မဟာဒါန်ဝန်
မဟာဒါန်ဝန်
[ပြင်ဆင်ရန်]မဟာဒါန်ဝန်သည် မင်းနပြေည်တော်အနီးဝင်းကျင်ဒေသများတွင် ရဟန်သံဃာတော်များ ဝိနည်းသိက္ခါတော်တို့နှင့်အညီ ကျင့်ကြံမှုရှိမရှိစစ်ဆခြေင်း၊ သာသနာပြုဆရာတော်က ပေးရန်ရှိသည့် စာများကိုရေးသားသိကုန်းစီရင်ခြင်နှင့် ဝတ္တုကံမြေနှင့် စပ်လျဉ်းသည့်ကိစ္စအဝဝကို လုပ်ဆောင်ရသူဖြစ်သည်။ မဟာဒါန်ဝန်၏ အောက်တွင် မဟာဒါန်ဝန်စာရေးများကိုလည်း ခန့်အပ်ထားရှိသည်။
အလောင်းမင်းတရားလက်ထက်
[ပြင်ဆင်ရန်]အလောင်းမင်းတရား ( ၁၇၅၂ - ၁၇၆၀ ) လက်ထက်တွင် မဟာဒါန်ဝန်အဖြစ် အမှုထမ်းခဲ့သူမှာ သမန္တကျော်ထင်ဖြစ်၏။ မဟာဒါန်ဝန် သမန္တကျော်ထင်သည် အတုလဆရာတော်နှင့် ဘုရင်မင်းမြတ်တို့်အကြား အမေးအဖြေးများကိုလူးလာတုံ့ပြန် ပေးပိုသယ်ဆောင်ရသူ ဖြစ်သည်။ တစ်ကြိမ်တွင် မြန်အောင်မြို့သူကြီးငကလေးနှင့် အပေါင်းအပါတို့အား ဘုရားကျွန်အဖြစ်မှ ရုပ်သိမ်းရေး ကိစ္စကိုအတုလဆရာတော်ထံအမေးပုစ္ဆာများ လာရောက်မေးမြန်းလျှောက်ထားလေ့ရှိရာ သမန္တကျော်ထင်သည်ပင် ဦးပုံဖြစ်ဟန်ရှိသည်။
မဟာဒါန်ဝန်ဦးပညာ
[ပြင်ဆင်ရန်]ဗဒုံမင်း ( ဘိုးတော်ဘုရား) ( ၁၇၈၂ - ၁၈၁၉ ) နန်းတက်စတွင် ပိဠကတ်တော်အုပ် ဦပညာအား မဟာဒါန်ဝန်အရာခန့်အပ်ခဲ့သည်။ ဦးပညာသည် ပခန်းကြီးမြို့ဝန် ဦးမှိုင်း၏ ဖခင်ဖြစ်၏။ သို့သော် ဦးပညာမှာ တစ်နှစ်ခန့်သာ မဟာဒါန်ဝန်အဖြစ် အမှုထမ်းရွက်ခဲ့ဟန်တူသည်။
ရာထူးအပြောင်းအလဲ
[ပြင်ဆင်ရန်]ဗဒုံမင်းနန်းတက်စ ၁၇၈၃ ခုနှစ်၌ပင် ဘယနန္ဒသူအား မဟာဒါန်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။ မဟာဒါန်ဝန်ဘယနန္ဒသူသည်၁၇၈၃ ခုနှစ် နိုဝင်ဘာလနှင့် ၁၇၈၅ ခုနှစ် ဇူလိုင်လ တို့တွင် အမိန့်တော်အရ မောင်းထောင်းဆရာတော်ထံ အမေးပုစ္ဆာများ သွားရောက်မေးမြန်ခဲ့ရသည်။ နှစ်အနည်းငယ်အတွင်း မဟာဒါန်ဝန်ရာထူးအပြောင်းအလဲ ရှိခဲ့၏။ ဘယနန္ဒသူသည် ထိုစဉ်အတွင်း ကျန်းမာရေးဆိုးဝါး လာခဲ့ဟန်တူသည်။ ၁၇၈၉ ခု ဇူလိုင်လတွင် အလေးတင်တောင်ကိစ္စ လျှောက်ထားမေးမြန်းရာ၌မူ မဟာဒါန်ဝန်မှာ သီရိကျော်သူဖြစ်နပြေီဖြစ်၏။ ၁၈ စက်တင်ဘာ ၁၇၈၉တာင် ကျန်းမာရေးဆိုးဝါးမျုကြောင့် မဟာဒါန်ဝန်အဖြစ်မှ အနားယူခဲ့ဟန်တူသူ မဟာဒါန်ဘယနန္ဒသူ ကွယ်လွန်သွားသည်။ ဤတွင် သီရိကျော်သူမှာ ခေတ္တတာဝန်ယူခဲ့ရသည့် မဟာဒါန်ဝန်သာဖြစ်ဟန်ရှိ၏။ ဘယနန္ဒသူကွယ်လွန်သွားပြီးနောက် မဟာဒါန်ဝန်စာရေး ဦးရှမ်းပေါက်အား လက်ဝဲသင်္ခဘွဲ့အမည်ဖြင့် မဟာဒါန်ဝန်အရာ ခန့်အပ်လိုက်ပါသည်။
မဟာဒါန်ဝန်ဦးယာ
[ပြင်ဆင်ရန်]၁၈၀၁ ခုနှစ်၌ သီရိနန္ဒသင်္ကြန်ဘွဲ့ခံဦးယာအား မဟာဒါန်ဝန်ရာထူးခန့်အပ်ခဲ့ပြန်ပါသည်။ ဦးယာသည်စစ်တွင်းအားဖြင့် မြန်မာလူမျိုးမဟုတ်ပေ။ ယိုးဒယားနိုင်ငံ ဒွာရာဝတီမြို့၌ ၁၇၉၅ ခုနှစ်တွင်ဖွားမြင်ခဲ့သူဖြစ်သည်။ ရှင်ပညာသီဟဘွဲ့ဖြင့် ရဟန်းဝတ်ပြီး အမရပူရ အနောက်ကူကြီးကျောင်းတိုက်၌ သီတင်းသုံးခဲ့ရာ ကူကြီးဆရာတော်ဟု အမည်တွင်ခဲ့သည်။ ထို့နောက် လူထွက်ကာ ဗဒုံမင်းထံ ဝင်ရောက်အမှုထမ်းနေစဉ် မဟာဒါဝန်အဖြစ် ခန့်အပ် ခံခဲ့ရခြင်း ဖြစ်သည်။
ဘယနန်သူ
[ပြင်ဆင်ရန်]၂၅ ဇန်နဝါရီ ၁၈၁၂ တွင် ဘယနန်သူမအား မဟာဒါန်ဝန်အရာ ခန့်အပ်ပြန်ပါသည်။ ဗဒုံမင်းသည် လောကီအရေး၊ ဓမ္မရေးရာတို့၌ ပညာဗဟုသုတများသူဖြစ်ရာ မဟာဒါန်ဝန်များအားလည်း သူ့စိတ်ကြိုက်ပြောင်းလဲ ခန့်အပ်ခဲ့ဟန်ရှိသည်။
ရတနာပုံခေတ်
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်လယ်ပိုင်းကာလ မဟာဒါန်ဝန်များအမည်ကို ရှာဖွေမတွေ့ရပေ။ ၁၈၅၂ ခုနှစ် မင်းတုန်းမင်းသားနှင့် ညီတော် ကနောင်မင်းသားတို့ နောင်တော်ပုံဂံမင်းအား နန်းချရန် ရွှေဘိုသို့ထွက်ခွာစဉ်က ရွှေဘို၌ပင် ရာထူးအချို့ ခန့်အပ်ခဲ့ရာ မဟာဒါန်ဝန်နေမျိုး ဓမ္မသင်္ကြန်လည်း ပါဝင်သည်။ သို့သော် ၂ ဒီဇင်ဘာ ၁၈၅၂ တွင် နေမျိုးဓမ္မသင်္ကြန်ကို ရာထူးမှ ဖယ်ရှားလိုက်ကာ ဝတ်မြေဝန်ဗလကျော်ထင်အား မဟာ ဒါန်ဝန်အဖြစ် အစားထိုးခန့်အပ်ခဲ့၏။ မဟာဒါန်ဝန်ဗလကျော်ထင်အား ဦးပါလူက ရာထူးဆက်ခံခဲ့သည်ဟု မှန်းဆရသည်။
သီပေါမင်းလက်ထက်
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် မဟာဒါန်ဝန်တစ်ဦးမှာ နေမျိုးရာဇစည်သူဘွဲ့ခံ ဦးရွှေဝ ဖြစ်သည်။ မဟာဒါန်ဝန် ဦးရွှေဝသည် ကင်းဝန်မင်းကြီးဦးကောင်း၏ တပည့်ရင်းလည်း ဖြစ်၏။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်းပါတော်မူခဲ့ရခြင်းမှာ ကင်းဝန်မင်းကြီး၌ အဓိကတာဝန်ရှိကြောင်း ဆီးပန်နီဆရာတော်က ဧကပိုဒ်ရတုဖြင့် ရေးဖွဲ့ရာ ပြန်လည်တုံ့ပြန်ခဲ့သူ ဖြစ်သည်။