မာတိကာသို့ ခုန်သွားရန်

ဘုရားသုံးဆူပြတ်ရွေ့ကြော

ဝီကီပီးဒီးယား မှ

ဘုရားသုံးဆူပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားရှိ ညာဘက်သို့ ရွေ့လျားသော Strike-slip Fault (အလျားလိုက်လျှောပြတ်ရွေ့) အမျိုးအစားဖြစ်ပြီး သုံးဆူတောင်တောင်ကြားလမ်းကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ၎င်းသည် အိန္ဒိယမြေထုချပ်နှင့် ယူရေးရှားမြေထုချပ်တို့ တိုက်မိခြင်း၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။[]

ဘုရားသုံးဆူပြတ်ရွေ့ကြောဇုန် (TPFZ) သည် မြန်မာနိုင်ငံရှိ တနင်္သာရီ တောင်တန်း၏ အနောက်ဘက်အကျဆုံး တောင်တန်းကို တနင်္သာရီကမ်းရိုးတန်းမှ ပိုင်းခြားထားသည့် အကျယ်အားဖြင့် ခန့်မှန်းခြေ ၅၀ ကီလိုမီတာ ရှိသော ဇုန်တစ်ခု ဖြစ်သည်။ ဤဧရိယာတစ်ခုလုံးတွင် ပြတ်ရွေ့ကြောင်းများ (fault traces) နှင့် Paleozoic ထုံးကျောက်များဖြင့် ဖွဲ့စည်းထားသော homoclinal တောင်ကြောများ (homoclinal ridges) အများအပြားဖြင့် တည်ရှိသည်။[]

ဘုရားသုံးဆူပြတ်ရွေ့ကြောဇုန်သည် အင်ဒိုချိုင်းနား၏ အရှေ့တောင်ဘက်သို့ ညွှတ်တိုးထွက်လာခြင်းကို ထိန်းညှိပေးထားပြီး ဖိအားများသည် နာရီလက်တံအတိုင်း လှည့်ပတ်နေသည်။ ၎င်းသည် ဝမ်ချောက် ပြတ်ရွေ့ (Wang Chao Fault) နှင့် မဲပင်း ပြတ်ရွေ့ (Mae Ping Fault) တို့နှင့်အတူ မြစ်နီပြတ်ရွေ့ (Red River Fault) နှင့် ပြိုင်လျက် တည်ရှိသည်။[]

အနာဂတ်တွင် TPFZ နှင့် Sri Sawat ပြတ်ရွေ့ဇုန် (SSFZ) တို့ကြောင့် ဖြစ်ပွားမည့် ငလျင်တစ်ခုသည် ကန်ချနဘူရီပြည်နယ်ရှိ ကြီးမားသော ဆည်များကို ပျက်စီးစေပြီး ဘန်ကောက်မြို့ကို ကျယ်ပြန့်စွာ ထိခိုက်ပျက်စီးစေနိုင်သည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ခန့်ကပင် ထိုဒေသတွင် ပြင်းထန်သော ငလျင်တစ်ခု ဖြစ်ပွားခဲ့ပြီးဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]