မအူတောရွာ (ဒိုက်ဦးမြို့နယ်)

ဝီကီပီးဒီးယား မှ

မအူတောရွာ

မအူတောရွာ
မအူတောရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မအူတောရွာ
မအူတောရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°53′43″N 96°35′33″E / 17.895271°N 96.592551°E / 17.895271; 96.592551ကိုဩဒိနိတ်: 17°53′43″N 96°35′33″E / 17.895271°N 96.592551°E / 17.895271; 96.592551
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ဒိုက်ဦးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မအူတောရွာ သည် ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာတစ်ရွာ ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာသင်ကြားရာတွင် မူလွန်ကျောင်းတစ်ကျောင်းရှိပြီး ထိုကျောင်းတွင် နိုင်ငံတော်မှ သင်ရိုးညွန်းတန်းများအပြင် ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေပါ သင်ကြားပေးလျက်ရှိသည်။

ဘာသာရေး[ပြင်ဆင်ရန်]

အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ခရစ်ယာန် အနည်းစုရှိသည်။ ရွာဦးတွင် မ,အေးအောင်တော်မူ ဘေးမဲ့ကျောင်းရှိပြီး ဘုန်ကြီးကျောင်းဝန်းတွင်းတွင် အရိယာဓာတ်ပေါင်းစုံစေတီတစ်ဆူ နှင့် ကိုးတောင်ပြည့် ဗုဒ္ဓရုပ်ပွားတစ်ဆူရှိသည်။ ကျေးရွာတွင်း အများစုမှာ ပအိုဝ်းလူမျိုးများ နေထိုင်ကြပြီး ဗမာ နှင့် ကရင် လူမျိုးများလည်းနေထိုင်ကြသည်။

မ,အေးအောင်တော်မူဘေးမဲ့ကျောင်း

စီးပွားရေး[ပြင်ဆင်ရန်]

ကျေးရွာတွင်းလူအများ၏သက်မွေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်သည်။ စပါး၊ပဲ၊ပြောင်း၊ဖရဲနနှင့် ငရုတ်တို့ကို စိုက်ပျိုးကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဒိုက်ဦးမြို့နှင့် ကူလူးသွားလာရာတွင် ကုန်းလမ်းကိုသာ အသုံးပြုကြသည်။ ၂၀၁၃ခုနှစ်ရှေ့ပိုင်းတွင် မိုးရာသီ ဘိုင်းဒါးချောင်းမှတစ်ဆင့် ရေလမ်းခရီးအသုံးပြုခဲ့ကြရသည်။ ကျေးရွာမှ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ ဥသျှစ်ကုန်း လမ်းပေါ်သို့ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ လမ်းများဖြင့်ဆက်သွယ်၍ လယ်ယာမှထွက်သော သီးနှံများအား မြို့ပေါ်သို့ ကုန်းလမ်းဖြင့်ပို့ဆောင်ကြသည်။

ဘိုင်းဒါးချောင်း

ကိုးကား[ပြင်ဆင်ရန်]