မကွီးအိမ်နူးမြို့သိမ်းတိုက်ပွဲ
| မကွီးအိမ်နူးမြို့သိမ်းတိုက်ပွဲ | |||||||
|---|---|---|---|---|---|---|---|
| မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)နှင့် ချင်း စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
| စစ်ရင်ဆိုင်သူများ | |||||||
|
| |||||||
| တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
| CDF-Mindat တာဝန်ရှိသူများ |
| ||||||
| စစ်အင်အား | |||||||
| မသိရှိရ | အင်အား ၂၀ ကျော် (ရှေ့တန်းရဲစခန်း) | ||||||
| အသေအပျောက် | |||||||
| မရှိ |
| ||||||
| ချင်းပြည်နယ်တောင်ပိုင်းတွင် တော်လှန်ရေးအင်အားစုများ အစောဆုံး သိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။ | |||||||
မြန်မာနိုင်ငံအတွင်း မကွီးအိမ်နူးမြို့၏ တည်နေရာ | |||||||
မကွီးအိမ်နူးမြို့သိမ်းတိုက်ပွဲသည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ကာလအတွင်း ချင်းပြည်နယ်တောင်ပိုင်းတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မင်းတပ်) (CDF-Mindat) က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်သည် တော်လှန်ရေးအင်အားစုများဘက်မှ သေနတ်တစ်ချက်မဖောက်ရဘဲ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် ထူးခြားသော တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။[၁]
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]မကွီးအိမ်နူးမြို့သည် ၂၀၁၉ ခုနှစ် တွင် မြို့ အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ မင်းတပ်မြို့နယ်အတွင်း တည်ရှိကာ မင်းတပ်မြို့မှ ၇၀ မိုင်ခန့် ကွာဝေးသော ဆိပ်ဖြူ-ဆော-ကန်ပက်လက်-ပလက်ဝ ဆက်သွယ်ရေးလမ်းပေါ်ရှိ ဗျူဟာမြောက် မြို့ငယ်တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မကွီးအိမ်နူးမြို့ရှိ ရဲစခန်းမှာ တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအခြေစိုက်ရာ ရှေ့တန်းစခန်းတစ်ခု ဖြစ်လာခဲ့သည်။[၂]
တိုက်ပွဲဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် CDF-Mindat အဖွဲ့သည် မကွီးအိမ်နူးမြို့ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရန် သွားရောက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိမီ CDF-Mindat ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်မလား သို့မဟုတ် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မလားဟု စည်းရုံးညှိနှိုင်းခဲ့သည်။စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်အချို့မှာ နဂိုကတည်းက CDM ဝင်ရန် ဆန္ဒရှိနေသူများ ဖြစ်သဖြင့် သေနတ်တစ်ချက်မျှ ပစ်ခတ်စရာမလိုဘဲ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း စခန်းတာဝန်ခံဖြစ်သူ ဗိုလ်ကြီး သိန်းထိုက် (DSA-55) အပါအဝင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးတို့သည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Mindat ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်။ အခြားတပ်ဖွဲ့ဝင် ၅ ဦးခန့်မှာမူ လက်နက်များယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြသည်။[၃]
သိမ်းဆည်းရမိမှု
[ပြင်ဆင်ရန်]အဆိုပါစခန်းသိမ်းပိုက်မှုအတွင်း ချေမှုန်းရေးရိုင်ဖယ်နှင့် ပစ္စတိုများ အပါအဝင် လက်နက်ပေါင်း ၂၂ လက်၊ ကျည်ဆန် ၁၄,၀၀၀ ကျော်နှင့် ကျည်ကတ်များစွာကို သိမ်းဆည်းရမိခဲ့သည်။ ဤဖြစ်စဉ်သည် ချင်းပြည်နယ်အတွင်း တော်လှန်ရေးခရီးစဉ်အတွက် အောင်မြင်သော အစောဆုံးမြို့သိမ်းတိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၄][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Now၊ Myanmar (0001-11-30)။ စစ်ကောင်စီစခန်းကို သိမ်းပိုက်စဉ် သေနတ် ၂၂ လက်နှင့်အတူ ဗိုလ်ကြီးဦးဆောင်ပြီးလက်နက်ချ (in en-US)။ 2026-05-07 တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်အတွင်း ကျေးရွာကြီး ၁၁ ရွာကို မြို့အဆင့်ဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့ (in my)။ 2026-05-07 တွင် ပြန်စစ်ပြီး။
- ↑ မကွီအိမ်နူးရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း (in en)။ 2026-05-07 တွင် ပြန်စစ်ပြီး။
- ↑ လုံလဲရ်တပ်စခန်းကို CNF နဲ့ CDFပူးပေါင်းသိမ်းပိုက်ပြီးနောက် ရဲနှင့် စစ်သားအားလုံး CDM လုပ် (in en)။ 2026-05-07 တွင် ပြန်စစ်ပြီး။
- ↑ စွယ်တော် (2025-01-07)။ ချင်းပြည်နယ် တောင်ပိုင်းတခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်ခြင်း (in en-US)။ 2026-05-07 တွင် ပြန်စစ်ပြီး။