ဘူးနားပင်း ရေသွင်း၍မဝင်

ဝီကီပီးဒီးယား မှ

ဘူးနားပင်း ရေသွင်း၍မဝင် ဆိုသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

အပေါက်မရှိသောဘူး၌ ရေထည့်ပါသော်လည်း မဝင်သကဲ့သို့ ခံယူလိုစိတ် မရှိသူအား မည်မျှဆုံးမပြောဆိုကာမူ နားမဝင်ဘဲ ရှိသည်။

"လူသွပ်လူရိုင်း၊ လူ့ရုန့်ထိုင်းတို့၊ ရိုင်းရိုင်းပင်းပင်း၊ တရားသွင်းလည်း၊ ဘူးနားပင်းတွင်၊ ရေမဝင်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါးစောင်းတီး"

ကြောင်းတူသံကွဲ[ပြင်ဆင်ရန်]

  • ဝါးနားပင်း ရေသွင်း၍မဝင်