မဟာမိတ်နိုင်ငံများ (ပထမ ကမ္ဘာစစ်)

ဝီကီပီးဒီးယား မှ
(မဟာမိတ်များ (ပထမကမ္ဘာစစ်) မှ ပြန်ညွှန်းထားသည်)

ချစ်ကြည်ရင်းနှီးသောနိုင်ငံစု အင်အားများ သို့မဟုတ် မဟာမိတ်များ သည် ပထမကမ္ဘာစစ်အတွင်း ဗဟိုအင်အားစုများနှင့် စစ်ဖြစ်သော နိုင်ငံများ ဖြစ်ကြသည်။ သုံးနိုင်ငံစုတွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများသည် ပြင်သစ်သမ္မတနိုင်ငံဗြိတိသျှအင်ပါယာနှင့် ရုရှားအင်ပါယာတို့ ဖြစ်ကြသည်။ ၁၉၁၅ခုနှစ်တွင် အီတလီနိုင်ငံသည် ဗဟိုအင်အားစုနိုင်ငံများနှင့် ပူပေါင်းမှုကို ရပ်ဆိုင်းပြီး သုံးနိုင်ငံစုဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်။ ဂျပန်နိုင်ငံသည်လည်း အရေးပါသော အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ဘယ်လ်ဂျီယမ်ဆားဘီးယားဂရိမွန်တီနီဂရိုးနှင့် ရိုမေးနီးယားနိုင်ငံတို့သည်လည်း သုံးနိုင်ငံစု၏ ရိုးရိုးအဖွဲ့ဝင်နိုင်ငံများ ဖြစ်ခဲ့ကြသည်။

ဂျာမနီသည် အမေရိကန်၏ ကြားနေမှုကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းသယ်ယူပို့ဆောင်ရေးအား တိုက်ခိုက်ခြင်းနှင့် မက္ကဆီကိုသို့ ဇင်မာမန်းကြေးနန်းပို့ခဲ့ခြင်းတို့ဖြင့် ချိုးဖောက်ခဲ့သော ဖြစ်စဉ်များကြောင့် ၁၉၁၇ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဂျာမနီနိုင်ငံကို စစ်ကြေညာခဲ့သည်။ အမေရိကန်သည် foreign entanglements ကို ရှောင်လွှဲရန် ပြင်သစ်နှင့် ဗြိတိန်တို့၏ တရားဝင် မဟာမိတ်ဖြစ်မှုထက် တွဲဖက်အင်အားစု အနေဖြင့် စစ်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ အော်တိုမန်အင်ပါယာနှင့် ဘူလ်ဂေးရီးယားတို့သည် အမေရိကန်နှင့် ဆိုးရွားသောဆက်ဆံရေးရှိသော်လည်း စစ်မကြေညာခဲ့ပေ။