ဘီဒမ်း
ပုံပန်းသွင်ပြင်
ဘီဒမ်း | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ရှီလာ၏ အဂ္ဂမဟာ သေနာပတိ | |||||||||||||
| တာဝန်သက်တမ်း ၆၄၅ – ၆၄၇ | |||||||||||||
| ဧကရာဇ် | ဆောန်ဒေါ့က် ဘုရင်မ | ||||||||||||
| ယခင်လူ | Sup'um | ||||||||||||
| ဆက်ခံသူ | အာလ်ချောန် | ||||||||||||
| ကိုယ်ရေး အချက်အလက်များ | |||||||||||||
| မွေးဖွား | ? | ||||||||||||
| ကွယ်လွန် | ၂၆ ဖေဖော်ဝါရီ ၆၄၇ | ||||||||||||
| ကွယ်လွန်ရသည့် အကြောင်းရင်း | ကွပ်မျက်ခြင်း | ||||||||||||
| လူမျိုး | ရှီလာ | ||||||||||||
| |||||||||||||
ဘီဒမ်း(ကိုရီးယား: 비담; ဟန်ဂျာ: 毗曇, ? ~ ၂၆ ဖေဖော်ဝါရီ ၆၄၇)သည် ၆၄၅ ခုနှစ်မှ ၆၄၇ ခုနှစ်အထိ ရှီလာပြည်၏ အဂ္ဂမဟာသေနာပတိအဖြစ် အမှုထမ်းခဲ့သော ရှီလာ နိုင်ငံရေးသမားဖြစ်သည်။
ဆောန်ဒေါ့က်ဘုရင်မအား ပုန်ကန်မှုတွင် ဦးဆောင်သူအဖြစ် ထင်ရှားသည်။ ပုန်ကန်မှုမတိုင်မီက အဂ္ဂမဟာ သေနာပတိ(နန်းတော် ညီလာခံ၏ အမြင့်ဆုံးရာထူး)ကို ထမ်းဆောင်ခဲ့သည်။ သူ၏ မွေးဖွားမှု သို့မဟုတ် အောင်မြင်မှုများအကြောင်း အသေးစိတ်ကို မှတ်တမ်း အစစ်မှန်များ မရှိသဖြင့် အနည်းငယ်သာ သိရသည်။ မည်သို့ပင်ဆိုစေကာမူ အဂ္ဂမဟာ သေနာပတိဖြစ်ခဲ့ရခြင်းကြောင့် သူသည် တော်ဝင်မျိုးနွယ် သို့မဟုတ် ဂျင်းဂိုးလ် မျိုးနွယ်ဝင် တစ်ဦးဖြစ်ခဲ့မည်ဟု ကြံဆနိုင်သည်။