မာတိကာသို့ ခုန်သွားရန်

မကြံလည်း ဖြစ်၊ ကြံလည်း နစ်

ဝီကီပီးဒီးယား မှ

မကြံလည်း ဖြစ်၊ ကြံလည်း နစ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မကြံလည်း ဖြစ်၊ ကြံလည်း နစ်” ဆိုသည်မှာ အချို့ကိစ္စရပ်များသည် မကြံစည်ဘဲ လွှတ်ထားလိုက်လျှင်ပင် အောင်မြင်ဖြစ်မြောက်တတ်သကဲ့သို့ အလွန်အကျွံ ကြံစည်အားထုတ်ပါက ပျက်စီးနစ်မွန်းသွားတတ်သည်ဟု ဆိုလိုသည်။ အရာရာကို လူ၏ ကြိုးစားမှုဖြင့်သာ မရနိုင်ဘဲ ကံ၊ အချိန်အခါနှင့် အခြားအကြောင်းအရာများလည်း ပါဝင်ပတ်သက်ကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ အလွန်အကျွံ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အတင်းအကျပ် ကြိုးစားခြင်းများသည် တခါတရံ အောင်မြင်မှုကို ဟန့်တားနိုင်ကြောင်းကိုလည်း သွယ်ဝိုက်၍ ဆိုလိုသည်။ “အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ” (မကြံစည်သော်လည်း ဖြစ်၏၊ ကြံစည်သော်လည်း ပျက်စီး၏) ဟူသော ပါဠိစကားနှင့် အဓိပ္ပာယ်တူသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "လောကီထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏။" []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၆၆] မဃ ၂၁၂။