ဘန်​ကောက် မိုးပျံရထား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
BTS Skytrain
Bangkok Skytrain 2011.jpg
Overview
Native name รถไฟฟ้า
ပိုင်ဆိုင်သူ Bangkok Metropolitan Administration (in Bangkok)
Mass Rapid Transit Authority of Thailand|Mass Rapid Transit Authority
(outside Bangkok)
ဒေသ ဘန်​ကောက်၊ ထိုင်းနိုင်ငံ
ပို့ဆောင်ရေးအမျိုးအစား လျင်မြန်​သောပို့​ဆောင်​ရေး
လမ်းကြောင်းအရေအတွက် 2[၁][၂]
ဘူတာရုံပေါင်း ၃၅[၁][၂]
နေ့စဉ်စီးနင်းသူ 697,907[၃]
တည်ထောင်ခြင်း
စတင်တည်ထောင်ခြင်း ၅ ဒီဇင်ဘာ ၁၉၉၉
တည်ထောင်သူ BTS Group Holdings
ယာဉ်အရေအတွက် ၅၂
နည်းပညာအချက်အလက်
ပတ်လမ်းအရှည် ၃၆.၄၅ km (၂၂.၆၅ mi)[၁]
လမ်းကြောင်းစံအတိုင်းအတာ ၁၄၃၅ mm (4 ft 8 12 in) standard gauge
Electrification Third rail 750 V DC
ပျမ်းမျှမြန်နှုန်း ၃၅ km/h (၂၂ mph)
အမြင့်ဆုံးမြန်နှုန်း ၈၀ km/h (၅၀ mph)

ဘန်​ကောက်မိုးပျံရထား(အင်္ဂလိပ်: Bangkok Mass Transit System(BTS or the Skytrain) ထိုင်း: รถไฟฟ้า) သည်ဘန်​ကောက်မြို့၏မြင့်မား​သော သယ်ယူပို့​ဆောင်​ရေးစနစ်ဖြစ်သည်။​မြောက်ဘက်နှင့် အ​ရှေ့ဘက်သို့​ပြေးဆွဲရာ ဆူခူဗစ်လိုင်းနှင့် ဘန်​ကောက်၏စီးပွား​ရေးဇုန်ဖြစ်​သော ဆိုင်မွန်နှင့် ဆသန်ဘက်သို့​ပြေးဆွဲရာ ဆိုင်မွန်လိုင်းတို့ဖြစ်သည်။ဆူခူဗစ်လိုင်းသည် မိုချစ်နှင့်ဆယ်မရွန်၊ဆိုင်မွန်လိုင်းသည် အမျိုးသားအားကစားရုံနှင့် ဘန်ဝတို့တွင် အစ~အဆုံးဖြစ်သည်။မိုချစ်ဘူတာရုံသည် ဒွန်​မောင်း​လေဆိပ်မှထွက်လာ​သောဧည့်သည်များ၏ ရထားစီးရန်​နေရာအစဖြစ်သည်။​လေဆိပ်မှ အထူးဘတ်စ်ကားစီး၍ဤဘူတာ၌ရထားစီးကာလိုရာသို့သွားနိုင်သည်။လိုင်း၂လိုင်းသည် အမျိုးသားအားကစားရုံအနီးရှိ "ဆိုင်ရမ်"ဘူတာတွင် လိုင်း​ပြောင်းကာစီးနင်းနိုင်သည်။

ထို့အပြင် ဘန်​ကောက်မြို့သယ်ယူပို့​ဆောင်​ရေးတွင် ​​​မြေ​အောက်ရထား(MRT)နှင့် သုဝဏ္ဏဘူမိ​လေဆိပ်ရထားလိုင်း(SARL)တို့လည်းပါဝင်သည်။

ဘန်​ကောက်မြို့ပြ၏ရထားစနစ်များ(BTS၊MRT၊SARL)

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ဆလာဒန်ဘူတာမှထွက်လာ​သောရထား
ရထားအတွင်းပိုင်း

အမြန်သယ်ယူပို့​ဆောင်​ရေးစနစ်(Mass Transit System)ကို ဘန်​ကောက်မြို့၌၁၉၈၀အ​စောပိုင်းတွင်စတင်ခဲ့သည်။

ဘူတာစကြ်န်

ဘူတာရုံပုံစံများ[ပြင်ဆင်ရန်]

​ဝေါင်း​ဝေယံဘူတာအပြင်ဘက်
ဆိုင်ရမ်ဘူတာအ​​ပေါထယ်

ဘူတာအားလုံးကိုမြင့်မား၍အများအားဖြင့်၂ထပ်အဖြစ်​ဆောက်လုပ်ထားသည်။လမ်းမကြီးများ၏လမ်းလယ်ကျွန်းများတွင်​ဖောင်​ဒေးရှင်းချထားသည်။ပလတ်​ဖောင်းများ​ပေါမှ​​နေ၍​​လှေကားဖြင့်လည်း​ကောင်း၊စက်​ကှေားဖြင့်လည်း​ကောင်းတက်နိုင်သည်။အချို့ရုံများတွင်ဓာတ်​​လှေကားများပါရှိသည်။

ပထမထပ်တွင် လက်မှတ်စက်၊စား​သောက်ဆိုင်များဆိုင်​သေး​သေး​လေးများနှင့်လက်မှတ်စစ်ဂိတ်များရှိသည်။ဒုတိယထပ်(ဆိုင်ရမ်တွင်တတိယထပ်ပါ)ဘူတာစကြ်န်နှင့် ရထားလမ်းများရှိသည်။ဆိုင်ရမ်ရုံတွင်လိုင်း​ပြောင်းရန်မှာ မျက်နှာချင်းဆိုင်ရထား​ပေါသို့တက်ရန်သာဖြစ်သည်။

ဆလာဒန်၊အဆုတ်နှင့်မိုချစ်တို့တွင် ​မြေ​အောက်ရထားနှင့်ကူး​ပြောင်းစီးနိုင်သည်။

လက်မှတ်နှင့်စီးနင်းပုံ[ပြင်ဆင်ရန်]

လက်မှတ်စက်

ရထားလက်မှတ်ဝယ်ရန်အင်မတန်လွယ်ကူသည်။၂၀၀၇တွင် "ဘီတီအက်စ် စမတ်ပတ်စ် ကတ်များ "ထုတ်​ပေးခဲ့ပြီး​မေလ၂၀၁၂တွင် "ရတ်ဘစ်ကတ်(Rabbit card)"များဖြင့်အစားထိုးခဲ့သည်။ရတ်ဘတစ်ကတ်မှာ မိုးပျံရထားနှင့် BRTဘတ်စ်ကားများတွင်သုံးနိုင်​သောအီလတ်ထ​ရောနစ်ကတ်ဖြစ်သည်။ထို့အပြင် BTSနှင့်မိတ်ဖက်ဖြစ်​သောMcDonald's, Burger King, Starbucks တို့တွင်လည်းသုံးနိုင်သည်။

ဘူတာရုံပထမထပ်ရှိလက်မှတ်စက်တွင်လက်မှတ်ဝယ်ယူနိုင်သည်။စက်​ဘေးရှိ​မြေပုံတွင်မိမိသွားလို​သောဘူတာ၏ကုန်ကျ​​ငွေကိုကြည့်ကာ စက်ထဲ၌နှိပ်၍ကျသ​လောက်​ငွေထည့်ရသည်။ထိုအခါစက်မှ လက်မှတ်ထွက်လာမည်။ထိုလက်မှတ်ကို အချိန်၂နာရီအွင်းသာအသုံးပြုနိုင်သည်။ထိုလက်မှတ်ကိုလက်မှတ်စစ်ဂိတ်ရှိ စက်ထဲသို့ထည့်လိုက်လျှင်​မောင်းတံပွင့်ကာလက်မှတ်ပြန်ထွက်လာမည်။ထို့​နောက်လက်မှတ်ကိုယူကာဒုတိယထပ်ရှိ စကြ်န်တွင်ရထားစီးကာဆင်းမည့်ဘူတာရှိလက်မှတ်ဂိတ်တွင် လက်မှတ်ကိုပြန်ထည့်လိုက်ရသည်။လက်မှတ်မှန်ကန်မှသာ ​မောင်းတံပွင့်​ပေမည်။အကူအညီလိုပါက သတင်းအချက်အလက်ဂိတ်များတွင်အကူအညီ​တောင်းနိုင်သည်။

Bangkok Skytrain exterior.JPG

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ BTS SkyTrain System - Structure of Routes and Stations။ Bangkok Mass Transit System Public Company Limited။ 2014-06-26 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named routes
  3. ၃.၀ ၃.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named natbts12