မတောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| မတောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု | |
|---|---|
| ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း၊ပြည်သူ့ခုခံတော်လှန်စစ်နှင့် အညာ စစ်မြေပြင် ၏ တစ်စိတ်တစ်ပိုင်း | |
မင်းကင်းမြို့နယ်အတွင်း မတောကျေးရွာ တည်နေရာ | |
| နေရာ | မတောကျေးရွာ၊ မင်းကင်းမြို့နယ် |
| ကိုဩဒိနိတ် | 22°31′52″N 94°29′29″E / 22.5312°N 94.4915°Eကိုဩဒိနိတ်: 22°31′52″N 94°29′29″E / 22.5312°N 94.4915°E |
| ရက်စွဲ | ၃ ဇွန် ၂၀၂၄ မနက် ၈ နာရီကျော် |
| ပစ်မှတ် | မင်္ဂလာဆောင်ပွဲ တက်ရောက်နေသည့် အရပ်သားပြည်သူများ |
| တိုက်ခိုက်မှု အမျိုးအစား | လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း |
| လက်နက်များ | ပေါင်ချိန်ပြင်းအားမြင့်ဗုံး (၂) လုံး |
| သေဆုံးသူဦးရေ | ၂၈ ဦး (ကလေးငယ်များ ပါဝင်) |
ဒဏ်ရာရဦးရေ | ၅၄ ဦးထက်မနည်း |
| ပြစ်မှုကျူးလွန်သူများ | |
| |
မတောရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ထိုဖြစ်စဉ်သည် မတောကျေးရွာ၌ မင်္ဂလာဆောင် ထမင်းကျွေးပွဲ ကျင်းပနေစဉ် တပ်မတော်(လေ)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်သည်။[၁][၂][၃]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]မတောကျေးရွာသည် မင်းကင်းမြို့တစ်ဖက်ကမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိသည်။ အဆိုပါ ဖြစ်စဉ်မတိုင်မီ ကာလများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များ၏ စစ်ရေးဖိအားပေးမှုနှင့် ပိတ်ဆို့မှုများကြောင့် မင်းကင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပြည်သူ့စစ် (ပျူစောထီး) အားကောင်းသော ကျေးရွာများမှာ ရိက္ခာစုဆောင်းခြင်းနှင့် စီးပွားရေးအရ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။[၄][၅]
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်တွင် မတောကျေးရွာ၌ မင်္ဂလာဆောင် ထမင်းကျွေးပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးက ရွာအတွင်းသို့ ပေါင်ချိန်ပြင်းအားမြင့် ဗုံး ၂ လုံး ကြဲချခဲ့သည်။ ဗုံးတစ်လုံးမှာ မင်္ဂလာဆောင်အိမ်နှင့် မင်္ဂလာမဏ္ဍပ်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံးမှာ မင်္ဂလာဆောင်အိမ်အနီးသို့ ကျရောက်ခဲ့သည်။ မြေကြီးမာနေသည့် အခြေအနေကြောင့် ဗုံးအစအနများ ပတ်ဝန်းကျင်သို့ ပိုမိုပျံ့နှံ့သွားခဲ့ရာ လူထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်သည်။[၆]
တိုက်ခိုက်မှုကြောင့် မင်္ဂလာဆောင်အိမ်နှင့် အနီးနားရှိ နေအိမ်အချို့ ပျက်စီးခဲ့ပြီး ပွဲတက်ရောက်နေသူများနှင့် အရပ်သား ၂၉ ဦး သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီလိုလားသော တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါ မင်္ဂလာဆောင်သည် PDF ခေါင်းဆောင်တစ်ဦး၏ မင်္ဂလာပွဲဖြစ်ပြီး မင်းကင်းမြို့ကို တိုက်ခိုက်ရန် ဆွေးနွေးနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့ကြသော်လည်း၊ မြေပြင်ကူညီရေးအဖွဲ့များနှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) ခေါင်းဆောင်များ၏ ပြောကြားချက်အရ သတို့သမီးမှာ ရွှေမျောလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးသာဖြစ်ပြီး တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ ရောက်ရှိနေသည်ဟူသော သတင်းမှားကြောင့် ဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် သတို့သားနှင့် သတို့သမီးမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့သည်။[၇]
နောက်ဆက်တွဲနှင့် ကယ်ဆယ်ရေး
[ပြင်ဆင်ရန်]ထို ဖြစ်စဉ်သည် သေဆုံးသူအရေအတွက် ၂၈ ဦးအထိ ရှိခဲ့သည်။ယင်းအပြင် ဒဏ်ရာရသူ ၅၄ ဦးထက်မနည်း ရှိခဲ့ပြီး၊ ၎င်းတို့ထဲမှ ၁၂ ဦးသည် ပြင်းထန်ဒဏ်ရာ ရခဲ့သည်။လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒေသခံများမှာ ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဒဏ်ရာရရှိသူများကို ခေါ်ဆောင်ကာ တောတောင်များအတွင်းသို့ တိမ်းရှောင်ခဲ့ကြသည်။ မြေပြင်ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေချိန်တွင် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ မင်းကင်းမြို့တွင်းမှ စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးများဖြင့် လှမ်းမျှော်ပစ်ခတ်ခြင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူ့စစ် (ပျူစောထီး) ကျေးရွာများဖြစ်သော ပန်းဆက်ရွာနှင့် တောင်ဖြူရွာများဘက်မှ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကြောင့် လူနာသယ်ယူပို့ဆောင်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဇွန်လ ၃ ရက် ညနှောင်းပိုင်းအထိ ကြန့်ကြာခဲ့ရသည်။ သေဆုံးသူများ၏ ဈာပနကို ဇွန်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။[၈]
သေဆုံးခဲ့သည့် အရပ်သားပြည်သူများစာရင်း
[ပြင်ဆင်ရန်]စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အတည်ပြု အရပ်သားပြည်သူ ၂၈ ဦး၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။[၉]
| အမှတ် | အမည် | အသက် | နေရပ်လိပ်စာ | မှတ်ချက် |
|---|---|---|---|---|
| ၁ | ဖိုးလပြည့် | ၁၂ နှစ် | ယုံသာကျေးရွာ | ကလေးငယ် |
| ၂ | ဦးမောင်ကြီး | ၅၅ နှစ် | ယုံသာကျေးရွာ | |
| ၃ | မစုစံ | ၂၃ နှစ် | ယုံသာကျေးရွာ | |
| ၄ | ဒေါ်ညွန့်ကြည် | ၆၂ နှစ် | ပုထိုးလုံးရွာ | |
| ၅ | ဒေါ်မြတင် | ၇၁ နှစ် | ကျွန်းတော်ကျေးရွာ | |
| ၆ | ကိုတူးနိုင် | ၂၉ နှစ် | ပျဉ်းပင်မှော်ကျေးရွာ | |
| ၇ | မထားထား | ၃၂ နှစ် | ကလေး၀ကျေးရွာ | |
| ၈ | ဦးမင်းမင်း | ID ၅၇ နှစ် | မတောကျေးရွာ | |
| ၉ | ဦးဆွေဇင်ဦး | ၅၀ နှစ် | မတောကျေးရွာ | |
| ၁၀ | ဒေါ်ခင်မျိုးကြည် | ၄၇ နှစ် | မတောကျေးရွာ | |
| ၁၁ | ကိုကျော်ကျော်ဦး | ၂၈ နှစ် | မတောကျေးရွာ | |
| ၁၂ | ဒေါ်ရွှေကြည် | ၆၅ နှစ် | မတောကျေးရွာ | |
| ၁၃ | ဦးကျော်မင်းထွဋ် | ၃၅ နှစ် | မတောကျေးရွာ | |
| ၁၄ | ဦးယမင်းသူ | ၃၈ နှစ် | မတောကျေးရွာ | မဇင်မာသူ/မချမ်းမေ တို့၏ ဖခင် |
| ၁၅ | ဒေါ်ခင်ထွေးကြည် | ၃၅ နှစ် | မတောကျေးရွာ | |
| ၁၆ | ဦးယမင်းသူ၏သမီး | ၂ နှစ် | မတောကျေးရွာ | ကလေးငယ် (အမည်မသိရ) |
| ၁၇ | ဦးဇင်ကိုဦး | ၃၄ နှစ် | မတောကျေးရွာ | |
| ၁၈ | ဦးမင်းသူ | ၃၉ နှစ် | မတောကျေးရွာ | |
| ၁၉ | ကိုကျော်သူရ | ၂၀ နှစ် | မတောကျေးရွာ | |
| ၂၀ | မဇင်မာသူ | ၁၀ နှစ် | မတောကျေးရွာ | ကလေးငယ် |
| ၂၁ | မဇင်မာလင်း | ၁၈ နှစ် | မတောကျေးရွာ | |
| ၂၂ | ဦးအဲသိန်း | ၄၅ နှစ် | မတောကျေးရွာ | |
| ၂၃ | မောင်ဖြိုးဇာနည်သိန်း | ၁၈ နှစ် | မတောကျေးရွာ | |
| ၂၄ | မောင်စိုင်းထက်အောင် | ၈ နှစ် | မတောကျေးရွာ | ကလေးငယ် |
| ၂၅ | ဒေါ်မိပန့် | ၅၅ နှစ် | မတောကျေးရွာ | |
| ၂၆ | ကိုလင်းဇော် | ၃၈ နှစ် | မတောကျေးရွာ | |
| ၂၇ | ဒေါ်စန်းနွဲ့ | ၅၇ နှစ် | မတောကျေးရွာ | |
| ၂၈ | မချမ်းမေ | ၄ နှစ် | မတောကျေးရွာ | ကလေးငယ် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ မင်းကင်းက မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၂၉ ဦးရှိ (in my) (2024-06-03)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ သေတွင်းကလွတ်သူ သတို့သမီးပြန်ပြောပြတဲ့ မင်းကင်း၊ မတောရွာမင်္ဂလာဆောင်ဗုံးကြဲခံရမှု (in my) (2024-06-12)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2024-06-04)။ မင်းကင်းမြို့မှ မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ ၂၈ ဦးအထိတိုးလာ (in en-US)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ မတောရွာမင်္ဂလာဆောင်ဗုံးကြဲတိုက်ခိုက်မှု စစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်ဟု NUG ဝန်ကြီးပြော (in en)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-06-03)။ မင်းကင်းမှာ မင်္ဂလာပွဲ ဗုံးကြဲခံရပြီး လူနှစ်ဆယ်ကျော်သေဆုံး (in my)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-06-04)။ မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၂၈ ဦးအထိရှိလာ (in my)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ ဟန်သစ် (2024-06-05)။ လူ ၃၀ခန့် သေဆုံးခဲ့ရသည့် မင်္ဂလာဆောင်ဗုံးကြဲခံရမှု ဖြစ်စဉ် (in en-US)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ မင်းကင်း၊ မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရမှု လူ ၃၀ နီးပါးသေဆုံး၊ ဒဏ်ရာရ ၆၀ ဦးကျော်ကို သုံးနေရာခွဲပြီး ကုသမှုများပေးနေ (in en)။ 2026-05-30 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2024-06-05)။ မင်းကင်း၊ မတောကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၈ ဦး၏ အမည်များ ရရှိ (in en-US)။ 15 February 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-30 တွင် ပြန်စစ်ပြီး။