မာတိကာသို့ ခုန်သွားရန်

ဘိတ်ကလာတဲ့ငံပြာရည်

ဝီကီပီးဒီးယား မှ

ဘိတ်ကလာတဲ့ ငံပြာရည် (၂၈ ဧပြီ ၁၉၂၄ – ၁၉၉၂) သည် မြန်မာအမျိုးသား ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။

အမည်ရင်းမှာ ဦးစိုးမောင် (ခ) ဦးကျော်စိုး ဖြစ်သည်။ ၁၉၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၌ ဦးရွှေကြာနှင့် ဒေါ်ထူးမေတို့က မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံး သားဖြစ်ကာ ၁ဝ တန်းအောင်မြင်ခဲ့ပြီးနောက် ကျောင်းဆက်မတက်ဖြစ်ဘဲ အမြတ်ခွန်အရာရှိအဖြစ် ထမ်းဆောင်ခဲ့သည်။ တာဝန်အရ အခွန်ကြီးကြပ်ရာမှ ရုပ်ရှင်လောကသားများနှင့် တွေ့ဆုံခဲ့ပြီး ပဲရော့ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒါရိုက်တာပဲရော့ ဦးဖေကြိုင်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ဦးဖေကြိုင်ကို လက်ဦးဆရာအဖြစ် ဦးထိပ်ထားလျက် ဆရာထံမှ ရုပ်ရှင်ရိုက်ကူးရေး ပညာများသင်ယူခဲ့သည်။ ရုပ်ရှင်နှင့်ပတ်သက်၍ ဝါသနာဆန္ဒပြင်းပြသည့်အတွက် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။

၁၉၅၅ ခုနှစ် မတိုင်မီ 'ပြည်တော်အေး' ရုပ်ရှင်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ပွဲဦးထွက်အဖြစ် ဒါရိုက်တာ 'ကျော်စံကေး' အမည်ခံယူကာ မေတ္တာပေါင်းကူး ဇာတ်ကားကို မင်းသား ထွန်းဝေ၊ မင်းသမီး ခင်ယုမေတို့နှင့် ရိုက်ကူးခဲ့သည်။ ဆက်၍ကာတွန်းအောင်ရှိန်၏ ရှံစား -ဒိန်းဒေါင် ဇာတ်ကောင် ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့လေရာ ၁၉၆၄ ခုနှစ်တွင် မှားတဲ့အခါလည်း မှားပေမပေါ့ နှင့် အောင်ပင်လယ် ဇာတ်ကားများကို လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် ကဲမယုံချင်နေ ဇာတ်ကားကိုလည်းကောင်း ရိုက်ကူး ရုံတင်ပြသခဲ့သည်။ ထို့နောက် ဒါရိုက်တာ ကျော်စံကေး အမည်မှ "ဘိတ်ကလာတဲ့ ငံပြာရည်" အမည်ကို ပြောင်းလဲခံယူကာ ၁၉၆၆ ခုနှစ်တွင် ပြည်တော်အေး ရုပ်ရှင်မှပင် အံ့ဩကုန်နိုင်ဖွယ် ဇာတ်ကားကို ရိုက်ကူးရုံတင်ပြသခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပြည်တော်အေး ရုပ်ရှင်အမည်မှ ကျော်စိုး ရုပ်ရှင်အမည်သို့ ပြောင်း၍ ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည် အမည်ဖြင့်ပင် ရှံစား -ဒိန်းဒေါင် ဇာတ်လမ်းတွဲဖြစ်သော ပင့်ကူနီ ဇာတ်ကားကို ရိုက်ကူး ရုံတင် ပြသခဲ့သည်။ ထိုမှဆက်၍ ဘိတ်ကလာတဲ့ ငံပြာရည် အမည်ကိုတောက်လျှောက်အသုံးပြုခဲ့သည်။

စုံထောက်ကြီး ဦးရှံစားအဖြစ် ဟာသမင်းသား သန်းနွဲ့၊ ဒိန်းဒေါင်အဖြစ် ဟာသသရုပ်ဆောင် မြင့်ဖေ၊ (ဒိန်းဒေါင်အဖြစ် သာဆန်း) တို့ကို အဓိကထားရိုက်ကူးခဲ့သော မှားတဲ့အခါလည်း မှားပေမပေါ့အောင် ပင်လယ်ကဲမယုံချင်နေ နှင့် ပင့်ကူနီ ဇာတ်ကားတို့ကို ဆင့်ကဲ ရုံတင်ပြသခဲ့ရာမှ အောင်မြင်ခဲ့သည်။

နောက်ဆုံးရိုက်ကူးသွားခဲ့သည့် ဇာတ်ကား မှာ ခုနစ်ဖော်မောင်နှံဇာတ်ကားကြီးဖြစ်ပြီး ၎င်းဇာတ်ကားမှာ ၇ နှစ်ခန့်ဆက်တိုက် ဝင်ငွေအများဆုံးစံချိန်တင်ခဲ့သည်။[ကိုးကားချက်လိုသည်]

ဘိတ်ကလာတဲ့ငံပြာရည်သည် ၁၉၉၂ ခုနှစ် တွင် ကွယ်လွန်သွားခဲ့သည်။

မိသားစု

[ပြင်ဆင်ရန်]

ဒေါ်အေးအေးညွန့်နှင့် ဖူးစာဆုံခဲ့ပြီး သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူ သက်ကျော်စိုး က ဒါရိုက်တာ သမီး ငံပြာရည်အဖြစ်နှင့်လည်းကောင်း၊ သားဖြစ်သူ သီဟကျော်စိုးနှင့် ဆရာကြီး၏ မြေးဖြစ်သူ ပြည်ဟိန်းသီဟ၊ တို့ကလည်း ရုပ်ရှင်ဒါရိုက်တာများအဖြစ်နှင့်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ

[ပြင်ဆင်ရန်]
ဇာတ်ကားသရုပ်ဆောင်ရုံတင်ခုနှစ်
မေတ္တာပေါင်းကူးထွန်းဝေခင်ယုမေ၁၉၆၀
မှားတဲ့အခါလည်း မှားပေမပေါ့သန်းနွဲ့၊ မြင့်ဖေ၊ သန်းသန်းဆင့်၁၉၆၄
အောင်ပင်လယ်သန်းနွဲ့၊ သာဆန်း၊ သန်းသန်းဆင့်၁၉၆၄
ကဲမယုံချင်နေသန်းနွဲ့၊ မြင့်ဖေ၊ သန်းသန်းဆင့်၁၉၆၅
အံ့ဩကုန်နိုင်ဘွယ်သန်းနွဲ့၊ ဂျော်လီဆွေ၊ အေးအေးသင်း၁၉၆၆
မဘုတ်ဆုံတွံတေးသိန်းတန်၊ သူဇာ၁၉၆၈
ပင့်ကူနီသန်းနွဲ့၊ မြင့်ဖေ၊ သီတာ၁၉၆၈
မယုံရင် ပုံပြင်မှတ်ဌေးဝင်း၊ ဖိုးပါကြီး၊ မြင့်ဖေ၊ သီတာ၁၉၆၉
မခုတ်တတ်တဲ့ကြောင်တွံတေးသိန်းတန်၊ စံရှားတင်၊ စန်းစန်းဝင်း၁၉၇၀
ခလေးရဲ့ဖေဖေ လူပျိုတွေတွံတေးသိန်းတန်၊ သန်းဖေလေး၊ မြင့်ဖေ၊ တင်တင်နွဲ့၁၉၇၁
ဟိုကောင်မလေးညိုတိုတိုကျော်ဟိန်းစန္ဒာ၁၉၇၁
အထိမခံရွှေပန်းကန်တွံတေးသိန်းတန်၊ စန္ဒာ၁၉၇၂
ကညာပျိုနဲ့ဇရာအိုကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ စံရှားတင်၊ ခင်သန်းနု၁၉၇၂
ကြောင်ရေးတဲ့ဖူးစာဇော်ဝမ်း၊ တင်တင်ညို၁၉၇၃
ဘဝကြေးမုံကောလိပ်ဂျင်နေဝင်း၊ ဇော်လင်း၊ ထွန်းထွန်းဝင်း၊ မြင့်မြင့်ခင်နွဲ့နွဲ့မူ၊ ခင်သန်းနွယ်၁၉၇၆
ဘဲအုပ်ကတစ်ရာနှစ်ရာဇော်လင်း၊ ချိုပြုံး၁၉၇၆
ဆောင်ချင်ဦးဟဲ့မင်္ဂလာဇော်လင်း၊ နွဲ့နွဲ့မူ၁၉၇၇
ကျွန်းသေတ္တာကြီး ချာချာလည်တိုးညွန့်၊ မြင့်မြင့်ခိုင်၁၉၇၈
နောင်ဂျိန်လင်မယားညွန့်ဝင်း၊ ချိုပြုံး၁၉၇၉
ကျွန်တော့အချစ်ဈေးမဆစ်နဲ့ညွန့်ဝင်း၊ ခင်သန်းနု၁၉၈၃
ဟုတ်ကဲ့မမညွန့်ဝင်း၊ ခင်သန်းနု၁၉၈၆
နော်ကိုကိုနော်ကျော်သူ၊ ခင်သီတာထွန်း၊ မေဆွိ၁၉၈၇
အသည်းပေါက်အောင်ချစ်တယ်နေအောင်မို့မို့မြင့်အောင်သုမောင်ထွန်းထွန်းနိုင်၁၉၉၀
ဒါလည်းခွင့်လွှတ်တယ်ကျော်သူ၊ မေဆွိ၊ မေတ္တာ၊ ကွမ်းသီး၁၉၉၁
ခုနှစ်ဖော်မောင်နှံနေအောင်၊ မို့မို့မြင့်အောင်၁၉၉၃

ကိုးကား

[ပြင်ဆင်ရန်]