မာတိကာသို့ ခုန်သွားရန်

မန္တလေးမြို့ပြတိုက်ပွဲ

ဝီကီပီးဒီးယား မှ
မန္တလေး မြို့ပြတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)နှင့် အညာ စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်း
မန္တလေးမြို့ပြတိုက်ပွဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မန္တလေးမြို့ပြတိုက်ပွဲ
မန္တလေးမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ

မန္တလေးမြို့ပြတိုက်ပွဲ
ရက်စွဲ၂၂ ဇွန် ၂၀၂၁
နေရာ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်မန္တလေးမြို့
21°56′26″N 96°06′30″E / 21.9405°N 96.1082°E / 21.9405; 96.1082ကိုဩဒိနိတ်: 21°56′26″N 96°06′30″E / 21.9405°N 96.1082°E / 21.9405; 96.1082
ရလဒ် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး၊ PDF ဘက်မှ ၄ ဦးသေဆုံးကာ ၈ ဦး ဖမ်းဆီးခံခဲ့ရသည်။
စစ်ရင်ဆိုင်သူများ
တပ်မတော် Mdy-PDF
တပ်မှူးများနှင့် ခေါင်းဆောင်များ
ဒုဗိုလ်မှူးကြီး အောင်မျိုးကျော် ဗိုလ်ဇီးကွက်
စစ်အင်အား
အင်အားအလုံးအရင်း ရဲဘော် ၁၂ ဦးခန့်
အသေအပျောက်
၃ ဦး သေဆုံး (ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး နှင့် စစ်သည် ၁ ဦး) ၄ ဦး သေဆုံး၊ ၈ ဦး ဖမ်းဆီးခံရ

မန္တလေး မြို့ပြတိုက်ပွဲ (သို့မဟုတ်) ချမ်းမြသာစည် မြို့တွင်းတိုက်ပွဲ သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော တပ်မတော် နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mdy-PDF) တို့အကြား ပထမဆုံးသော အပြန်အလှန် ပစ်ခတ်မှုဖြစ်သည်။ ဤတိုက်ပွဲသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၄၀ ကျော်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တောတောင်ဒေသများမှ မြို့ကြီးများပေါ်သို့ ပထမဆုံး တော်လှန်ရေးအရှိန် ကူးစက်လာသည့် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။[][][]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအရာရှိ (A1) ဒုဗိုလ်မှူးကြီး အောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် အိမ်စီးကားတစ်စီးဖြင့် မန္တလေးမြို့၊ ၅၄ လမ်း၊ ၁၁၁ နှင့် ၁၁၂ လမ်းကြားရှိ PDF များ အခြေပြုရာ နှစ်ထပ်အိမ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် နေအိမ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေမည်ဟု မထင်မှတ်ဘဲ ခြံတံခါးကို အော်ဟစ်ဖွင့်လှစ်ကာ ဝင်ရောက်ရန် ကြိုးပမ်းစဉ် အိမ်အပေါ်ထပ်မှ PDF တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦးတို့မှာ တိုက်ပွဲစတင်စဉ်ကတည်းက သေဆုံးခဲ့သည်။[]

အရာရှိကြီးများ သေဆုံးသွားပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကားအများအပြား ရောက်ရှိလာပြီး RPG ကဲ့သို့သော ပေါက်ကွဲအားပြင်း လက်နက်များကို အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုမှာ နာရီနှင့်ချီ၍ ကြာမြင့်ခဲ့ပြီး လူနေရပ်ကွက်အတွင်းရှိ နေအိမ်အချို့ တုန်ခါမှုများ ဖြစ်ပေါ်ခဲ့သည်။[]

တစ်ချိန်တည်းတွင် မန္တလေးမြို့ ၅၃ လမ်းပေါ်၌ ပါကျဲရိုး အဖြူရောင် မော်တော်ယာဉ်တစ်စီးသည် လက်နက်ငယ်များ အသုံးပြု၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ဖမ်းဆီးစဉ် အဆိုပါကားသည် ၁၁၀ လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာအား အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ PDF တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးသွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။[]

ထိခိုက်ကျဆုံးမှုများ

[ပြင်ဆင်ရန်]

စစ်ကောင်စီသည် ၎င်းတို့ဘက်မှ အကျအဆုံးများကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စစ်ဘက်သတင်းရင်းမြစ်များနှင့် ဒေသခံများ၏ အတည်ပြုချက်အရ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော် (စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ဆင်း၊ စီမံအုပ်ချုပ်ရေးအရာရှိ - A1): ၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်သည်။ထို့အပြင် ဗိုလ်ကြီး တစ်ဦး (စစ်ဘက်ရေးရာ လုံခြုံရေးတပ် - စရဖ) နှင့် အခြားအဆင့် စစ်သည် တစ်ဦး တို့ ဖြစ်ကြသည်။[]

တိုက်ပွဲအတွင်း Mdy-PDF ဘက်မှ ရဲဘော် ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။[]

သတင်းပေါက်ကြားမှုနှင့် သုံးသပ်ချက်

[ပြင်ဆင်ရန်]

Mdy-PDF များ အခြေပြုရာနေရာ သတင်းပေါက်ကြားသွားခြင်းမှာ မေလ ၂၁ ရက်နေ့က မန္တလေးမြို့ပြင်ရှိ သရက်ခြံတစ်ခုတွင် စစ်သင်တန်းပေးနေသည့် PDF များ ဝင်ရောက်စီးနင်းခံရစဉ် CDM အရာရှိများဖြစ်သည့် ဗိုလ်မင်းခန့်ကျော်နှင့် ဗိုလ်စိုးဝေလှိုင်တို့ အဖမ်းခံရခြင်းနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြသည်။[]

နောက်ဆက်တွဲနှင့် တုံ့ပြန်မှုများ

[ပြင်ဆင်ရန်]

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း Mdy-PDF သည် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် "မြို့ပြတိုက်ပွဲစပြီ" ဟု ကြေညာခဲ့ပြီး ပြည်သူများထံမှ အကူအညီ တောင်းခံခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့က အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ မန္တလေးမြို့သည် အာဏာသိမ်းမှုကို လမ်းပေါ်တွင် ပထမဆုံး ဆန္ဒပြခဲ့သည့် မြို့ဖြစ်သကဲ့သို့ ယခုတိုက်ပွဲသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း မန္တလေး မြို့ပြအတွင်း အပြင်းထန်ဆုံး အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့သည်။[၁၀]

ဆက်စပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "မန္တလေး ချမ်းမြသာစည် မြို့တွင်းတိုက်ပွဲ" (in my)၊ BBC News မြန်မာ
  2. ဧရာဝတီ (2021-06-22)။ မန္တလေး PDF ၏ အခြေစိုက်ရုံးခန်းအား အာဏာသိမ်းတပ် စီးနင်း (in en-US)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  3. ခင်ခင်အိ (2021-06-22)။ မန္တလေး မြို့တွင်းတိုက်ပွဲ PDF ဘက်က သုံးဦးကျဆုံးကြောင်း အတည်ပြု (in my)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  4. ဧရာဝတီ (2021-06-22)။ စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ (in en-US)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  5. မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ယင်းဖြစ်စဉ်၌ သေဆုံးသူ ရှစ်ဦးရှိပြီး လက်လုပ်မိုင်း၊ လက်ဗစ်ဗုံး၊ လက်နက်ငယ်အချို့နှင့် ရှစ်ဦး ဖမ်းမိ (in my)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  6. မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက်သူ တချို့အား လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊လက်နက်ငယ်များနှင့်အတူ ဖမ်းဆီးရမိ | Ministry Of Information (in en)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  7. ဧရာဝတီ (2021-06-23)။ စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ် (in en-US)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  8. Now၊ Myanmar (0001-11-30)။ မန္တလေးတွင် စစ်ကောင်စိစစ်ကြောင်းမှူးနှင့် စစ်သားတချို့ သေဆုံး (in en-US)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  9. ခင်မောင်စိုး (2021-06-22)။ မန္တလေးတိုက်ပွဲ စစ်ကောင်စီ ဒု-ဗိုလ်မှူးကြီး ကျဆုံး (in my)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  10. အောင်မြတ်သူ (2021-06-22)။ ပစ်ခတ်မှုအပြီး မန္တလေးလုံခြုံရေးတင်းကြပ် (in my)။ 2026-05-11 တွင် ပြန်စစ်ပြီး။