မာတိကာသို့ ခုန်သွားရန်

မဂိုမဂဲ မယားဆဲ

ဝီကီပီးဒီးယား မှ

မဂိုမဂဲ မယားဆဲ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မဂိုမဂဲ မယားဆဲ” ဆိုသည်မှာ ကြက်တိုက်ပွဲများတွင် မဂိုကြက်မျိုးသည် ဇွဲမရှိခြင်းကြောင့် အများအားဖြင့် ရှုံးနိမ့်တတ်ပြီး ထိုသို့ ရှုံးနိမ့်သောအခါ ကြက်ပိုင်ရှင်သည် မိမိ၏ မယားထံမှ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရမည်ဟု ဆိုလိုသည်။ မဂိုကြက်များကို မွေးမြူခြင်းသည် စီးပွားရေးအရ အကျိုးအမြတ် မဖြစ်ထွန်းနိုင်ကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ မဂိုကြက်များသည် တိုက်ပွဲတွင် ခံနိုင်ရည်အားနည်းပြီး အလွယ်တကူ အရှုံးပေးတတ်သောကြောင့် ကြက်ဝါသနာအိုးများက နှစ်သက်ခြင်း မရှိကြပေ။ ထို့ကြောင့် မဂိုကြက်ကို မွေးမြူသော ယောက်ျားကို မယားဖြစ်သူက ဆဲဆိုခြင်းသည် သဘာဝကျသော အခြေအနေတစ်ခုဟု ရှုမြင်ကြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မဂိုမဂဲ မယားဆဲ။ ထိုကြက်သည် ဇွဲပါး၏။ ခဏခဏရှုံးနိမ့်ရကား ကြက်သမားအား ဇနီးသည်က ဆဲဆိုကြိမ်းမောင်းလေ့ရှိလေသည်။" []
  • "မဂိုမဂဲ မယားဆဲ ဆိုသောစကား ကြားဖူးကြပေလိမ့်မည်။ ဤကြက်မျိုးတွေက သူတို့ကချည်း ခွပ်နေရလျှင် ကောင်းသည်။ သူတို့ခံရပြီဆိုလျှင် ဇွဲသတ္တိမရှိ။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၇] ယဉ်ကျေးမှု၊ ၁၊ ၇။ ၆၁။
  3. [၁၃၄၀] ကြက်ဋီ။ ၃၀၃။