မာတိကာသို့ ခုန်သွားရန်

ဘာသာစကားထိန်းသိမ်းခြင်း။

ဝီကီပီးဒီးယား မှ

ဘာသာစကားထိန်းသိမ်းခြင်း ဆိုသည်မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော သို့မဟုတ် သေဆုံးသွား‌သောဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်။ ဘာသာစကားသေဆုံးမှု နှင့်အတူ ဘာသာဗေဒမနုဿဗေဒသမိုင်းမတင်မီ နှင့် စိတ်ပညာ တို့ကို လေ့လာရန် ကွဲပြားမှုများ ဆုံးရှုံးသည်။ [] ဘာသာစကားထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် သမိုင်းထိန်းသိမ်းမှုတွင် ကူညီသလို ပျောက်ကွယ်လုနီးပါး နှင့်ပျောက်ကွယ်ပြီးသော ဘာသာစကားများ ကို အနာဂတ်တွင်လေ့လာနိုင်ရန် ထိန်းသိမ်းပေးသည်။ 7,000 Languages[] နှင့် Living Tongues Institute for Endangered Languages ကဲ့သို့သော အဖွဲ့အစည်းများသည်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဘာသာစကားများကို ထိန်းသိမ်းနိုင်ရန် ထိုဘာသာစကားများကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်သင်ကြားပေးခြင်း တို့ကိုပြုလုပ်ပေးကြသည်။ Mesopotamia မှ Cuneiform အရေးအသားပါရှိသော တက်ဘလက်များကိုထိန်းသိမ်းထားသလို တစ်ခါတစ်ရံတွင် ဘာသာစကားများ၏ အစိတ်အပိုင်းများကို ပြတိုက်များတွင် ထိန်းသိမ်းထားသည်။ ထို့အပြင်၊ အော်ရီဂွန်ရှိ Siletz လူမျိုးနွယ်မှထုတ်ဝေသော Kalapuya အဘိဓာန် [] ကဲ့သို့သော ဘာသာစကားများ၏မှတ်တမ်းများကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် အဘိဓာန်များကို ထုတ်ဝေထားပါသည်။

ဘာသာစကားမျိုးသုဉ်းရန်အန္တရာယ်ဖြစ်ခြင်း သို့မဟုတ် မျိုးသုဉ်းခြင်းအတွက် အကြောင်းရင်းများ

[ပြင်ဆင်ရန်]


ဘာသာစကားတစ်ခုကို မျိုးသုဉ်းရန်အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်။ အကြာင်းရင်းတစ်ခုမှာ ထိုဘာသာစကားပြောဆိုသည့် လူမှုအသိုင်းအဝိုင်းသည် ကလေးများ သို့မဟုတ် ကလေးအများစုကို ထိုဘာသာစကား သင်မပေးတော့ခြင်းဖြစ်သည်။ ဤအခြေအနေမျိုးတွင် ကျန်ရှိသော ဘာသာစကားကျွမ်းကျင်သူများသည် အများအားဖြင့် အသိုင်းအဝန်း၏ အသက်ကြီးပိုင်းများသာဖြစ်ပြီး ၎င်းတို့နောက်ဆက်တွဲတွင် ဘာသာစကားသည် ပျောက်ကွယ်သွားသည်။[ကိုးကားချက်လိုသည်][ ကိုးကားလိုအပ်သည် ]

သို့သော် ဘာသာစကားတစ်ခု၏ရှင်သန်မှုကို သေချာစေရန် ကလေးများထိုစကားကိုပြောဆိုခြင်းသည် မလုံလောက်ပါ။ ထိုဘာသာစကားပြောဆိုသည့် ကလေးများသည် ထိုစကားမပြောသော အခြားနေရာသို့ ပြောင်းရွှေ့သွားပါက ဘာသာစကားသည်ပျောက်ကွယ်လုနီးပါး ဖြစ်နိုင်သေးသည်။ နိုင်ငံရေးနှင့် စစ်ရေးမတည်ငြိမ်မှုများသည်လည်း ဘာသာစကားကို ပျောက်ကွယ်လုနီးပါးဖြစ်စေရန်အန္တရာယ်ပေးနိုင်သည်။ [] လူများကို ၎င်းတို့၏ နေရပ်မှ နယ်မြေသစ်များသို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းစေပါက ၎င်းတို့သည် လိုက်လျောညီထွေဖြစ်အောင် နယ်မြေသစ်၏ ဘာသာစကားကို သင်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ ဘာသာစကား ဆုံးရှုံးသွားနိုင်သည်။ အလားတူ၊ နိုင်ငံ သို့မဟုတ် နယ်မြေတစ်ခုကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ပါက ထိုဒေသနေပြည်သူများသည် ကျူးကျော်သူ၏ဘာသာစကားကို သင်ယူရန် ဖိအားပေးခံရနိုင်သည်။[ကိုးကားချက်လိုသည်][ ကိုးကားလိုအပ်သည် ]

ဘာသာစကားများသည် နိမ့်ကျသည်ဟုယူစခံရ‌သော လူမှုလူတန်းစား နှင့်လည်း ဆက်စပ်မှုရှိလာနိုင်သည်။ [] ဤအခြအနေတွင်၊ မိဘများသည် မိမိတို့၏သားသမီးများကို လူ့အဖွဲ့အစည်းတွင်နိမ့်ကျသည်ဟုယူစခံရ‌သောသူများ နှင့် ကင်းကွာစေရန်အတွက် ၎င်းတို့ အသုံးပြုသော ဘာသာစကားကို အသုံးမပြုရန် အားပေးလိမ့်မည်။ ဤကဲ့သို့ဖြစ်လျှင် မျိုးဆက်တစ်ဆက် သို့မဟုတ် နှစ်ဆက်အတွင်း ဘာသာစကား အလွယ်တကူ ပျောက်ဆုံးသွားနိုင်သည်။[ကိုးကားချက်လိုသည်][ ကိုးကားလိုအပ်သည် ]

  1. Foundation for Endangered Languages 2007-06-10 တွင် ပြန်စစ်ပြီး။
  2. Empowering Communities To Teach, Learn & Sustain Their Languages (in en)။ 2022-10-10 တွင် ပြန်စစ်ပြီး။
  3. The quest to save Oregon's Kalapuya: 'You lose a language, you lose a culture' (in en) (2022-03-06)။ 2022-10-11 တွင် ပြန်စစ်ပြီး။
  4. 1 2 Language Preservation: UNESCO-CI ကိုးကား အမှား - Invalid <ref> tag; name "portal.unesco" defined multiple times with different content