ဘုရားမာစေတီတော်
ပုံပန်းသွင်ပြင်
ဘုရားမာစေတီသည် သရေခေတ္တရာပျူမြို့ဟောင်းရှိ ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်သည်။[၁]
တည်နေရာ
[ပြင်ဆင်ရန်]စေတီတော်သည် မြို့ဟောင်း၏ အရှေ့မြောက်ဘက် ပြည် - ပေါက်ခေါင်းကားလမ်းဘေးတွင်တည်ရှိသည်။[၁]
တည်ထားကိုးကွယ်ခြင်း
[ပြင်ဆင်ရန်]စေတီတော်ကို ဒွတ္တပေါင်မင်းကြီးက အေဒီ ၆ - ၇ ရာစုတွင်တွင် တည်ထားခဲ့သည်။ မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စေတီကိုးဆူတွင် အပါအဝင် ဖြစ်သည်။
စေတီတော်တွင် မြတ်စွာဘုရားရှင်၏ လက်သည်းတော်၊ ခြေသည်းတော်၊ ညှပ်ရိုးတော်တို့ကို ဌာပနာထားသည်။[၁]
အတိုင်းအတာများ
[ပြင်ဆင်ရန်]စေတီတော်သည် ဉာဏ်တော်အမြင့် ၄၂၆၂ မီတာ၊ အောက်ခြလုံးပတ်တော် ၉၅.၉၈ မီတာ ရှိသည်။ စေတီတော်တွင် ပစ္စယံသုံးဆင့် ပါရှိသည်။[၁]