မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
---|---|
တည်နေရာ | ကွင်းစလန်ပြည်နယ်၊ ဩစတြေးလျနိုင်ငံ |
ရွေးချယ်သည့် စံနှုန်း | သဘာဝ၊ vii, viii, ix, x |
ရည်ညွှန်း | 154 |
စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ် အစည်းအဝေး) |
ဧရိယာ | ၃၄,၈၇၀,၀၀၀ ဟက်တာ |
ဝဘ်ဆိုဒ် | gbrmpa.gov.au |
ကိုဩဒိနိတ် | 18°17′S 147°42′E / 18.283°S 147.700°Eကိုဩဒိနိတ်: 18°17′S 147°42′E / 18.283°S 147.700°E |
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။[၁][၂] သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၁၆၀၀) မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် (၃၄၄,၀၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။[၃][၄] သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးကို အာကာသမှပင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်တွင် သက်ရှိတို့ ဆောက်လုပ်သော အကြီးဆုံးသော တည်ဆောက်မှု ဖြစ်သည်။[၅] ထိုသန္တာကျောက်တန်းကြီးကို ဘီလီယံပေါင်း မြောက်မြားစွာသော ကိုရယ်လ် ပေါ်လစ်ပ် (coral polyps) ခေါ် သန္တာကောင် ကလေးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၆] ထိုနေရာတွင် သက်ရှိပေါင်း မြောက်မြားစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ရွေးချယ်ခဲ့သည်။[၁][၂] စီအင်န်အင်န် သတင်းဌာနမှ ထိုနေရာကို ကမ္ဘာ့ သဘာဝ အံ့ဖွယ် ခုနစ်ပါး စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကွင်းစလန်း အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ကွင်းစလန်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။
ဓာတ်ပုံများ
[ပြင်ဆင်ရန်]-
ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရေသာ ကွင်းစလန်ပြည်နယ် ကမ်းရိုးတန်းနှင့် မဟာဘယ်ရီရာ သန္တာကျောက်တန်း တစ်စိတ်တစ်ဒေသ
-
မဟာဘယ်ရီရာ သန္တာကျောက်တန်း တောင်ဘက်ပိုင်းရှိ ဟီရွန်ကျွန်း
-
ရောင်စုံ သန္တာကျောက်တန်းများ
-
မဟာဘယ်ရီရာ သန္တာကျောက်တန်းပေါ်မှ အစိမ်းရောင် ပင်လယ်လိပ်တစ်ကောင်
-
မဟာဘယ်ရီရာ သန္တာကျောက်တန်းပေါ်မှ ကြယ်ငါး
-
ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရသော မြင်ကွင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ UNEP World Conservation Monitoring Centre (1980)။ Protected Areas and World Heritage – Great Barrier Reef World Heritage Area။ Department of the Environment and Heritage။ 11 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2009 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ The Great Barrier Reef World Heritage Values။ 3 September 2008 တွင် ပြန်စစ်ပြီး။
- ↑ Fodor's။ Great Barrier Reef Travel Guide။ 8 August 2006 တွင် ပြန်စစ်ပြီး။
- ↑ Department of the Environment and Heritage။ Review of the Great Barrier Reef Marine Park Act 1975။ 18 October 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2006 တွင် ပြန်စစ်ပြီး။
- ↑ Sarah Belfield (8 February 2002)။ Great Barrier Reef: no buried treasure။ Geoscience Australia (Australian Government)။ 1 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2007 တွင် ပြန်စစ်ပြီး။
- ↑ Sharon Guynup။ "Australia's Great Barrier Reef"၊ Science World၊ 4 September 2000။ 11 June 2007 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Wikimedia Commons ရှိ Great Barrier Reef နှင့်ပတ်သက်သော မီဒီယာများ
- How the Great Barrier Reef Works။ howstuffworks.com။
- Wikivoyage ရှိ Great Barrier Reef သို့ ခရီးသွားလမ်းညွှန်များ
- World heritage listing for Great Barrier Reef
- Great Barrier Reef Marine Park Authority
- CRC Reef Research Centre Archived 2 March 2014 at the Wayback Machine.
- Dive into the Great Barrier Reef။ National Geographic။
- Battle for the Reef - Four Corners - ABC.au
- The Great Barrier Reef - Queensland, Australia[လင့်ခ်သေ]