မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
ပုံပန်းသွင်ပြင်
မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ ဖြစ်သည်။ ဧရိယာ ၁၁၈၁ စတုရန်းကီလိုမီတာ (၄၅၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅ မီတာ မှ ၅၉၀ မီတာ (၄၇၆ ပေ မှ ၁၉၃၆ ပေ) အမြင့်တွင် တည်ရှိသည်။ ဤထိန်းသိမ်းရေးနယ်မြေကို ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့သည်။ တည်နေရာအားဖြင့် ကလေးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်း တည်ရှိသည်။