မင်းကွတ်ပင်

ဝီကီပီးဒီးယား မှ
(မင်းကွတ်သီး မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Mangosteen
Berthe Hoola van Nooten48.jpg
Illustration from Fleurs, Fruits et Feuillages Choisis de l'Ile de Java 1863–1864 by Berthe Hoola van Nooten (Pieter De Pannemaeker lithographer)
Photograph of several mangosteen fruits. One has been partially peeled revealing white flesh divided into five sections.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Clusiaceae
မျိုးဇာတ်: Garcinieae
မျိုးစု: Garcinia
မျိုးစိတ်:
G. mangostana
ဒွိနာမ
Garcinia mangostana

မင်းကွတ်ပင်သည် ဂတ်တစ်ဖာရီးမျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအလိုအားဖြင့် ဂါစင်းနီးယား မန်ဂိုစတားနား ဟုခေါ်သည်။ မင်းကွတ်ပင်၏ မူလပေါက်ရာအရပ်မှာ မလ္လာယု ကျွန်းဆွယ်ဖြစ်၍ မြန်မာနိုင်ငံတွင်းသို့ တဆင့်ယူဆောင် စိုက်ပျိုးသည့် အပင်လတ်မျိုးဖြစ်သည်။ မင်းကွတ်ပင်သည် ပု၍ ဝိုင်းသည့်ပြင် လှပ၏။ အချို့ မင်းကွတ်ပင်များမှာ ပေ ၃ဝ အထိမြင့်မားကြသည်။ အရွက်သည် စိမ်း၍ထူပြီးလျှင်တောက်ပ ၏။ အမွေးကလေးများလည်း ပါရှိ၏။ အချို့မင်းကွတ်ရွက်များ သည် ၈ လက်မခန့်အထိ ရှည်သည်။ မင်းကွတ်ပွင့်သည် ပန်းရောင်ဖြစ်၍ အချင်း ၂ လက်မခန့် ရှိသည်။ မင်းကွတ်သီးသည် လိမ္မော်သီးပုံသဏ္ဌာန်ကဲ့သို့ ရှိသော် လည်း လိမ္မော်သီးထက် ငယ်သည်။ အရောင်မှာ သီးစ၌ စိမ်း၍မှည့်လာသောအခါ နီညို၍ မှောင်သောအရောင်ရှိသည်။ ကန့်လန့်ဖြတ်တိုင်းလျှင် ၂ လက်မခွဲခန့် ရှိသည်။ မင်းကွတ်သီး ၏ အခွံမှာ ထူ၍မာ၏။ အခွံအတွင်း၌ အဖြူရောင်အသား ရှိသော အမြွှာပေါင်း ၄ မြွှာမှ ၈ မြွှာထိ ပါလေ့ရှိသည်။ ထို အသားမှာ ပျော့ညက်၍ ချိုပြီးလျှင် အေးသောအရသာရှိသည်။ အရည်ရွှမ်းသည်။ မြန်မာနိုင်ငံရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းကွတ်သီးတွင် အေး သော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည် ဟု ဆိုကြသည်။

မင်းကွတ်ပင်သည် ပူပြင်းစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် တနင်္သာရီတိုင်း၌ ထိုအပင်များကောင်းစွာ ဖြစ်ထွန်းကြသည်။ ထိုကြောင့် တနင်္သာရီတိုင်းတွင် မြေဩဇာ ထက်သန်သည့် ချိုင့်ဝှမ်းရပ်များနှင့် ပင်လယ်ကမ်းတလျှောက် ရှိ တောင်ခြေတို့၌ မင်းကွတ်ခြံကြီးများကို တွေ့မြင်ရသည်။ အပင်သစ်ပွားလာအောင် လက်ရှိပြုလုပ်နည်းမှာ အစေ့ ကိုစိုက်သည့် နည်းပင်ဖြစ်သည်။ ဤနည်းဖြင့် စိုက်ပျိုးလျှင် မင်းကွတ်ပင်များ အကြီးနှေး၍ အပင်သက် ၁ဝ နှစ်ကျမှအသီး သီးနိုင်သည်။ ထိုကြောင့် အသီးမြန်မြန်ရရှိရန်အတွက် အပင် ပေါက်စ အောက်ခံပင်များကို မျိုးကိုင်းများနှင့် အကိုင်းချင်း ဆက်နည်းဖြင့်လည်းကောင်း၊ မြေထုပ်ဆွဲခြင်းနည်းဖြင့်လည်း ကောင်း စမ်းသပ်စိုက်ပျိုးလျက်ရှိကြသည်။ မင်းကွတ်ပင်များကို တစ်ပင်နှင့်တစ်ပင် ပေ ၂ဝ စီခွာ၍ စိုက်ပျိုးကြသည်။

မင်းကွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလလောက်မှ စ၍ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းအထိ အပွင့်များပွင့်သည်။ မိုးဦးနှင့် မိုးလယ်လများဖြစ်သော မေလမှ ဩဂုတ်လအတွင်း အသီးများမှည့်ကြသည်။ မင်းကွတ်သီးမှည့်သည် ချိုအေးသော အရသာနှင့် ပြည့်စုံသောကြောင့် ကမ္ဘာတွင် ကျော်ကြားသော သစ်သီးဖြစ်သည်။ ထိုကြောင့် နိုင်ငံတော်အစိုးရ စိုက်ပျိုးရေး ဌာနသည် မင်းကွတ်သီးများကို ဥရောပတိုက်နှင့် အာဖရိက တိုက် တောင်ပိုင်းသို့ နှစ်စဉ် တင်ပို့ရောင်းချလေသည်။ မင်းကွတ်သီးအခွံ၊ အခေါက်နှင့်အရွက်နုများကို ဝမ်း ကိုက်ရောဂါအတွက် ဆေးအဖြစ်အသုံးပြုကြသည်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။[၁]

မင်းကွတ်သီး[ပြင်ဆင်ရန်]

မင်းကွတ်သီးသည် လိမ္မော်သီး ပုံသဏ္ဌာန်ကဲ့သို့ ရှိသော်လည်း လိမ္မော်သီးထက်ငယ်သည်။ အရောင်မှာ သီးစ၌ စိမ်း၍ မှည့်လာသောအခါ နီညို၍ မှောင်သော အရောင်ရှိသည်။ ကန့်လန့်ဖြတ် တိုင်းလျှင် ၂ လက်မခန့်ရှိသည်။ မင်းကွတ်သီး၏ အခွံမှာ ထူ၍မာ၏။ အခွံအတွင်း၌ အဖြူရောင်အသားရှိသော အမြွာပေါင်း ၄ မြွာမှာ ၈ မြွာထိ ပါလေ့ရှိသည်။ ထိုအသားမှာ ပျော့ညက်၍ ချိုပြီးလျှင် အေးသောအရသာရှိသည်။ အရည်ရွှမ်းသည်။ မြန်မာနိုင်ရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းကွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည်ဟု ဆိုကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)