မစ်ဟိုင်းလ် ဂေါ်ရ်ဘာချော့ဖ်
မစ်ဟိုင်းလ် ဆဲရ်ဂဲယဲဗစ်ချ် ဂေါ်ရ်ဘာချော့ဖ်(ရုရှား: Михаи́л Серге́евич Горбачёв, US: /-tʃɔːf, -tʃɛf/;[၁][၂][၃]
အသံထွက် (ကူညီ·ချက်လက်), အင်္ဂလိပ်: Mikhail Sergeyevich Gorbachev, ၂ မတ် ၁၉၃၁~၃၀ ဩဂုတ် ၂၀၂၂)သည် ရုရှားလူမျိုး ဆိုဗီယက် ပြည်ထောင်စု၏ နိုင်ငံရေးသမားဖြစ်သည်။
မစ်ဟိုင်းလ် ဂေါ်ရ်ဘာချော့ဖ် Mikhail Gorbachev | |||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
Михаил Горбачёв | |||||||||||||||||||||
မစ်ဟိုင်းလ် ဂေါ်ရ်ဘာချော့ဖ် (၁၉၈၇) | |||||||||||||||||||||
| ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတ | |||||||||||||||||||||
| တာဝန်သက်တမ်း ၁၅ မတ် ၁၉၉၀ – ၂၅ ဒီဇင်ဘာ ၁၉၉၁[မှတ်စု ၁] | |||||||||||||||||||||
| ဒုတိယ သမ္မတ | ဂင်နာဒီ ယာနာယက်ဗ် | ||||||||||||||||||||
| ယခင်လူ | ရာထူးစတင် (သူကိုယ်တိုင်၊ ဆိုဗီယက်ပြည်ထောင်စုလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ်) | ||||||||||||||||||||
| ဆက်ခံသူ | ရာထူးဖျက်သိမ်း | ||||||||||||||||||||
| ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် | |||||||||||||||||||||
| တာဝန်သက်တမ်း ၁၁ မတ် ၁၉၈၅ – ၂၄ ဩဂုတ် ၁၉၉၁ | |||||||||||||||||||||
| ဝန်ကြီးချုပ် | နီကိုလိုင် ရစ်ဂျ်ကော့ဗ် ဗာလင်တင် ပါ့ဗ်လော့ဗ် အီဗန် ဆီလာယေဗ် | ||||||||||||||||||||
| လက်ထောက် | ဗလာဒီမီယာ အီဗာရှကို | ||||||||||||||||||||
| ယခင်လူ | ကွန်စတန်တင် ချာနင်ကို | ||||||||||||||||||||
| ဆက်ခံသူ | ဗလာဒီမီယာ အီဗာရှကို (ယာယီ) | ||||||||||||||||||||
| ဆိုဗီယက်ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ | |||||||||||||||||||||
| တာဝန်သက်တမ်း ၂၅ မေ ၁၉၈၉ – ၁၅ မတ် ၁၉၉၀ | |||||||||||||||||||||
| လက်ထောက် | အာနာတိုလီ လူကယာနော့ဗ် | ||||||||||||||||||||
| ယခင်လူ | သူကိုယ်တိုင် (ဆိုဗီယက်ပြည်ထောင်စုလွှတ်တော် အာဏာပိုင်အဖွဲ့အစည်းဥက္ကဋ္ဌအဖြစ်) | ||||||||||||||||||||
| ဆက်ခံသူ | အာနာတိုလီ လူကယာနော့ဗ် | ||||||||||||||||||||
| ဆိုဗီယက်ပြည်ထောင်စုလွှတ်တော် အာဏာပိုင်အဖွဲ့အစည်းဥက္ကဋ္ဌ | |||||||||||||||||||||
| တာဝန်သက်တမ်း ၁ အောက်တိုဘာ ၁၉၈၈ – ၂၅ မေ ၁၉၈၉ | |||||||||||||||||||||
| ယခင်လူ | အန်ဒရေး ဂရိုမျူကို | ||||||||||||||||||||
| ဆက်ခံသူ | သူကိုယ်တိုင် (ဆိုဗီယက်ပြည်ထောင်စုလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ်) | ||||||||||||||||||||
| |||||||||||||||||||||
| ကိုယ်ရေး အချက်အလက်များ | |||||||||||||||||||||
| မွေးဖွား | ၂ မတ်၊ ၁၉၃၁ Privolnoye၊ Russian SFSR၊ Soviet Union | ||||||||||||||||||||
| ကွယ်လွန် | ၃၀ ဩဂုတ်၊ ၂၀၂၂ (အသက် ၉၁) မော်စကိုမြို့၊ ရုရှား | ||||||||||||||||||||
| နိုင်ငံသား | ဆိုဗီယက်ယူနီယံ (၁၉၉၁ ထိ) ရုရှား (၁၉၉၁ မှ) | ||||||||||||||||||||
| နိုင်ငံရေးပါတီ | တစ်သီးပုဂ္ဂလ (၁၉၉၁–၂၀၀၀၊ ၂၀၁၇–၂၀၂၂) | ||||||||||||||||||||
| အခြား နိုင်ငံရေးလွှမ်းမိုးမှု |
| ||||||||||||||||||||
| ကြင်ဖော် | ရိုင်ဆာ ဂေါ်ဗာချေဗာ (လက်ထပ် 1953; ကွယ်လွန် 1999) | ||||||||||||||||||||
| သားသမီး | ၁ | ||||||||||||||||||||
| မိခင်ကျောင်း | မော်စကို တက္ကသိုလ် (LLB) | ||||||||||||||||||||
| ဆုတံဆိပ်များ | နိုဘယ် ငြိမ်းချမ်းရေးဆု (၁၉၉၀) | ||||||||||||||||||||
| လက်မှတ် | |||||||||||||||||||||
| ဝက်ဘ်ဆိုဒ် | Official website | ||||||||||||||||||||
ဗဟိုအဖွဲ့အစည်း အဖွဲ့ဝင်မှု
အခြားရာထူးများ
| |||||||||||||||||||||
အတ္ထုပ္ပတ္တိ
[ပြင်ဆင်ရန်]ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ကို ၁၉၈၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အပ်နှင်းခံရသော မစ်ဟိုင်းလ် ဂေါ်ရ်ဘာချော့ဖ်ကို ရုရှားတောင်ပိုင်း စတာဗရိုပို ဒေသ ကရာစနိုဗာဒေးစကီးခရိုင် ပရီဗိုနိုရွာ၌ ၁၉၃၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တောင်သူလယ်သမား မိဘနှစ်ပါးမှ မွေးဖွားသည်။ စတာဗရိုပိုဒေသသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ မှ ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သူ ယူရီ ဗလာဒီမီရိုဗစ်ချ် အင်ဒရိုပေါ့(၁၉၁၄- ၁၉၈၄)၏ မွေးရပ်ဖြစ်သည့်အပြင် သဘောတရားရေးရာ ကျွမ်းကျင်နိုင်နင်းမှုကြောင့် ပါတီ၌ ဩဇာတိက္ကိမကြီးမားသူ မီခါယီး အင်ဒရီယေဗစ် ဆုစလော့(၁၉ဝ၂-၁၉၈၂)နှစ်ပေါင်းများစွာ သက်ဆုံးတိုင် အလုပ်လုပ်ခဲ့ရာ အရပ်ဒေသလည်း ဖြစ်သည်။
ဂေါ်ရ်ဘာချော့ဖ်သည် ၁၉၄၆ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်အထိ စတာဗရိုပိုဒေသတွင် လယ်ထွန်စက်မောင်းအဖြစ် အသက်မွေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် မော်စကိုမြို့ ပြည်သူ့တက္ကသိုလ်၌ ပညာဆည်းပူးခွင့်ရသည်။ ၁၉၅၂ ခုနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်တွင် ဥပဒေဘွဲ့ရသည်။ ထိုအချိန်တွင် ကွန်ဆိုမိုလူငယ်အဖွဲ့အစည်းတွင် စတာဗရိုပိုဒေသဆိုင်ရာ ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ စတာဗရိုပိုဒေသ စုပေါင်းလယ်ယာလုပ်ငန်းတွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်သည်။ ၁၉၆၇ ခုနှစ်တွင် စတာဗရိုပိုစိုက်ပျိုးရေး တက္ကသိုလ်၌ သုတေသနပညာရှင် ဖြစ်လာသည်။
ဂေါ်ရ်ဘာချော့ဖ်သည် ကွန်မြူနစ်ပါတီ စတာဗရိုပိုမြို့တော် ကော်မတီတွင် ၁၉၅၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ပထမအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ၁၉၇ဝ ပြည့်နှစ် အထိ ဒုတိယအတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်အပ်နှင်းခံခဲ့ရသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ဒေသပါတီကော်မတီ အတွင်းရေးမှူး ဖြစ်လာသည်။ ၁၉၇၁ ခုနှစ်တွင် ပါတီဗဟိုကော်မတီဝင် ဖြစ်လာသည်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်ခေါင်းဆောင် ဗရက်ဇညက်က ဂေါ်ဘာချော့အား ပါတီဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ပေးသည်။
ဂေါ်ရ်ဘာချော့ဖ်သည် လယ်ယာစိုက်ပျိုးရေးအတွက် တာဝန်ခံသော ပါတီရေးရာ ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည်။ မီခါယီး ဆုစလော့၏ လမ်းညွှန်မှု၊ ယူရီ အင်ဒရိုပေါ့၏ အသိအမှတ်ပြုမှုတို့ကို ခံယူရရှိသဖြင့် ဂေါ်ဘာချော့သည် အသက် ၄၉ နှစ်အရွယ်မှာပင် ပါတီနိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုတွင် အချိန်ပြည့်ကော်မတီဝင်ဖြစ်လာသည်။
ဆိုဗီယက် ပြည်ထောင်စုတွင် သဘာဝဘေးဒဏ်များ နှစ်စဉ် ကျရောက်နေသည့်ကြားမှ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးစေရန် အောင်မြင်စွာ ကွပ်ကဲနိုင်သဖြင့် ပါတီအထွေထွေအတွင်းရေးမှူး အင်ဒရိုပေါ့၏ ယုံကြည်အားထားမှုကို ခံယူရရှိခဲ့သည်။ ဤသို့ဖြင့် ပေါ်လစ်ဗျူရိုအဖွဲ့တွင် အသက်အငယ်ဆုံးဖြစ်သော ဂေါ်ဘာချော့သည် အထွေထွေအတွင်းရေးမှူးရာထူးကို ဆက်ခံနိုင်မည့်သူ ဖြစ်သည်ဟု အနောက်အုပ်စု လေ့လာသူများက အကဲဖြတ်ခံရသည်အထိ ထင်ရှားလာသည်။
၁၉၈၄ ခုနှစ် ဧပြီလတွင် ပါတီအထွေထွေအတွင်းရေးမှူး ကွန်စတန်တင် ချယ်ရနီယင်းကိုးက ဂေါ်ရ်ဘာချော့ဖ်အား နိုင်ငံခြားဆက်သွယ်ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးသည်။ ပါတီအထွေထွေအတွင်းရေးမှူး ချယ်ရနီယင်းကိုး ၁၉၈၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင် ကွယ်လွန်သွားသောအခါ ဂေါ်ဘာချော့သည် ပါတီအထွေထွေအတွင်းရေးမှူး တာဝန်ကို ယူခဲ့သည်။ အစဉ်အလာအရ ပါတီအကြီးအကဲက နိုင်ငံတော်အကြီးအကဲရာထူးကိုပါ ပူးတွဲယူရမည်ဖြစ်သော်လည်း ဂေါ်ရ်ဘာချော့ဖ်သည် နိုင်ငံတော်အကြီးအကဲအဖြစ် ဆိုဗီယက်နိုင်ငံခြားရေးမူဝါဒ ဗိသုကာကြီး အန်ဒရေး ဂရိုမီကိုအား တာဝန်ပေးရန် အဆိုပြုခဲ့သည်။ ယင်းဆောင်ရွက်ချက်သည် ဆိုဗီယက်နိုင်ငံရေးသမိုင်းတွင် ထူးခြားလှပေသည်။[၄]
မှတ်စု
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Gorbachev". Random House Webster's Unabridged Dictionary.
- ↑ "Gorbachev, Mikhail" 2019-05-13 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Oxford Dictionaries, accessed 4 February 2019
- ↑ Gorbachev။ Merriam-Webster Dictionary။ 4 February 2019 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)