ရှင်ဝိစာရ

ဝီကီပီးဒီးယား မှ
(မင်းကျောင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝိစာရ (၁၂၀၄ − ၁၃၀၁) သည် “မင်းကျောင်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၀၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၁ရက် ဗုဒ္ဓဟူးနေ့တွင် မြင်းခြံခရိုင်၊ တောင်သာမြို့အပိုင် ရွာသစ်ကြီးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေဝ ဖြစ်သည်။ ဆရာတော်၏ မိဘနှစ်ပါးမှာ ဦးလမ်း − ဒေါ်မင်းသာ ဖြစ်သည်။

အသက် ၁၄ နှစ်အရွယ်တွင် ပျော်ဘွယ်ဆရာတော် ဦးဝိုင်းထံတွင် “ရှင်ဝိစာရ” ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုကာ ပညာများ သင်ကြားခဲ့သည်။ ထို့နောက် မြင်းမြံမြို့ မင်းကျောင်းဆရာတော် ဦးသုဇာတထံတွင် ပညာဆက်လက် သင်ကြားကာ ရဟန်းပြုခဲ့သည်။ ထို့နောက်တွင် မန္တလေးမြို့ စံကျောင်းဆရာတော်ထံတွင် ပညာဆက်လက်သင်ကြားပြီး စံကျောင်းဝင်းအတွင်း သီတင်းသုံး၍ စာပေများ ပို့ချခဲ့သည်။ မိုင်းခိုင်းဆရာတော်၊ လယ်တီဆရာတော်၊ တောင်ခွင်ဆရာတော်တို့နှင့် စာသင်စာချဖက်များ ဖြစ်သည်။

ထို့နောက်တွင် မင်းကျောင်းဆရာတော်ထံ ပြန်လည်ဆည်းကပ်၍ စာပေများ ပို့ချနေခဲ့သည်။ မင်းကျောင်းဆရာတော် ပျံလွန်တော်မူသည့်အခါ တောင်တော်သသနာပိုင်က ရှင်ဝိစာရအား မြင်းခြံမြို့နယ် ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ခဲ့သည်။

၁၂၇၈ ခုနှစ်တွင် အဂ္ဂမဟာ၌ဏ္ဍိတဘွဲ့တံဆိပ် ကပ်လှူခြင်း ခံခဲ့ရသည်။ ၁၂၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ မြစ်စဉ်တစ်လျှောက် ၁၂ မြို့ ဂိုဏ်းအုပ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၀၁ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ ပဒဝေါဟာရကျမ်း၊

၂။ သဒ္ဒတ္ထဂဏ္ဌိကျမ်း၊

၃။ အဘိဓမ္မတ္ထသင်္ဂဟဂဏ္ဌိကျမ်း၊

၄။ သီမနိမိတ္တကိတ္တနကျမ်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၈၊ ၁၁၉။