ဘုန်းနိဋ္ဌိတမ်း

ဝီကီပီးဒီးယား မှ

ဘုန်းနိဋ္ဌိတမ်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဘုန်းနိဋ္ဌိတမ်း[ပြင်ဆင်ရန်]

ပတောက်ချောင်၊ တောင်ရွှေဝါကဲ့သို့၊ မှောင်ဝေဖြာ၊ အရောင်တွေသန်းပါတဲ့၊ ရွှေဖန်းမြေဗွေမဟီက၊ မဟေသီ စေတီဆင်ကြ၊ ရွှေမြေတင်၊ မွေရှင်ဓာတ်တွေတို့၊ ကိန်းဝပ်ရာ၊ မြတ်စွာဘုရား၏၊ ချပ်ကမ္ဘားမြှောင် တောင်အကွေ့မှ ငါးရာပြေ့၊ ကလလေ့တာ။

ဦးပညာ၊ ရညဝါပျော်သည့်၊ ဆရာတော်ကို၊ ဒကာကောင်းငယ်က၊ ရွာမောင်းမြေ၊ သာရွှေတောင်သို့၊ မလှန်အောင်၊ ကံဆောင်ပင့်ကဲ့၊ ဟံသင့်ဖွယ်ကြံရွယ်ကိုးလို့၊ ကိုဖြိုးကြွယ်၊ မယ်မယ်ဆန်းတို့၊ လွယ်ဝမ်းငင်၊ ရင်နှစ်ဖွားပေတဲ့၊ ချစ်သားချစ်သမီးတွေနှင့်၊ အပါးနီးသူ၊ လူတသင်းတို့က၊ စရင်းရေဆန်တွေပေါင်း၊ တင်းတောင်းချင်၊ ဆယ်ပြန်မောက်လို့၊ သုံးခုလောက်သာ။

မောင်းထောင်ပြန်၊ ကျောင်းကံဖျားသို့၊ ထံပါးမှာခိုကာဝင်တော့၊ ဗုတလင်ဘုန်းတော်ကြီးနှင့်၊ အနီးတွင်အတူဆုံမိ၊ ခရီးကြုံလာတဲ့လဲက၊ ခန္ဓာစဲကြွေ၊ သေတဲ့နွားကြောင့်၊ မသွားနိုင်ငိုရှာနှင့်သတဲ့၊ ထိုညဉ့်တွင်ဝယ်ယူလို့၊ ပင့်သကူ ဟင်းလျာထွက်သမျှ၊ ချင်းကြက်သွန်ဆီငရုပ်ကယ်နှင့်၊ ချက်ပြုတ်ခါ၊ သုဒ္ဓါမွှေးကဲ့သို့၊ လုပ်ကျွေးကာကုသိုလ်ပြုပေတဲ့၊ လေးစတုလူများစွာ၊ သွားလာတဲ့စခန်း။

ဦးစက္ကထေရ်ဟော၏၊ မြွက်ဟရဦ၊ ရွက်ကာကြဉ်းလို့၊ ရွာတွင်းဝယ်ဆောင်သယ်ပိုးပေတဲ့၊ ကိုဖိုးခင် ကိုမူနှင့်၊ ဇောအလိုတူ၊ ပေါကိုခငဲ့ပြင်၊ ကိုခစံခိုင်နှင့်၊ ညာပိုင်သူ ကိုဗန္ဓုတို့၊ ကံကုသိုလ်ဖြစ်စေရအောင်၊ ဝစ္စဝေယျာပြုလို့ စတုဒီသာကျွေးပေငဲ့၊ စာပေးကာအလွှာပါးသောကြောင့်၊ အကြောင်းအရာကို၊ မောင်းရွာက၊ ကြားကြတော့၊ သဒ္ဓါပွားကာ ကုသိုလ်တိုးပေရ၊ ကိုဖြိုးကြွယ်၊ ကိုးကွယ်တဲ့ရဟန်းက၊ ရွှေဖန်းလျစ်လျူရှုလို့၊ တဏ္ဍုလံ၊ မချန်အုံးပြီဘု၊ မယူငင် လှူချင်တဲ့နှလုံးငယ်နှင့်၊ အဖြူစင်ဓူတင်မို့ သုံးပေတဲ့၊ ဘုန်းနိဌိတံ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဘွေမဟီ = အချက်အချာကျသောမြေ။

၂။ မဟေသီ = မြတ်ဘုရား။

၃။ ရညဝါ = တောရဆောက်တည်သည်။

၄။ ပင့်သကူ = ပံ့သုကူ၊ အလိုလိုသေ၍ရသော အသားငါး။

၅။ သုဒ္ဓါ = နတ်သုဒ္ဓါ၊ နတ်တို့၏ အစားအစာ။

၆။ ဝစ္စဝေယျာ = ဝေယျဝစ္စအလုပ်၊ အထွေထွေအမှုကိစ္စ။

၇။ တဏ္ဍုလံ = ဆန်။

၈။ နိဌိတံ = နိဌိတံ (ဝါ) ပြီးဆုံးခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။