မင်းကိုကာပင်
| Argyreia nervosa | |
|---|---|
| Argyreia nervosa flowers (enlarge) | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Asterids |
| မျိုးစဉ်: | Solanales |
| မျိုးရင်း: | Convolvulaceae |
| မျိုးဇာတ်: | Ipomoeeae |
| မျိုးစု: | Argyreia |
| မျိုးစိတ်: | A. nervosa |
| ဒွိနာမ | |
| Argyreia nervosa (Burm.f.) [:en:[Wenceslas Bojer | |
| Synonyms[၁] | |
|
Argyreia speciosa (L.f.) Sweet | |
ပုံသဏ္ဌာန် : အပင် အခြား အပင်ကို မှီ၍ တက်တတ်သော နွယ်ပင် မျိုး ဖြစ်၏ ။ သို့မဟုတ် မြေလျှောက်ပင် ဖြစ်၏ ။ အရွက် ပင်စည်မှ တစ်ရွက် ချင်း ခပ်ကျဲကျဲ ရွက်လွှဲ ထွက်၏ ။ ကွမ်းရွက် ပုံသဏ္ဌာန် ဝိုင်း၍ အဖျားပိုင်း သွယ်ကာ ချွန်၏ ။ အရွက် မျက်နှာ ၂ ဖက် လုံး၌ အမွေးနု များရှိ၏ ။ ရွက်ညှာ ရှည်သည်။ အပွင့် ကန်စွန်း ပွင့်နှင့် သဏ္ဌာန် တူ၏ ။ သပြေရောင် ရှိ၏ ။ ပွင့်ခံ ရွက် လက်မဝက် ခန့် ရှည်၏ ။ ဝါခေါင် ၊ တော်သလင်း တွင် ပွင့်သည်။ အသီး လုံးလုံးလျား လျားရှိ၏ ။ နုလျှင် အစိမ်းရောင် ရှိ၍ ရင့်သော အခါ အဝါရောင် ရှိ၏ ။ နတ်တော် ၊ပြာသို တွင် အသီး မှည့်သည်။ အစေ့ အစေ့တွင် အမြှောင့် ၃ မြှောင့် ရှိ၏ ။ အမြစ် မြစ်ဥ ဖြစ်သည်။ ကန်စွန်းဥ နှင့် ပုံသဏ္ဌာန် တူသည်။ အဖြူရောင် ၊ အညိုရောင် နှင့် အနက်ရောင် ရှိ၏ ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : မြစ်ဥ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ မင်းကိုကာ သည် အနည်းငယ် ခါးသက်၍ စပ် ပူ ဖန်သော အရသာ ရှိ၏ ။ အသက်ကို ရှည်စေ၏ ။ ဝမ်းမီး ကို တောက်စေ၏ ၊ ကိုယ်သား ကိုယ်ရေ ကြည်လင် ထွန်းပစေ ၏ ။ ချိုအေးသော ဂုဏ်သတ္တိ ရှိ၏ ။ လူကို ၀စေ တတ်၏ ။ အားကို ဖြစ်စေ တတ်၏။ ဆီး ဝမ်းကို အလွန် များစေ တတ်၏ ။ လေ သည်းခြေကို နိုင်၏ ။ အပူကို ငြိမ်းစေ၏ ။ ဝမ်းကို သက်စေ၏။ အသုံးပြုပုံ- မြစ်ဥ ၁ ။ အမြစ်ကို ဝမ်းနှုတ်ဆေး ၊ အားဆေး ၊ မီးယပ် ဆေး၊ လေမျိုး ရှစ်ဆယ် ဆေးအဖြစ် ဖော်စပ် အသုံးပြု ၏။ ၂ ။ အမြစ်မှုန့် ကို ဆား စိမ်းနှင့် ရော၍ သောက်သော် ဆီးအောင့် ညောင်းကျ ရောဂါ ပျောက်ကင်း ၏။ ၃ ။ မင်းကိုကာ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏ ။ ၄ ။ အမှုန့်ကို ဆန်ဆေးရည် နှင့် ဖျော်သော်က ဆင်ခြေ ထောက်ရောဂါ ပျောက်၏ ။ ၅ ။ မင်းကိုကာ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Argyreia nervosa"၊ Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)၊ 2010-11-10 တွင် ပြန်စစ်ပြီး
- ↑ Glossary Of Indian Medicinal Plants
- ↑ http://arogyamonline.com/commodity/materials/?raw=28%5Bလင့်ခ်သေ%5D