မဟာသိုက်ကုန်းတောရ ရိပ်သာ

ဝီကီပီးဒီးယား မှ

မဟာသိုက်ကုန်းတောရရိပ်သာကျောင်းသည် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းပြည်ခရိုင် ရွှေတောင်မြို့နယ် တွင်တည်ရှိပြီး ရွှေတောင်မြို့ ၏တောင်ဘက် (၉)မိုင်ခန့်အကွာ ၊ထန်းကုန်းကျေးရွာနှင့် ရန်ကုန် - ပြည်လမ်းမကြီး ၏အနောက်ဘက် ၂မိုင်ခန့် ကွာတွင်တည်ရှိပြီး(၁၂) ဧကကျော်ခန့်ကျယ်ဝန်းသော အင်တိုင်းတောအုပ်အတွင်း သီးခြား အဝန်းအဝိုင်ဖြင့်တည်ပြီး မြန်မာသက္ကရာဇ် (၁၂၉၅) ခုနှစ်ဦးပိုင်းတွင် ရိပ်သာစတင်တည်ထောင်သူ ဆရာတော်ဦးသီလ သည်ယခင်အခေါ် “တောကျောင်း”နေရာ၌ “တောရ ရိပ်သာ" တည်ထောင်ပြီး မဟာသိုက်ကုန်း တောရရိပ်သာ ဟုခေါ်စေကာ ဝိပဿနာတရား များကို လမ်းညွှန်ပြသတော်မူခဲ့သည်။

မဟာသိုက်ကုန်းတောရဓမ္မရိပ်သာ
မဟာသိုက်ကုန်းတောရ ရိပ်သာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဟာသိုက်ကုန်းတောရ ရိပ်သာ
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်18°34′27″N 95°14′12″E / 18.574230°N 95.236779°E / 18.574230; 95.236779ကိုဩဒိနိတ်: 18°34′27″N 95°14′12″E / 18.574230°N 95.236779°E / 18.574230; 95.236779
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံပြည်ခရိုင်ရွှေတောင်မြို့နယ် ၊ ထန်းကုန်းအုပ်စု

မဟာသိုက်ကုန်းတောရအမည်တွင်ခြင်း[ပြင်ဆင်ရန်]

မဟာသိုက်ကုန်းတောရ ရိပ်သာ ကျောင်း ၏ အနောက်ဘက်တွင် တောင်ကုန်းလေး တစ်ခုရှိပြီး “သိုက်ဝါး" များ ပေါများစွာ ပေါက်ရောက်လျက် ရှိသည်။ ထိုသိုက်ဝါးများပေါများသည့်တောင်ကုန်းကို အစွဲပြု၍ မဟာသိုက်ကုန်း ဟုခေါ်တွင်ခဲ့ကျပါသည်။

မဟာသိုက်ကုန်းတောရရိပ်သာ၏ထူးခြားမှုများသည်ရိပ်သာတည်နေရာသည် ကျေးရွာများနှင် ၂မိုင်ခန့်ဝေးကွားပြီး သီးခြားတည်ရှိသောကြောင့်တိတ်ဆိတ်၏။ ငြိမ်သက်၏။ အေးချမ်း၏။ သာယာနှစ်လိုဖွယ်အတိ ပြီး၏။ ပတ်ဝန်းကျင်တွင် ကျေးရွာများနှင့်လည်း အလှမ်းကွာ ၏။ သရက်ပင်၊ ဖန်ခါးပင်များရောယှက် လျက် အင်တိုင်းတောအတိဖြစ်သည်။ရိပ်သာသည်တစ်ယောက်ထဲတရားအားထုပ်ရသော ကမ္မဋ္ဌါန်း ကျောင်းများစ္စာရှိပြီးမဟာသိုက်ကုန်းတောရ ဘုရားကျောင်းသည်ရွှေတောင်မြို့နယ်အတွင်း အထင်ရှားဆုံး ဓမ္မရိပ်သာဘုရားကျောင်းတစ်ခုဖြစ်တယ်။မဟာသိုက်ကုန်းတောရကျောင်းဖွဲ့စည်းတည်ဆောက်ပုံသည်ဆရာတော်ဘုရား သီတင်းသုံးရာကျောင်းကို ဗဟိုပြုလျက် လေးဘက် လေးတန်တွင် ကမ္မဋ္ဌါန်းကျောင်းများ၊ သိမ်တော်၊ ဓမ္မာရုံ၊ ဆွမ်းချက်ဆောင် စသည်ဖြင့် ပတ်လည်ဝိုင်း လျက် တည်ရှိပြီးသစ်ပင်တွေက မြင့်မြင့်မားမားဖြင့်နေပြီးနေပြောက်မထိုးနိုင်အောင်ပင် အုံ့ဆိုင်းကာ ဆိတ်ငြိမ် အေးချမ်းလှသည့်ရိပ်သာကြီး တစ်ခုဖြစ်ပါသည်။ ရိပ်သာဖွင့်လှစ် သည့်ကာလနှစ်စဉ် တပေါင်းလဆန်း (၁) ရက်နေ့မှနတ်တော်လကွယ်နေ့ အထိ (၁၀လ) ဖြစ်ပြီးရိပ်သာပိတ်သည့်ကာလနှစ်စဉ် ပြာသိုလ်လဆန်း (၁) ရက်နေ့မှ ထပို့တွဲလကွယ်နေ့ အထိ (၂) လဖြစ်ပြီး ရိပ်သာဝင်သည် အဓိဋ္ဌါန်ရက်လာလ - (၁၀) ရက် အပြည့်ဖြစ်ပြီးဆရာတော်ဘုရားကြီး၏ အစီအမံအရ အဓိဋ္ဌါန်ရက် အပြောင်းအလဲ ရှိနိုင်ပါသည်။

မဟာသိုက်ကုန်း တောရရိပ်သာ၏ ဆောင်ပုဒ်

စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ နိဗ္ဗာန်အမြန်ရောက်

ရိပ်သာ၏အလုပ်အကျွေးအဖွဲ့များ[ပြင်ဆင်ရန်]

မဟာသိုက်ကုန်းတောရရိပ်သာတွင် ယောဂီများ ၏ဝေယျာဝစ္စ အလုံးအစုံကို ကုသိုလ်ယူလုပ်ကိုင်သော အမျိူးသမီးအလုပ်ကျွေးအဖွဲ့ နှင့် အမျိုးသားအလုပ်အကျွေးအဖွဲ့ဟု၍ဆရာတော်အစီမံဖြင့် နှစ်ဖွဲ့ထားရှိပြီးအမျိုးသမီးအလုပ်အကျွေးအဖွဲ့များသည် နေ့စဉ် နံနက် (၃)နညရီ ခန့်တွင် အိပ်ယာမှထရသည်။ ယောဂီ များအတွက် အာရုဏ်ဆွမ်းနေ့ဆွမ်း၊ ရေနွေးပွဲ၊ အချိုပွဲ များအချိန်မီပို့ဆောင်နိုင်ရန်၎င်းနောက်တစ် နေ့ အာရုဏ်ဆွမ်းအတွက် အဆင်သင့်ဖြစ်ရန် အတွက် တစ်နေ့လုံးနီးပါး ည (၉) နညရီအထိ လှုပ်ရှား ဆောင်ရွက်ကြပါသည်။ အမျိုးသားအလုပ်အကျွေးအဖွဲ့ (ကပ္ပိယ) များ သည်လည်း နံနက်အာရုဏ်ဆွမ်းပို့အမိ အိပ်ယာမှထကြရသည်။ ထို့နောက် ဆွမ်းပို့ပြန်လည်သိမ်းဆည်းယောဂီကျောင်းများ သောက်ရေဖြည့်၊ ကျောင်းဝင်းအတွင်းနေရာခွဲ၍ တံမြက်စည်းလှဲ၊ အမှိုက်သိမ်း၊အမှိုက်မီးရှို့စသော ထွေထွေတာဝန်များကို ကုသိုလ်ပြုဆောင်ရွက်ကြရသည်။


မဟာသိုက်ကုန်းတောရသမိုင်းကြောင်းများ[ပြင်ဆင်ရန်]

(၁)ဆရာတော် ဦးသီလ ရိပ်သာစတင်တည်ထောင်သူ

တာဝန်ထမ်းဆောင်ခြင်း (၁၂၉၅ မှ ၁၃၁၃) အထိ


မဟာသိုက်ကုန်းတောရ ရိပ်သာကျောင်းစတင်တည်ထောင်သူဆရာတော်ဦးသီလ သည် ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ ကံလှ ရွာဆရာတော် ဦးစန္ဒာသီရိ ထံတွင် ပညာဆည်းပူးခဲ့ပြီး ကံကုန်းကျောင်းသိမ်တွင် ရဟန်းဝတ်ပြီးဆရာတော်ဘုရားသည် မဲတောကျေးရွာအုပ်စု ရွာထင်ရွာ လက်ပံပင်ကျောင်းတိုက် ၊ ကြံ တောရွာကျောင်းတိုက်တွင်သီတင်းသုံးတော်မူခဲ့သည်။ဆရာတော်ဦးသီလသည် ငယ်စဉ် စာသင်သားဘဝ တွင် မန္တလေး၊ ပုခုက္ကူ၊ စစ်ကိုင်း၊ အမရပူရ (တောင်မြို့)၊ မော်လမြိုင်မြို့ စသည့်မြို့ကြီးများတွင်ပရိယတ္တိ စာပေများဆည်းပူးပြီးလယ်တီ၊ မိုးညှင်း၊ ဒီပဲယင်း၊ မူလမင်းကွန်းသထုံဇေတဝန် စသည့်ဆရာတော်ကြီးများထံမှောက်တွင် ဝိပဿနာနည်းနိဿယများ ခံယူကျင့်သုံး လျက် ကာလရှည်လျားစွာ ကိုယ်တိုင်ကျင့်ကြံအားထုတ် ခဲ့ပြီး ပြည်မြို့တစ်ဖက်ကမ်း ဖိုးဦးတောင်၊ ကန်ရှိကျေးရွာ၊ ချောင်းမကြီးကျေးရွာ စသောနေရာများသို့ လှည့်လည်လျက် ဝိပဿနာဓူရကို ကျင့် ဆောင်တော်မူခဲ့ပြီးမြန်မာသက္ကရာဇ်(၁၂၉၅) ခုနှစ်ဦးပိုင်းတွင် ယခင်အခေါ် “တောကျောင်း”နေရာ၌ “တောရ ရိပ်သာ" တည်ထောင်ပြီး "မဟာသိုက်ကုန်း တောရရိပ်သာ” ဟုခေါ်စေကာ ဝိပဿနာတရား များကို လမ်းညွှန်ပြသတော်မူခဲ့သည်။ဆရာတော်ဦးသီလသည် "မဟာသိုက်ကုန်း တောရရိပ်သာ” တွင် ဝိပဿနာဓူရကို ကျင့်ဆောင်တော်မူ နေစဉ်ကာလအတွင်း မြန်မာသက္ကရာဇ် (၁၃၁၃) ခုနှစ် ပြာသိုလဆန်း ၆ ရက်နေ့၊ ညနေ ၆ နာရီအချိန်၌ ဘဝနတ်ထံပျံလွန်တော်မူခဲသည်။


ရိပ်သာထိန်းသိမ်းစောင့်ရှောက်ရေးကာလများ


ဆရာတော်ပျံလွန်တော်မှူပြီးချိန်တွင်“ရိပ်သာကျောင်း"တွင် ရဟန်းအဖြစ် ဦးကောသလ္လ၊ ဦးဣန္ဒကတို့ရှိခဲ့ကြသည်။ ဆရာတော်ဦးသီလ ပျံလွန်တော်မူချိန်တွင် ရိပ်သာကို ဦးစီးလျက် ကမ္မဋ္ဌါန်းတရားများ လမ်းညွှန်ပြသနိုင်မည့် ဆရာတော် အဆင်သင့်မရှိခဲ့ပြီးယောဂီများအား ဝိပဿနာတရာများ လမ်းညွှန်ပြသနိုင်ရန်ဆရာတော်ဦးသီလထံ တွင် သတိပဌါန်တရားတော်များကို လက်တွေ့ဆည်းပူး ကျင့်ကြံခဲ့ဖူးသော တပည့်ယောဂီ ဆရာတော်ဦးပညာကိတ္ထိအား ရိပ်သာသို့ပင့်ဆောင်ခဲ့သည်။ဆရာတော်ဦးပညာကိတ္တိ သည် လက်ပံတန်းမြို့၊ ရွှေတောင်တိုက်မြတ်လေးရုံကျောင်းမှ ဖြစ်ပြီးဆရာတော်ဦးပညာကိတ္တိ သည် ရိပ်သာကိုစတင် တာဝန်ယူက်ခံတော်မူစဉ်ကပင် ကျန်းမာရေးကြောင့် (၁) နှစ်ခန့်သာ တာဝန်ယူနိုင်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၁၃) ခုနှစ်မကုန်မီမှာပင် "မဟာသိုက် ကုန်း တောရရိပ်သာကိုတာဝန်ယူစောင့်ရှောက်လျက် သတိပဌါန်တရားများကို ရှေးနည်းအတိုင်းဆက် လက် ညွှန်ပြခဲ့သည်။ရိပ်သာနှင့် ပတ်သက်သော အခြားကိစ္စကြီးငယ်တိုကို ဦးပဉ္ဇင်း ဦးကောသလ္လ နှင့် ဦးဣန္ဒကတို့ကကူညီဆာင်ရွက်ပေးခဲ့ပြီး မြန်မာသက္ကရာဇ်(၁၃၁၄) ခုနှစ်နှောင်းပိုင်းရောက်သည့် အခါတွင်ဆရာတော်ဦးပညာကိတ္တိသည် ကျန်းမာရေးချို့ယွင်းလာ သဖြင့် ရိပ်သာကို ဆက်လက်တာဝန်ယူနိုင်မည့် အခြားဆရာတော်တစ်ပါးပါးကို ရှာဖွေပင့်ဆောင် ရန်မိန် ကြားပြီးဆရာတော်ဦးပညာကိတ္တိ ၊ဆရာတော်ဦးကောသလ္လ တို့သည် နယ်မြေခံ သံဃာအကြီးအကဲများ ဖြစ် တော်မူကြသော ရွာထင်ဆရာတော် ဦးသူရိယ၊ အင်တိုင်းပုဆရာတော်ဦးသီလဝံသတို့အား လျောက်ထား ၍ကမ်းတင်အရှေ့ရွာကျောင်းတွင် သီတင်းသုံလျက်ရှိသောဆရာတော်ဦးကုဏ္ဍလအားလျောက်ထားတော်မူခဲ့ခြင်းကိုလက်ခံခဲ့ပြီးမြန်မာသက္ကရာဇ်(၁၃၁၄) ခုနှစ်ဦးပိုင်းတွင် ဆရာတော် ဦးပညာကိတ္တိဦးစီးလျက် ဆရာတော်ဦးသီလ၏ အထိမ်းအမှတ်စေတီကို ရိပ်သာအဝင်လမ်း၏ ဘေးဖက်တွင် တည်ထားကိုးကွယ်တော်မူလေသည်။


(၂)ဒုတိယ ပဓာနနာယက ဆရာတော် ဦးကုဏ္ဍလ

တာဝန်ထမ်းဆောင်ခြင်း ( ၁၃၁၄ မှ ၁၃၄၆ )အထိ


ဆရာတော်များနဲ့ ယောဂီများ လျောက်ထားခြင်းကို လက်ခံခဲ့ပြီးဆရာတော်ဦးကုဏ္ဍလသည် “မဟာသိုက်ကုန်းတောရ ရိပ်သာ"၏ ပဓာနနာယက တာဝန်ကို မြန်မာသက္ကရာဇ်(၁၃၁၄) ခုနှစ်၊ တပို့တွဲလဆန်း (၄) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ဆရာတော်သည်လည်း ဆရာတော်ကြီးဦးသီလထံတွင် သတိပဌါန်တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ ဆည်းပူးကျင့်ကြံ နည်းခံအားထုတ်ခဲ့သော တပည့်ယောဂီဖြစ်သည်။ ဆရာတော်ဦးကုဏ္ဍလ ပဓာနနာယကတာဝန်ယူပြီးနောက်တွင် ဆရာတော် ဦပညာကိတ္တိသည် လက်ပဲတန်းမြို့သို့ပြန် ကြွသွားပြီး ဦးကောသလ္လ နှင် ဦးဣန္ဒက တိုကက ပရိယတ္တိစာပေများသင်ယူရန် ရန်ကုန်မြို့သို့ ကြွသွားခဲ့ ကြသည်။ ထိုအချိန်မှစ၍ ဆရာတော် ”ဆရာတော်ဦးကုဏ္ဍလ”တစ်ပါးတည်းဖြင့် ရိပ်သာကို ဆက်လက် လည်ပတ်စေခဲ့ပြီးအခြားသံဃာတော်များ ကိုရင်သမဏေများ လုံးဝမရှိချေ။ ဆရာတော်ဦးကုဏ္ဍလ သည် ရှေးမူအတိုင်ပင် သတိပဌါန်တရားတော်များကို ခြောက်ဒွာရ၊ ခြောက်အာ ရုံ ရှုမှတ်ပုံဖြင့် ဆက်လက်လမ်းညွှန်ပြခဲ့သည်။

မဟာသိုက်ကုန်းတောရရိပ်သာကို ဆရာတော်ဦးကုဏ္ဍလ စတင်၍တာဝန်ယူစဉ်အချိန်မှစ၍ တစ်ယောက်ထဲတရားထုပ်ရသောကမ္မဋ္ဌါန်းကျောင်းငယ်များ (၁၀) ကျောင်းတည်ဆောက်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးရပ်ကို ကြားသိ၊ ကြည်ညိုကြသည့် ယောဂီများ တိုးပွားလာသည့်အလျောက် ကမ္မဋ္ဌါန်းကျောင်းများကို လည်း တိုးချဲ့လှူဒါန်းလာကြပြီးကမ္မဋ္ဌါန်းကျောင်းငယ်းပိုမိုများပြားတိုးပွါးလာခဲ့သည်။ထိုအချိန်က လျှစ်မီးများမရရှိသေးသဖြင့်ညအခါယောဂီများ ဖယောင်းတိုင်ဖြင့်သာ တရားအားထုတ်ကြရသည်။ ကျောင်းပတ်ဝန်းကျင်ကား တိတ်ဆိတ်လျက်မှောင်မဲလျက်ရှိသည်။ဆရာတော်ဦးကုဏ္ဍလ လက်ထက်တွင် ရိပ်သာဝင်ရန် အဓိဋ္ဌါန် ဝင်ရက်မှာ (၉) ရက်အပြည့်ဖြစ်သည်။ ရိပ်သာအတွင်းတရားအာထုပ်ကြသောယောဂီအားတရားစစ်ဆေးရန်အတွက်ဆရာတော်ကတရားစစ်ဆရာကြီး ၊ တရားစစ်သီလရှင်ဆရာကြီးများထားရှိပြီးနေ့စဉ်နေတိုင်းယောဂီတစ်ဦးချင်း ထံသို့ အရောက်လာ၍ တရားစစ်ဆေးသည်။ မဟာသိုက်ကုန်းတောရရိပ်သာတွင်ဆရာတော် ဦးကုဏ္ဍလတာဝန်ယူပြီးသည့်နောက် (၅) ဝါခန့်အရတွင် အောင်လံမြို့မှ ဦးတင်မောင်၊ ဦးထွန်းအေးတို့ ဦးဆောင်သော ယောဂီများစတင်ရောက်ရှိလာကြပြီးထိုစဉ်က ဦးထွန်းအေး၏ အသက်မှာ(၂၇) နှစ်ခန့်သာ ရှိသေးပြီးထိုအဖွဲ့သည် အခေါက်ခေါက်အခါခါ ရိပ်သာတွင် တရားအားထုတ်ခဲ့ကြသည်။ မိမိတို့နေအိမ်၊ ရပ်ရွာများသို့ ပြန်ရောက်လျင်လည်း သမ္ပဇဉ်တရားများသတိကပ်မှတ်ရှူ့နေကျပါသည်။နောက်ပိုင်း နှစ်များတွင် ဆရာတော်ဘုရားသည် ဦးထွန်းအေး အား ကမ္မဋ္ဌါန်းဆရာဖြစ်မည့်သူဟု အားပေးချီးမြှောက်လျက် ယောဂီများအားတရားစစ်မေးခြင်း၊ ကမ္မဋ္ဌါနူပြုပြင်ပေးခြင်းများကို လက်ထပ် သင်ကြားပြသပြီး၊ ဆရာတော်ကိုယ်စား ဆောင်ရွက်ခွင့်ပြုတော်မူခဲ့သည်။ အထူးသဖြင့် ဆရာတော်ကျန်း မာရေး ချွတ်ယွင်းလာသည့်နှစ် များတွင်ရိပ်သာတွင် ဆရာကြီးဦးထွန်းအေးသည်ကမ္မဋ္ဌါန်းဆရာဖြစ်ရိပ်သာကိုတာဝန်ယူဆောင်ရွက်ခဲ့ပြီးဆရာကြီးဦးထွန်းအေားသည် မဟာသိုက်ကုန်းတောရရိပ်သာ ၏ သာသနာ့တာဝန်များကို(၆၆)ကျော်နှစ်ကျော်ဆောင်ရွက်ခဲ့ပြီး အသက် (၉၀) ကျော်ချိန်တွင်ကျန်းမာရေးအရ အောင်လံမြို့ ကို ပြန်အနားယူခဲ့ပါသည်။ဆရာတော် ဦးကုဏ္ဍလသည်မြန်မာသက္ကရာဇ် (၁၃၄၃) ခုနှစ် နှောင်းပိုင်း မှစ၍ ကျန်းမာရေးလွန်စွာချို့ယွင်းလာပြီးပြင်းထန်လာပြီးဆရာတော်ဘုရားသည် မြန်မာသက္ကရာဇ် (၁၃၄၆) ခုနှစ် ကဆုန်လဆန်း (၅) ရက် နေ့တွင် ဘဝနတ်ထံပျံလွန် တော်မူခဲ့ပါသည်။


(၃)တတိယ ပဓာနနာယက ဆရာတော် ဦးသုစိတ္တ

တာဝန်ထမ်းဆောင်ခြင်း (၁၃၄၆ မှ ယနေ့အထိ)


ဆရာတော် ဦးကုဏ္ဍလပျံလွန်တော်မူပြီး နောက်ပိုင်း တွင်မှာပင် နယ်မြေခံဦးဆောင်ဆရာတော်များ၊ တပည့်ယောဂီကြီးများ ညှိနှိုင်း၍ဆရာတော်ဦးသုစိတ္တအားရိပ်သာတာဝန်များကို လက်ခံဆောင်ရွက်ပေးပါရန် လျှောက်ထားကြပါသည်။ဆရာတော်သည်ငယ်စဉ်အရွယ် အသက် (၁၀) နှစ်အရွယ်တွင် ကိုရင်ဘဝသိုရောက်ရှိပြီး အသက် (၁၇) နှစ် အရွယ်တွင် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ “မဟာဂန္ဓာရုံကျောင်း တိုက်" ၌ ပရိယတ္တိ စာပေများဆက်လက် ဆည်းပူးခဲ့ပြီးဖြစ်သည်။ဆရာတော်သည်အဘိဓမ္မာစာမေးပွဲများ၊ဓမ္မာစရိယစာချတန်းများ၊ပရိယတ္တိသာသနာ့ပါ လ စာမေးပွဲများကိုအောင်မြင်စ္စာဖြေခဲ့ပြီးဖြစ်သည်။ထိုအပြင်မန္တလေးမြို့၊ လေးပြင်ရပ်ရှိ စာချစာသင် ဆရာတော်များထံတွင် ပရိယတ္တိစာပေများဆက်လက်ဆည်းပူးခဲ့ရာ(၆) နှစ်ခန့်ကြာညောင်းခဲ့သည်။

ဆရာတော်ဦးသုစိတ္တသည် ဆရာတော်ဦးကုဏ္ဍလ လက်ထက်တွင် ဝိပဿနာတရားများကို နည်းခံကျင့်သုံးအားထုတ်ခဲ့ဖူးသည့်တပည့်ယောဂီဖြစ်သည်။ဆရာတော်ဦးသုစိတ္တကိုနယ်မြေခံဦးဆောင်ဆရာတော်များ၊ တပည့်ယောဂီကြီးများ၏လျှောက်ထားချက်အရရိပ်သာတာဝန်များကို လက်ခံတော်မူခဲ့ပြီးဆရာတော်ဦးသုစိတ္တသည်မဟာသိုက်ကုန်းတောရရိပ်သာ၏ တတိယဆရာတော် ပဓာနနာယက ဆရာတော်အဖြစ် မြန်မာသက္ကရာဇ်(၁၃၄၆) ခုနှစ် ဝါဆိုလဆန်း (၇) ရက်နေ့မှ စတင်ဆောင်ရွက်တော်မူခဲ့တွင်သာမက ပဲခူးတိုင်း ၊ ရွှေတောင်မြို့နယ် သံဃာ့နာယကအဖွဲ့၏ အကျိုး ဆောင်အဖြစ် သာသနာ့တာဝန်များကို ဆောက်ရွက်တော်မူလျက်ရှိသည်။ဆရာတော် ဦးသုစိတ္တသည် မဟာသိုက်ကုန်းတောရရိပ်သာ၏ ပဓာနနာယက အဖြစ်ယောဂီများ စွာကို နှစ်စဉ် သတိပဌါန်တရားတော်များ ပြသခဲ့ပြီးနေ့စဉ်နေ့တိုင်း ယခင်ကအတိုင်းတရားစစ်မေးခြင်းများပြုလုပ်ခဲ့ပြီးနိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ (သာသနာ့ညရေးဦးစီးဌါန) မှ ဆရာတော်ဘုရားအား ကမ္မဋ္ဌါန စရိယဘွဲ့ တံဆပ်တော်၊ မဟာကမ္မဋ္ဌါနစရိ ယ ဘွဲ့တံ ဆိပ်တော် နှင့် အဂ္ဂမဟာကမဋ္ဌါနစရိယ ဘွဲ့တံဆိပ်တော်တို့ ဖြင့် ကပ်လှူပူဇော်ဂုဏ်ပြုခဲ့ပါသည်။

ဆရာတော်ဦးသုစိတ္တ သည် မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်တွင် ရိပ်သာအဝင်မုဒ်ဦးဘေးရှိ မူလပထမဆရာတော်ဦးသီလ၏အထိမ်းအမှတ်စေတီ တော်ကို ပြန်လည်ပြုပြင်ပြီး “သာသနာ့ရောင်ခြည်ဓမ္မစေတီတော်" ဟု ကဗ္ဗည်းထိုးတည်ထားကိုးကွယ်တော်မူခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

[၁] [၂]

  1. မဟာသိုက်ကုန်းတောရရိပ်သာ၏လက်စွဲတော်စာအုပ် (၁၃၇၁ခုနှစ်)
  2. မဟာဗောဓိရုပ်သံလိုင်းမှထုတ်လွင့်ခြင်း (၂၀၁၆ခုနှစ်)