မာတိကာသို့ ခုန်သွားရန်

မက်ခလီဂူသင်္ချိုင်း

ဝီကီပီးဒီးယား မှ
မက်ခလီ၊သက်တာရှိ သမိုင်းဝင် အဆောက်အဦးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

မက်ခလီတောင်ကုန်းမြင်ကွင်း
တည်ရှိသည့် နိုင်ငံ  ပါကစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၁၄၃
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

မက်ခလီ ဂူသင်္ချိုင်း သည် ကမ္ဘာပေါ်ရှိ အကြီးဆုံး ဂူသင်္ချိုင်းများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ဆင်းဒ် ခရိုင်ရှိ သက်တာမြို့အနီးတွင် ၁၀ စတုရန်း ကီလိုမီတာ ဧရိယာ အတွင်း ဖြန့်ကျက် တည်ရှိသည်။ ထိုနေရာတွင် ဂူပေါင်း ၅၀၀,၀၀၀ မှ ၁ သန်း အတွင်း ရှိပြီး [] နှစ်ပေါင်း ၄၀၀ အတွင်း တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ [] မက်ခလီ ဂူသင်္ချိုင်းတွင် တော်ဝင်မိသားစုဝင်များ၊ ဆူဖီ သူတော်စင်များ နှင့် အများလေးစားရသော ပညာရှင်များ၏ ကြီးမားသော ဂူသင်္ချိုင်း အဆောက်အဦးများ ပါဝင်သည်။ ထိုနေရာအား ယူနက်စကိုမှ ၁၉၈၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့ပြီး ၁၄ရာစု မှ ၁၈ ရာစု အတွင်း ဆင်ဒီ ယဉ်ကျေးမှုလောက၏ ထူးချွန်ပြောင်မြောက်သော သက်သေခံ အထောက်အထားဟု ရည်ညွှန်းဖော်ပြခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Makli Hill Aga Khan Trust for Culture and the Massachusetts Institute of Technology (MIT)။ 10 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2017 တွင် ပြန်စစ်ပြီး။
  2. Historical Monuments at Makli, Thatta UNESCO။ 17 July 2017 တွင် ပြန်စစ်ပြီး။
  3. Historical Monuments at Makli, Thatta UNESCO World Heritage Centre. Retrieved 10 February 2011