မပြည့်သည့်အိုး ဘောင်ဘင်ခတ်

ဝီကီပီးဒီးယား မှ

မပြည့်သည့်အိုး ဘောင်ဘင်ခတ် သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ရေမပြည့်သည့် အိုးသည် သယ်ယူရာ၌ ဘောင်ဘင်ခတ်၍ အသံမြည်သကဲ့သို့ မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်း မရှိပေ။

"ရေမပြည့်သား၊ အိုး၏ပမာ၊ သွက်သွက်ခါနှင့်၊" [၁၂၆၆] မဃ *၂၃၉

"လူမိုက်သည် ရေမပြည့်သောအိုးကဲ့သို့ ဘောင်ဘင်ခတ်သည်။ နက်နဲ တည်ကြည်သော ပညာရှိမူကား ရေအိုင်ကဲ့သို့ အစဉ်သဖြင့် ငြိမ်သက်၍ နေသည်။" [၁၃၂၀] မြဝတီ၊ ၆၊ ရ။ ၁၈၁။

ကိုးကား[ပြင်ဆင်ရန်]