မရာလဲန်း
မရာစာပေ ရေးသားခြင်းအတွက် အသိပေးချက် Mara châ rohna liata pahnosana Mara châ rohna liata rairuna na hnei khiah, Mara Keyboard Download mah y.
|

မရာလဲန်း (အင်္ဂလိပ်: Maraland, မရာ: Mararâh) သို့မဟုတ် မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ (Mara Autonomous District Council - MADC) သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ အရှေ့တောင်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုဖြစ်သည်။ ထိုဒေသသည် ပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ (၃) ခုအနက် တစ်ခုဖြစ်ပြီး၊ မရာလူမျိုးများ အများဆုံး စုစည်းနေထိုင်ရာ သမိုင်းဝင်ဒေသလည်း ဖြစ်သည်။
လူမျိုး (The People)
[ပြင်ဆင်ရန်]မရာလဲန်းတွင် နေထိုင်သူ အများစုမှာ မရာလူမျိုး (Mara people) များ ဖြစ်ကြသည်။ ပြင်ပလူများက ၎င်းတို့ကို လခဲ (Lakher) ဟု ခေါ်ဆိုလေ့ရှိသော်လည်း၊ ၎င်းတို့ကိုယ်တိုင်ကမူ "မရာ" ဟူသော အမည်ကိုသာ ဂုဏ်ယူစွာ အသုံးပြုကြသည်။ မရာလူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သေချာစွာ ထိန်းသိမ်းထားကြပြီး ဒေသခံအများစုမှာ ခရစ်ယာန်ဘာသာကို အဓိက ကိုးကွယ်ကြသည်။
ဘာသာစကား (Language)
[ပြင်ဆင်ရန်]ဒေသတွင်း အဓိကပြောဆိုသော ဘာသာစကားမှာ မရာဘာသာစကား (အင်္ဂလိပ်: Mara language, မရာ: Mara reih) ဖြစ်ပြီး၊ MADC ၏ တရားဝင် ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ပညာရေးနှင့် အစိုးရရုံးလုပ်ငန်းများ၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် မရာစာ အပြင် အင်္ဂလိပ်စာနှင့် မီဇိုဘာသာစကား (အင်္ဂလိပ်: Mizo language, မရာ: Maw reih) ဘာသာစကားတို့ကိုလည်း တွဲဖက် အသုံးပြုကြသည်။
အုပ်ချုပ်ရေးနှင့် မြို့နယ်များ (Administration and Townships)
[ပြင်ဆင်ရန်]မရာလဲန်း၏ အုပ်ချုပ်ရေးရုံးစိုက်ရာ အဓိကမြို့မှာ ဆိုက်ဟားမြို့ ({{lang-mrh|Siaha}) မြို့ ဖြစ်သည်။ ဆိုက်ဟားမြို့သည် မီဇိုရမ်ပြည်နယ်တွင် တတိယအကြီးဆုံးမြို့ ဖြစ်ပြီး၊ ကုန်သွယ်ရေးနှင့် ပညာရေးအတွက် အချက်အချာကျသော မြို့တစ်မြို့ ဖြစ်သည်။ ဒေသကို ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဘလောက် (Blocks) များအဖြစ် ခွဲခြားထားပြီး တီပါမြို့ (မရာ: Tipa) သည်လည်း အရေးပါသော မြို့နယ်အဆင့် ဒေသတစ်ခု ဖြစ်သည်။
ကျေးရွာများ (Villages)
[ပြင်ဆင်ရန်]မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (MADC) အတွင်းတွင် ကျေးရွာကောင်စီ (Village Councils) ပေါင်း ၆၀ ကျော် ရှိသည်။ ထင်ရှားသော ကျေးရွာအချို့မှာ ဖူရာ (မရာ: Phura), ဗဟီးယား ({Vahia}), လို့ပူး (မရာ: Lopu) နှင့် ကျာခေ (မရာ: Chakhei) တို့ဖြစ်ကြသည်။ ကျေးလက်ဒေသ နေထိုင်သူအများစုသည် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။
ပထဝီဝင်နှင့် အထင်ကရနေရာများ (Geography and Landmarks)
[ပြင်ဆင်ရန်]မရာလဲန်းဒေသသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မီဇိုရမ်ပြည်နယ်၏ အကြီးဆုံးရေကန်ဖြစ်သော ပါလာကန် (Palâ tipo) သည် မရာလဲန်း ဒေသအတွင်းရှိ ဖူရာ (မရာ: Phura) ရွာအနီးတွင် တည်ရှိပြီး သဘာဝအလှအပများကြောင့် ထင်ရှားသည်။ ထို့အပြင် ကုလားတန်မြစ် (မရာဘာသာဖြင့် မရာ: Beino ဟုခေါ်သည်) သည် ဤဒေသ၏ အရေးပါသော ရေကြောင်းလမ်းနှင့် သဘာဝနယ်နိမိတ်တစ်ခု ဖြစ်သည်။