ဘီယာမတ်ခွက်နှင့်အတူ ရယ်မောနေသော ကောင်လေးနှစ်ယောက်
ဘီယာမတ်ခွက်နှင့်အတူ ရယ်မောနေသော ကောင်လေးနှစ်ယောက် (အင်္ဂလိပ်: Two Laughing Boys with a Mug of Beer)သည် ဖရန့်ဇ် ဟားလ်စ် (Frans Hals) ၏လက်ရာမြောက်ပန်းချီကားတစ်ချပ်ဖြစ်သည်။ ခွက်အားကြည့်နေသည့် တစ်စုံတစ်ယောက်သည် ဒတ်ချ် စကားလုံးဟောင်းတစ်လုံးဖြစ်သည့် အစားကြူးခြင်း ကိုဖော်ညွှန်းထားခြင်းဖြစ်သည်။ ဤအမြင်ဆိုင်ရာ (ရေးဆွဲဖော်ပြထားသော)အကြောင်းရာကို အာရုံငါးပါးထဲမှ အမြင်အာရုံကို ဖော်ကြူးရာ၌ အသုံးပြုခဲ့ကြသည်။ လူအများက ဤပုံတူပန်းချီသည် အကြားအရုံအတွက် "သီချင်းဆိုနေသော ကောင်လေးနှစ်ယောက်" ပန်းချီ နှင့် အနံ့အာရုံအတွက် "ဆေးလိပ်သောက်သူ" မူကွဲပန်းချီ စသည့် အာရုံငါးပါးအတွဲလိုက်ပန်းချီထဲက တစ်ခုဖြစ် မဖြစ်နှင့်ပတ်သက်၍ ငြင်းခုံကြခဲ့ကြလေသည်။:[ကိုးကားချက်လိုသည်]
ဟားလ်စ်၏ ပခုံးထက်မှ ကြံရာပါတစ်ဦး ချောင်းကြည့်နေသည်။ အထက်တွင် ဆိုခဲ့သော ပန်းချီကားနှစ်ချပ်အပြင် ဒုတိယလူ (မျက်မြင်သက်သေ) ပါဝင်သော ဤအဓိက ကြောင်းရာပုံစံသည် ၁၉၆၀ နှစ်များအတွင်း ၎င်းရေးဆွဲသော ပန်ချီများစွာတို့၏ပုံစံလည်း ဖြစ်သည်။
ခွက်အား ကြည့်နေသည့် အကြောင်းအရာကို ကြည့်ရှုသူဖက်လှည့်ကာ ၎င်း၏ခွက်အားပြသနေသည့် Peeckelhaeringh၏ ပုံတူပန်းချီကား ရေးဆွဲသည့်အခါတွင်လည်း Hals မှအသုံးပြုသည်။ Hofje van Mevrouw van Aerden ၏ စုစည်းမှုဖြစ်သည့် ဘီယာမတ်ခွက်နှင့်အတူ ရယ်မောနေသော ကောင်လေးနှစ်ယောက် ပန်ချီကားသည် ၁၉၈၈၊ ၂၀၁၁၊ ၂၀၂၀ တွင် သုံးကြိမ် အခိုးခံခဲ့ရသည်။ [၁] ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ခိုးယူခံရပြီးနောက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။[၂] ၂၀၂၀၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထပ်မံခိုးယူခံရပြန်သည်။ [၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Presse၊ AFP-Agence France။ No Laughing Matter As Dutch Masterwork Stolen For Third Time (in en-US)။ 2020-08-27 တွင် ပြန်စစ်ပြီး။
- ↑ Lachende jongen met tinnen kan in the RKD
- ↑ Frans Hals painting 'Two Laughing Boys'stolen:police - Reuters