မင်းရဲကျော်စွာ စောရွှေခက်
| မင်းရဲကျော်စွာ စောရွှေခက် | |
|---|---|
| သာယာဝတီပြည့်ရှင် | |
| နန်းသက် | c. November 1446 – 1460 |
| ရှေ့မင်းဆက် | အနော်ရထာစော (Pegu vassal) |
| ဆက်ခံသူ | သတိုးမင်းစော |
| ပဒေသရာဇ်ဘုရင် | နရပတိ |
| ပြည်ဘုရင်ခံ | |
| နန်းသက် | 25 April 1442 – after 2 January 1446 |
| ရှေ့မင်းဆက် | သီဟသူ |
| နောက်မင်းဆက် | မင်းကြီးစွာ |
| ပဒေသရာဇ်ဘုရင် | နရပတိ |
| သာယာဝတီပြည့်ရှင် | |
| နန်းသက် | c. March 1422 – January 1427 |
| နောက်မင်းဆက် | နော်ရထာ (Pegu vassal) |
| ပဒေသရာဇ်ဘုရင် | သီဟသူ (1422–25) မင်းလှ (1425) မင်းညို (1425–26) မိုးညှင်းသတိုး (1426–27) |
| ပြည်ဘုရင်ခံ | |
| နန်းသက် | c. March 1417 – c. March 1422 |
| ရှေ့မင်းဆက် | သီဟသူ |
| နောက်မင်းဆက် | မင်းမဟာ |
| ပဒေသရာဇ်ဘုရင် | ပထမမင်းခေါင် |
| မွေးဖွား | c. 1390s ပုဂံ၊ အင်းဝ |
| ကွယ်လွန် | in or after 1473 ပေါင်းတည်၊ အင်းဝပြည် |
| အိမ်ထောင်ဖက် | Saw Myo Ke မင်းလှထွတ် (1415–?) စောမင်းဖြူ |
| သားသမီးများ among others... | မင်းဖြူ မင်းရဲကျော်စွာ စောမြတ်လေး မြတ်ဘုန်းပြို |
| စံအိမ် | ပုဂံ |
| ခမည်းတော် | သင်္ခယာ |
| မယ်တော် | စောမင်းပု |
| ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မင်းရဲကျော်စွာ ဘွဲ့ခံ စောရွှေခက် သည် အင်းဝဘုရင် မင်းခေါင်လက်ထက်မှသည် ပြည်စုန်မင်း သီဟသူတိုင် မြို့စားနယ်စားအဖြစ်ရှိသော မင်းဆွေမင်းမျိုးဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ပုဂံသင်္ခယာနှင့် ဝတီးကတော် စောမင်းပု၏ သမီးတို့မှ ဖွားမြင်သည်။ အမည်ရင်းမှာ စောရွှေခက်ဖြစ်ပြီး မွေးချင်း ၅ ယောက် ရှိ၏။
မြို့စားဘဝ
[ပြင်ဆင်ရန်]၇၈၁ ခုတွင် မင်းခေါင်က သား သီဟသူကို အင်းဝသို့ပြန်ခေါ်ကာ အိမ်ရှေ့နှင်းသည်နောက် ပြည်ကို စောရွှေခက်အား မင်းရဲကျော်စွာဘွဲ့နှင့် ပေးသည်။ မင်းရဲကျော်စွာဘွဲ့ကို ပထမဆုံး ခံရသူ ဖြစ်၏။
သီဟသူလက်ထက် ၇၈၇ ခုတွင် ပြည်ကို မင်းမဟာအား ပေးသည်တွင် မြို့လွတ်နယ်လွတ် ဖြစ်သည်။
နရပတိနန်းတက်သည်နောက် ၈၀၄ ခုတွင် ပြည်ကို ပြန်ပေးသည်။
၈၀၇ ခုတွင် သာယာဝတီမှ အနော်ရထာစော လွန်သည်တွင် မင်းရဲကျော်စွာကို သာယာဝတီအား ပေး၍ သားတော်အငယ်ကို မင်းကြီးစွာဘွဲ့နှင့် ပြည်ကို ပေးသည်။
ကြင်ဘက်များ
[ပြင်ဆင်ရန်]တောင်ငူ မဟာသင်္ခယာ သမီး စောမျိုးကဲနှင့် ပေါင်းဖော်ရာ -
- သား စစ်ကိုင်း မင်းကြီးဖြူ၊ မြောက်သားတော်မှာ နရပတိ သမီး စောမင်းဖြူ
- ညီ တလည်စီးမင်း
သီဟသူ သမီး စောမင်းဖြူနှင့် စုံဖက်သည်တွင် -
- သား ကလေး မင်းရဲကျော်စွာ
- နှမ စောမြတ်လေး၊ မြောက်သားမှာ ပြည် မင်းကြီးစွာ
- ညီမ မြတ်ဘုန်းပြို၊ မြောက်သားမှာ မင်းဘစော