မန်ဟောက်နျန်
တရားလွှတ်တော်တရားသူကြီး မန်ဟောက်နျန် | |
|---|---|
Man Hau Niang | |
| ချင်းပြည်နယ် တရားလွှတ်တော် တရားလွှတ်တော်တရားသူကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဖေဖော်ဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဟားခါးခရိုင်တရားရုံး | |
| တာဝန်သက်တမ်း ၁၀ မတ် ၂၀၂၀ – ၈ ဖေဖော်ဝါရီ ၂၀၂၁ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မေ ၈၊ ၁၉၆၁ |
| မိဘ | သီရိပျံချီ ဦးထောင်းကျင်းထန် |
| မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (LLB) |
တရားသူကြီး ဒေါ်မန်ဟောက်နျန် (အင်္ဂလိပ်: Man Hau Niang) ကို ၁၉၆၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး၊ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ သူမ၏ ဖခင်မှာ သီရိပျံချီ ဦးထောင်းကျင်းထန် ဖြစ်သည်။[၁]
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာများကို မန္တလေး၊ မြစ်ကြီးနားနှင့် ဒဂုံမြို့နယ်ရှိ အထက်တန်းကျောင်းများတွင် သင်ယူခဲ့ပြီး၊ ၁၉၈၄-၁၉၈၅ ပညာသင်နှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ LL.B ဘွဲ့ကို ရရှိခဲ့သည်။
အရာထမ်းဘဝ
[ပြင်ဆင်ရန်]ဒေါ်မန်ဟောက်နျန်သည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တရားရေးဝန်ထမ်းအဆင့်-၄ အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ချင်းပြည်နယ်၊ ဟားခါးခရိုင်၏ ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်အထိ တရားရေးဝန်ထမ်းအဖြစ် ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃၄/၂၀၂၁) အားဖြင့် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့ပြီး၊ ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ တရားသူကြီး ဒေါ်မန်ဟောက်နျန်။ High Court of Chin State။ 2025-6-7 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-7 တွင် ပြန်စစ်ပြီး။