မအူတောရွာ၊ ဒိုက်ဦးမြို့နယ်
| မအူတော | |
|---|---|
| ရွာ | |
| မအူတောရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 17°53′43″N 96°35′30″E / 17.8953704833984°N 96.5916900634766°Eကိုဩဒိနိတ်: 17°53′43″N 96°35′30″E / 17.8953704833984°N 96.5916900634766°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပဲခူးခရိုင် |
| မြို့နယ် | ဒိုက်ဦးမြို့နယ် |
| ကျေးရွာအုပ်စု | ဆာပါခြုံ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မအူတောရွာ (အင်္ဂလိပ်: Maautaw)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဆာပါခြုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၃၈၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆာပါခြုံကျေးရွာအုပ်စုတွင် ကျား ၁၃၈၅ ဦး၊ မ ၁၄၇၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၅၈ ဦးနေထိုင်သည်။ [၁]
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာသင်ကြားရာတွင် မူလွန်ကျောင်းတစ်ကျောင်းရှိပြီး ထိုကျောင်းတွင် နိုင်ငံတော်မှ သင်ရိုးညွန်းတန်းများအပြင် ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေပါ သင်ကြားပေးလျက်ရှိသည်။
ဘာသာရေး
[ပြင်ဆင်ရန်]အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ခရစ်ယာန် အနည်းစုရှိသည်။ ရွာဦးတွင် မ,အေးအောင်တော်မူ ဘေးမဲ့ကျောင်းရှိပြီး ဘုန်ကြီးကျောင်းဝန်းတွင်းတွင် အရိယာဓာတ်ပေါင်းစုံစေတီတစ်ဆူ နှင့် ကိုးတောင်ပြည့် ဗုဒ္ဓရုပ်ပွားတစ်ဆူရှိသည်။ ကျေးရွာတွင်း အများစုမှာ ပအိုဝ်းလူမျိုးများ နေထိုင်ကြပြီး ဗမာ နှင့် ကရင် လူမျိုးများလည်းနေထိုင်ကြသည်။

စီးပွားရေး
[ပြင်ဆင်ရန်]ကျေးရွာတွင်းလူအများ၏သက်မွေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်သည်။ စပါး၊ပဲ၊ပြောင်း၊ဖရဲနနှင့် ငရုတ်တို့ကို စိုက်ပျိုးကြသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ဒိုက်ဦးမြို့နှင့် ကူလူးသွားလာရာတွင် ကုန်းလမ်းကိုသာ အသုံးပြုကြသည်။ ၂၀၁၃ခုနှစ်ရှေ့ပိုင်းတွင် မိုးရာသီ ဘိုင်းဒါးချောင်းမှတစ်ဆင့် ရေလမ်းခရီးအသုံးပြုခဲ့ကြရသည်။ ကျေးရွာမှ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ ဥသျှစ်ကုန်း လမ်းပေါ်သို့ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ လမ်းများဖြင့်ဆက်သွယ်၍ လယ်ယာမှထွက်သော သီးနှံများအား မြို့ပေါ်သို့ ကုန်းလမ်းဖြင့်ပို့ဆောင်ကြသည်။

ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
| ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |