ရှင်သာသနဇောတ
ပုံပန်းသွင်ပြင်
(မန်ကျည်းတောဆရာတော် မှ ပြန်ညွှန်းထားသည်)
ရှင်သာသနဇောတ (၁၁၃၇ - ၁၂၀၉) သည် “မန်ကျည်းတောဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၃၇ ခုနှစ်တွင် အလုံမြို့၊ ကင်းစမ်းရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဝန်း ဖြစ်သည်။
အရွယ်ရောက်သည့်အခါ “ရှင်သာသနဇောတ” ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ရတနပူရစတုတ္ထမြို့တည် မင်းတရားလက်ထက်တွင် မိတ္ထိလာမိဖုရားက ကိုးကွဠ်ခဲ့သည်။ အင်းဝမြို့ အနောက်တောင်ထောင့်တွင် မိဖုရားက သုံးထပ်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် ဆရာတော်သည် သီတင်းသုံးခဲ့သည်။
ညီတော်မင်းတရားလက်ထက်သို့ ရောက်သည့်အခါ စစ်ကိုင်းမြို့၊ ကျောက်အိုးချောင်တောရကျောင်းတွင် တောရဆောက်တည်ခဲ့သည်။
ဆရာတော်သည် “သီရိဂုဏာဘိလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၂၀၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ [၁]
မှတ်စု
[ပြင်ဆင်ရန်]- ↑ ရတုများ ဖွဲ့ဆိုသော မန်ကျည်းတောဆရာတော်ဘွဲ့ကို “ရှင်သာသနဓဇ” ဟု ပိဋကတ်တော်သမိုင်းတွင် ပြသည်။