ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး
ပုံပန်းသွင်ပြင်
ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး” ဆိုသည်မှာ လူအများတွင် ဘုန်းတန်ခိုး၊ အာဏာ၊ ဂုဏ်သတင်း ကြီးမားသော်လည်း အသက်တိုတတ်ကြသကဲ့သို့ အသက်ရှည်သူများတွင်လည်း ထိုကဲ့သို့ ဘုန်းတန်ခိုး ကြီးကျယ်ခဲသည်ဟု ဆိုလိုသည်။ လူ့ဘဝတွင် အရာအားလုံး ပြည့်စုံရန် ခက်ခဲကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ ဘုန်းတန်ခိုးနှင့် အသက်ရှည်ခြင်းသည် တခါတရံ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပြီး တစ်ခုကို ရရှိပါက အခြားတစ်ခုကို ဆုံးရှုံးရတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ဂါရဝ (ရိုသေခြင်း) နှင့် နိဝါတ (နှိမ့်ချခြင်း) တရားများ ပျက်စီးခြင်း၏ အကျိုးဆက်များကို ဖော်ပြရာတွင်လည်း အသုံးပြုလေ့ရှိသည်။