မက်လင်ပင်
Garcinia gummi-gutta | |
---|---|
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malpighiales |
မျိုးရင်း: | Clusiaceae |
မျိုးဇာတ်: | Garcinieae |
မျိုးစု: | Garcinia |
မျိုးစိတ်: | G. gummi-gutta
|
ဒွိနာမ | |
Garcinia gummi-gutta (L.) N.Robson
| |
Synonyms[၁] | |
|
မက်လင်ပင်သည် ဗုံဗကေးစီအီး (Bombacaceae) မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအလိုအားဖြင့် အက်ဒန်ဆိုးနီးယား ဒစ်ဂျီတေး တား (Adansonia digitata) ဟုခေါ်သည်။ မက်လင်ပင်၏ မူလပေါက်ရာအရပ်မှာ အာဖရိကတိုက် အလယ်ပိုင်းရှိ ခြောက်သွေ့သောဒေသများဖြစ်၍ အသက်အလွန်ရှည်ပြီးလျှင် သစ်ပင်လုံးပတ် အလွန်ကြီးသော ကြောင့် ထင်ရှားကျော်ကြားသည်။ ကမ္ဘာပေါ်တွင် အသက်အ ရှည်ဆုံး သစ်ပင်မျိုးထဲတွင် မက်လင်ပင်လည်း တစ်မျိုးအပါအ ဝင်ဖြစ်သည်။ ပင်လုံးအချင်းမှာ ပေ ၃ဝ ခန့် အထိပင်ရှိနိုင် သည်။ ပင်လုံးအလွန်ကြီးသလောက် အပင်မှာ ပု၍ လက်ဝါးပုံ အရွက်များဖြင့် ဝေဝေဆာဆာ ပြန့်ကာပေါက်လျက်ရှိသည်။ မက်လင်ပင်သည် မူလပေါက်ရာ အရပ်ဖြစ်သော သဲ ကန္တာရများ၌ အလေ့ကျပေါက်လျက်ရှိသည်။ အသက်ကြီးလာ သော ပင်လုံးသည် အနည်းငယ်ဆွေးမြည့်လာပြီးလျှင် အလယ် တွင် အခေါင်းကြီးသည် တစ်ခါတစ်ရံ ရေဂါလန်ပေါင်း ၂၅ဝ မျှ ဝင်ဆံ့သည်။ မက်လင်ပင်၏ အသားသည် ပျော့၍ ပွ၏။ အတွင်းအခေါက်များမှ အမျှင်များရသည်။ ဗူးသီး ပုံသဏ္ဌာန် ကဲ့သို့ရှိသော မက်လင်သီးများသည် အလျား ဂ လက်မမှ ၁ဝ လက်မထိ ရှည်ပြီးလျှင် အသားပွ၍ ချဉ်သည်။ မက်လင်ပင်များကို သီဟိုဠ်နိုင်ငံအထက်ပိုင်း ခြောက် သွေ့သောဒေသ၊ အိန္ဒိယနိုင်ငံ အချို့ဒေသနှင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပေါက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မက်လင်သီးကို လျက်ဆားဖော်စပ်ရာ၌ အသုံး ပြု၍ ထိုလျက်ဆားကို မက်လင်ချဉ်လျက်ဆား အဖြစ်ဖြင့် လူသိ များသည်။ အချို့ဒေသတွင် အချဉ်ဟင်းချက်ရာ၌ မက်လင်သီး ကို အသုံးပြုကြသည်။
မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန်
ချဉ်၏။ ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင်
၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ကျင်ကြီး
ကျင်ငယ်ကို ဖျက်၍ အောက်သို့ထုတ်တတ်၏။ နှလုံးနှင့် ဆိုင်
သောအနာ၊ ဘေးထိုး ရင်ကျပ်နာ၊ ရင်ပတ်နာ၊ ဂူနာတို့ကိုနိုင်
၏။ အဆီမရှိ။ သည်းခြေကို ပျက်စေတတ်၏။ ကျင်ကြီး ကျင်
ငယ်တို့၌ အပြစ်ဒေါသကို နိုင်၏။ မောဟိုက်ခြင်း၊ ချောင်းဆိုး
နာ၊ ပန်းနာ၊ အစာမကြေသောအနာ၊ အော့အန်ခြင်းတို့ကိုနိုင်၏။
အိန္ဒိယဆေးကျမ်းအလိုအားဖြင့် မက်လင်သီး၏အသား
နှင့် အစေ့ကိုပါ အဖျော်ရည်ပြုလုပ်၍ အသုံးပြုရာ အေးမြ၍
အဖျားကို ကျစေသည်။ ညဉ့်ချွေးထွက်ခြင်းကို သက်သာစေ၍
ဝမ်းချုပ်ခြင်းကို နိုင်လေသည်။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Garcinia gummi-gutta (L.) N.Robson။ World Checklist of Selected Plant Families (WCSP)။ Royal Botanic Gardens, Kew။ 1 June 2013 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)