မာတိကာသို့ ခုန်သွားရန်

ဘရိုဒီယာ ကျွန်းဆွယ်

ဝီကီပီးဒီးယား မှ
In this satellite image, the Brodeur Peninsula can be viewed on the northwestern part of Baffin Island

ဘရိုဒီယာ ကျွန်းဆွယ် (အင်္ဂလိပ်: Brodeur Peninsula) သည် ကနေဒါနိုင်ငံ၊ နူနဗွတ်နယ်မြေ၏ ခီကစ်တားလုခ်ဒေသရှိ ဘတ်ဖင်းကျွန်းပေါ်ရှိ လူသူမနေသော ကုန်းမြေကြီး ဖြစ်သည်။ ကျွန်း၏ အနောက်မြောက်ဘက် အစိတ်အပိုင်းတွင် တည်ရှိပြီး၊ ၎င်းကို ရီးဂျင့်မင်းသားဝင်ပေါက်(ရေလက်ကြား)၊ လန်ကက်စတာ ဆောင်းဒ်နှင့် အက်ဒမိုင်းရောတီဝင်ပေါက်(ရွှေခေါင်းလောင်းရေလက်ကြား)တို့ က ဝန်းရံထားသည်။ ကျွန်းဆွယ်သည် ဘတ်ဖင်းကျွန်း၏ ကျန်အစိတ်အပိုင်းကို ကျဉ်းမြောင်းသော ကုန်းမြေဖြင့် ဆက်ထားသည်။

ထိုဒေသသည် ကမ်းခြေမှာ ကျောက်တောင် ထူထပ်ပြီး၊ ကမ်းရိုးတန်းသည် တောင်စောင်းများ မတ်စောက်ကာ၊ ကြမ်းတမ်းသည်။

တိရစ္ဆာန်

[ပြင်ဆင်ရန်]

အနောက်မြောက်ပိုင်း ဘရိုဒီယာ ကျွန်းဆွယ်သည် အရွယ်အစားအားဖြင့်  ၄၇၅ စတုရန်း ကီလိုမီတာ (၁၈၃ စတုရန်းမိုင်) ကနေဒါ၏ အရေးပါသော ငှက်ကြည့်ဒေသ ဖြစ်သည်။(#NU065).[] အိုင်ဗရီစင်ယော်ငှက်များ၏ မူလနေရာ ဖြစ်သော်လည်း၊ မကြာသေးမီအချိန်များက ၎င်းဒေသတွင် ငှက်များ သားပေါက်နှုန်း သိသာစွာ ကျဆင်းသည်ကို သုတေသီများ လေ့လာ တွေ့ရှိသည်။

ဘရိုဒီယာ ကျွန်းဆွယ် အနောက်ဘက်သည် ပိုလာဝက်ဝံများ မိတ်လိုက်ရာ ကွင်းပြင်အဖြစ် လူသိများသည်။

မြေအသုံးချခြင်း

[ပြင်ဆင်ရန်]

ဤဒေသတွင် သတ္တုများ ရှာဖွေရန် အကြီးအကျယ် လုပ်ဆောင်လျက် ရှိသည်။ အမြွှာမိုင်းတွင်းကုမ္ပဏီသည် ကျွန်းဆွယ်ပေါ်၌  ၁,၃၀၀,၀၀၀ ဧက (၅,၃၀၀ စတုရန်း ကီလိုမီတာ; ၂,၀၀၀ စတုရန်းမိုင်) ကျယ်သော စိန်တွင်း ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Northwestern Brodeur Peninsula, Arctic Bay, Nunavut။ bsc-eoc.org။ 12 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-06-06 တွင် ပြန်စစ်ပြီး။
  2. Diamonds on the Brodeur peninsula: A new kimberlite province in Nunavut, Canada

ကိုဩဒိနိတ်: 72°N 088°W / 72°N 88°W / 72; -88 (Brodeur Peninsula)