မာတိကာသို့ ခုန်သွားရန်

ဘွာလ်ဆိုင်လို

ဝီကီပီးဒီးယား မှ
ဗိုလ်ကြီး (ငြိမ်း)၊ ဦး

ဘွာလ်ဆိုင်လို
ချင်းပြည်သစ်ကွန်ဂရက်ပါတီ
အထွေထွေအတွင်းရေးမှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဇူလိုင် ၂၀၂၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1965-08-28) ၂၈ ဩဂုတ်၊ ၁၉၆၅ (အသက် ၆၀)
ဘိုကျုံးရွာဖလမ်းမြို့နယ်ချင်းပြည်နယ်
နိုင်ငံရေးပါတီ
မိခင်ကျောင်း
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၆-၂၀၂၀
ရာထူးဗိုလ်ကြီး

ဦးဘွာလ်ဆိုင်လို (အင်္ဂလိပ်: Pu Bual Sai Lo) သည် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့မှ အငြိမ်းစားဗိုလ်ကြီးနှင့် နိုင်ငံရေးသမား ဖြစ်သည်။

ပညာရေးနှင့် စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးဘွာလ်ဆိုင်လိုသည် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ဘိုကျုံးရွာ၊ ဖလမ်းမြိုနယ်၌ မွေးဖွားခဲ့သည်။ []၁၉၈၄ ခုနှစ်တွင် ဖလမ်းမြို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေးအဝေးသင်တက္ကသိုလ်မှ စိတ်ပညာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန်ဥပဒေဒီပလိုမာဘွဲ့နှင့် အထက်တန်းရှေ့နေလိုင်စင်တို့ကို ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်လည်း ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာဘွဲ့ ထပ်မံရရှိခဲ့သည်။[]

၂၀၁၃ ခုနှစ်မှစ၍ အမှတ် (၁၀) တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)၊ ကလေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကလေးမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် ကလေးဒေသနှင့် ချင်းပြည်နယ်မှ တိုင်းရင်းသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ "လင်းရောင်ခြည်" ရာထူးဝင်သင်တန်းကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။[]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ချင်းပြည်နယ် မဲဆန္ဒနယ် (၄)၊​ ဖလမ်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀ ဆန္ဒမဲရရှိမှုအခြေအနေ

[ပြင်ဆင်ရန်]
အမျိုးသားလွှတ်တော် ချင်းပြည်နယ် မဲဆန္ဒနယ် (၄) - ဖလမ်းမြို့နယ်[]
စဉ် ကိုယ်စားလှယ်လောင်း ပါတီ မဲရုံမဲ ကြိုတင်မဲ ပေါင်း ခိုင်လုံမဲ ရာခိုင်နှုန်း
၁။ ဦးဟဲဒွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၂၉၀၉ ၂၆၀၈ ၁၅၃၇၁ ၅၆.၃၂%
၂။ ဦးငယ်ပီးထီယံအုပ်ထန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၇၄၆၃ ၁၅၂၉ ၈၉၉၂ ၃၃.၀၇%
၃။ ဦးဘွာလ်ဆိုင်လို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၄၄၀ ၄၄၅ ၂၈၈၅ ၁၀.၆၁%
စုစုပေါင်း ၂၂၆၁၂ ၄၅၈၂ ၂၇၁၉၄
*ဦးဟဲဒွန်က အနိုင်ရသည်။

အာဏာသိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အသစ်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။[]

လက်ရှိတွင် ဦးဘွာလ်ဆိုင်လိုသည် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress Party) ကို အထွေထွေအတွင်းရေးမှူး အနေဖြင့် တာဝန်ယူနေပြီး[][]၊ အဆိုပါပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်အတွက် စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ရရှိခဲ့သည်။[]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးဘွာလ်ဆိုင်လိုကို ဖလမ်းမြို့နယ်၊ ဘိုကျုံးရွာ (Bocung) တွင် မွေးဖွားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် အသက် ၆၀ ပြည့်မည်ဖြစ်သည်။ လက်ရှိတွင် နေပြည်တော်၌ နေထိုင်လျက်ရှိသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. Voter Candidate mVoters။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 August 2025 တွင် ပြန်စစ်ပြီး။
  2. 1 2 စစ်တပ်အရာရှိအငြိမ်းစား၊ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းက ချင်းပြည်သစ်ကွန်ဂရက်ပါတီကို တည်ထောင် Khonumthung News (10 June 2025)။ 2025-6-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. အမျိးသားလတ်တော်ကိုယ်စားလှယ်ေလာင်း တစ်ဦးချင်း၏ ဆမဲရရှိမအခြေအနေ (၂၀၂၀ ပြည့်ှစ် အထွေထွေရွေးကောက်ပွဲ)
  4. "၂၀၂၀ ရွေးကောက်ပွဲရလဒ် စစ်ကောင်စီခန့်ကော်မရှင်ဖျက်သိမ်း" ၂၀၂၅ ဇွန် ၁၂ တွင် ပြန်စစ်ပြီး Archived from the original on ၂၀၂၅ ဇွန် ၁၂။
  5. NCC ပါတီ ဥက္ကဋ္ဌ အဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးထက်မှ တာဝန်ယူ ခူမီးမီဒီယာ (၂၈ ဩဂုတ် ၂၀၂၅)။ 12 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်းဦးစိုးထက်မှတာဝန်ယူ၊ချင်းပါတီကို NLD နဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟောင်းများက ဦးဆောင် Chin World (၂၇ ဩဂုတ် ၂၀၂၅)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ Chin World။ 2025-6-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-12 တွင် ပြန်စစ်ပြီး။