မာတိကာသို့ ခုန်သွားရန်

မရုယာမပန်းခြံ

ဝီကီပီးဒီးယား မှ
မရုယာမပန်းခြံ
Maruyama Park (円山公園 Maruyama kōen?)
ပန်းခြံတွင် ချယ်ရီပန်းများပွင့်နေပုံ
အမျိုးအစားUrban park
တည်နေရာKyoto, Japan
ကိုဩဒိနိတ်35°00′12″N 135°46′53″E / 35.00333°N 135.78139°E / 35.00333; 135.78139ကိုဩဒိနိတ်: 35°00′12″N 135°46′53″E / 35.00333°N 135.78139°E / 35.00333; 135.78139

မရုယာမပန်းခြံ သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ပန်းခြံတစ်ခု ဖြစ်သည်။ ဤပန်းခြံသည် ကျိုတိုမြို့တွင် ချယ်ရီပန်းပွင့်များကြည့်ချိန်တွင် အထူးထင်ရှားသည့် နေရာတစ်ခု ဖြစ်သည်။ ဧပြီလတွင် လူများထူထပ်စွာ လာရောက်လည်ပတ်ကြသည်။ ပန်းခြံတွင်ရှိသည့် "ရှိဒရဲဇခုရ" ဟု အမည်ပေးထားသည့် ချယ်ရီပန်းပင်သည် လာရောက်သူများကို အထူးဆွဲဆောင်သည့် နေရာဖြစ်ပြီး ညအချိန်တွင် မီးရောင်များထွန်းညှိထားသည်။ ထို့အပြင် ဤပန်းခြံသည် နှစ်သစ်ကူးပွဲတော်အချိန်၌လည်း အထူးစည်ကားသည်။

ပန်းခြံသို့ အဓိကဝင်ပေါက်မှာ ယဆကနတ်ကျောင်းမှတဆင့် ဝင်ရသည့်အပေါက် ဖြစ်သည်။ ယဆကနတ်ကျောင်းသည် ရှိဂျောလမ်းမ၏ အရှေ့ဘက်လမ်းအဆုံး ဂိအွန်းအရပ်တွင် တည်ရှိသည်။ ဤပန်းခြံသည် နိုင်ငံတော်က သဘာဝအလှအပများတည်ရှိရာနေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်းလည်း ခံရသည်။[၁]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 円山公園။ Agency for Cultural Affairs။ 10 February 2012 တွင် ပြန်စစ်ပြီး။