မာတိကာသို့ ခုန်သွားရန်

မလှူတတ် ဈေးရောင်း

ဝီကီပီးဒီးယား မှ

မလှူတတ် ဈေးရောင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မလှူတတ် ဈေးရောင်း” ဆိုသည်မှာ ငွေကြေးတတ်နိုင်မှု အခြေအနေကြောင့် အလှူဒါန အများအပြား မပြုလုပ်နိုင်ပါက ဈေးရောင်းသည့်အခါ ဝယ်သူများကို ဈေးနှုန်းသက်သာစွာ ရောင်းချခြင်း သို့မဟုတ် ပိုမို၍ ပေးခြင်းဖြင့် ကုသိုလ်ရရှိနိုင်သည်ဟု ဆိုလိုသည်။ အလှူဒါနပြုလုပ်ခြင်းသည် ကုသိုလ်ရရှိစေသော ကောင်းမှုတစ်ရပ်ဖြစ်သော်လည်း အခြားနည်းလမ်းများဖြင့်လည်း ကုသိုလ်ရရှိနိုင်ကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ ငွေကြေးမတတ်နိုင်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများမှတစ်ဆင့် သူတစ်ပါးကို ကူညီခြင်းဖြင့် ကုသိုလ်ရယူနိုင်ကြောင်းကို သွယ်ဝိုက်၍ ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ကြီးကြီးကျယ်ကျယ် မလှူနိုင် မတန်းနိုင်တောင် ဒီထမင်းဆိုင်ကလေးကို ဆီပေါပေါ၊ ဆန်ပေါပေါ ဝယ်နိုင်ခြမ်းနိုင်ပြီး ဖွင့်သွားပါရစေ၊ အမေတော့ ကျေနပ်ပြီ၊ မလှူတတ်ရင် ဈေးရောင်းလို့ဆိုတဲ့စကား ရှိတယ်မဟုတ်လား။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၄၈] ဓမ္မရသ။ ၁၁၉။