြင့် ရေမျက်နှာ ပြင်၏ ခြားနားမှုသည် ပေ ၂ဝ ခန့်ပင် ရှိ၏။ ထိုကြောင့် တံတား၏အခန်းတစ်ခန်းလျှင် ပေ ၈ဝ စီရှိ၍ ထိုအခန်းများကို အောက်မှနေ၍ ဘောများဖြင့် ဆောင်ထားသည်။ ဆိပ်ကမ်း အေ တံတားနှင့် ဘီ တံတားတို့၏ စုစုပေါင်းအလျားမှာ ၇ မိုင် ခန့် ရှည်သည်။ မာလဇာရီ ဘီတွင် တံတားဦးမှ ကမ်းအထိ ၆ ဖာလုံမျှ ရှည်၏။ တံတားဦးများမှာ အလျားပေ ၂ဝဝ၊ အနံ ပေ ၆ဝ ရှိ သည်။ ဤတံတားဦးများကို သံမဏိတိုင် ၄ ချောင်းဖြင့် ထိန်းပေး ထားသော ဘောဖြင့်ခံထား၍ သံမဏိတိုင်များကို တစ်ဖန် ပင်လယ် အောက်မြေပေါ်တွင် စိုက်ထားသဖြင့် တံတားဦးသည် ရေအတက် အကျအလိုက် အထက်အောက် တက်နိုင် သက်နိုင်သည်။ တံတား အခန်းများကို ဘေးတိုက် ဆက်ထားသဖြင့်လည်း လေတိုက်သည့် အခါ အထက်မှသွားလာနေသော ယာဉ်ရထားများကို မည်သို့မျှ အနှောင့်အယှက် မဖြစ်စေနိုင်ချေ။ ရေတံတိုင်းအဖြစ်ဖြင့် အသုံးပြုရန် ဖြစ်သော သဘေ‡ာများ သည် တိုက်ခိုက်ရန် အင်အားစုနောက်မှ လိုက်သွားပြီးလျှင် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် လွန်မြောက်သည့် နောက် ၅ ရက် အတွင်း တွင် ယင်းတို့ကို ယမ်းဘီလူးများဖြင့် ဖောက်ခွဲနှစ်မြုပ်ပစ်သည်။ ထို နောက် ကေဆွန်ရေကာတံတိုင်းနှင့် ဆိပ်ကမ်းတံတားများကို တပ် ဆင်ခဲ့ကြသည်။ ဇွန်လ ၁၈ ရက်နေ့တွင် အဆောက်အအုံ တစ်ခု လုံးမှာ အသုံးပြုရန် အဆင်သင့် ဖြစ်နေသည်။ ထိုအချိန်တွင် ၃ ရက်တိုင်တိုင် လေမုန်တိုင်း တိုက်ခိုက်လိုက်သဖြင့် မာလဗာရီအေသည် အကြီးအကျယ် ပျက်စီးသွားသည်။ သို့သော် အမေရိကန်တပ် များသည် ဇွန် ၃ဝ ရက်နေ့တွင် ရှားဗုဆိပ်ကမ်းမြို့ကို တိုက်ခိုက် သိမ်းပိုက်မိသဖြင့် သူတို့ စီမံပြုလုပ်ခဲ့သည့် မာလဗာရီ အေကို အသုံးပြုရန် မလိုဘဲ စွန့်ပစ်နိုင်ခဲ့လေသည်။ ဤလေမုန်တိုင်း အပြင်နောက်တစ်ကြိမ် လေမုန်တိုင်းကျရောက်သဖြင့် မာလဗာရီ တံတားများ တွဲယူရန်ကိစ္စကို ရက်ရွှေ့ဆိုင်းခဲ့ရသည်။ သို့သော် ဇူလိုင်လလယ်တွင် ထိုဆိပ်ကမ်းကို စတင် အသုံးပြုနိုင်ခဲ့ကြ လေသည်။ ဤ ဆိပ်ကမ်းကို အသုံးပြု၍ ဇွန်လ ၆ ရက်မှ ရက်ပေါင်း တစ်ရာ အတွင်းတွင် လူပေါင်း ၂,၂ဝဝ,ဝဝဝ နှင့် တကွ စစ်ပစ္စည်းတန်ချိန် ၄,ဝဝဝ,ဝဝဝ နှင့် ယာဉ်ရထား ၅ဝဝယဝဝဝ မျှ နော်မန်ဒီကမ်းခြေ ပေါ်သို့ တက်ရောက်နိုင်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)