မင်းမျှော်ရာဇာစေတီတော်

ဝီကီပီးဒီးယား မှ

မင်းမျှော်ရာဇာစေတီတော် သည် ပုဂံမြို့၏ အရှေ့မြောက်ဘက်လမ်းမအနီးတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၂၉၃ ခုနှစ် ပုဂံမြို့တွင် တောင်သူကြီးမင်း စိုးစံ၏။ ထိုမင်းလက်ထက်တွင် တန်နက်မင်း၏ မိဖုရားတစ်ပါးက ဖွားမြင်သည့် သူငယ်သည် ကွမ်းဆော်အဖြစ် အမှုထမ်း၏။ ထိုအချိန်တွင် မင်းလောင်းပေါ်မည်ဟူသည့် ကောလဟာလသတင်းကြောင့် တူရွင်းတောင်သို့ သွား၏။ ထို့နောက်ပင် ထိုသူငယ်ကိုပင် မင်းလောင်းဟု လူအများက အသိအမှတ်ပြုကြသည်။ ထို့နောက် နန်းတွင်းသို့ ဝင်လာ၏။ ထိုအခါ မင်းကြီး၏ ထွက်၍ ကြိမ်းဝါးရာ ဦးစောက်ကျ၍ နတ်ရွာစံ၏။

ထိုအခါ ကွမ်းဆော်သားသည် သက္ကရာဇ် ၃၂၆ ခုနှစ်တွင် မင်းဖြစ်လေသည်။

သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ကျန်စစ်သားမင်း နန်းတက်၏။ ထိုအချိန်တွင် ပြည်သူတို့သည် ပြည်သူအများ မင်းလောင်းမျှော်ရာနေရာတွင် စေတီတော်တစ်ဆူ တည်ထားခဲ့သည်။ ဘွဲ့တော်ကိုလည်း “မင်းမျှော်ရာဇာ” ဟု သမုတ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၇၁။