ဘန်းဒိုင်းတောင်
| ဘန်းဒိုင်းတောင် | |
|---|---|
Mount Bandai rises above rice fields. | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၈၁၉ m (၅,၉၆၈ ft)[၁] |
| စာရင်းသွင်းခြင်း | 100 famous mountains in Japan |
| ကိုဩဒိနိတ် | 37°35′53″N 140°04′32″E / 37.59806°N 140.07556°Eကိုဩဒိနိတ်: 37°35′53″N 140°04′32″E / 37.59806°N 140.07556°E[၁] |
| အမည်ပေးခြင်း | |
| ဒေသခေါ်အမည် | 磐梯山 (ဂျပန်) |
| ဘာသာပြန် | A rock ladder to the sky |
| ပထဝီဝင် | |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Stratovolcano |
| Volcanic arc | Northeastern Japan Arc |
| နောက်ဆုံး ပေါက်ကွဲမှု | July 1888 |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Hiking |

ဘန်းဒိုင်းတောင် (磐梯山, Bandai-san) သည် ဂျပန်နိုင်ငံ၊ ဖုခုရှီးမားစီရင်စု၊ ယာမဂွန်း၊ ခိတရှိအိုဘရရွာနှင့် ဘန်ဒိုင်းမြို့၊ အိနဝရှိရိုမြို့တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် မီးတောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် လှုပ်ရှားနေသည့်မီးတောင်တစ်ခုဖြစ်ကာ အိနဝရှိရိုရေကန်၏ မြောက်ဘက်တွင် တည်ရှိသည်။ ဤတောင်သည် ဘန်းဒိုင်း - အဆဟိအမျိုးသားဥယျာဉ်တွင် ပါဝင်တည်ရှိသည်။
တောင်၏ အမြင့်ကို တိုင်းတာနိုင်မည့် စနစ်ကို ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းနေရာသည် ဘန်းဒိုင်းတောင်၏ တရားဝင်အမြင့်ကို သတ်မှတ်တိုင်းတာပေးမည် ဖြစ်သည်။ သို့သော်လည်း ထိုတိုင်းတာမည့်နေရာသည် တိုက်စားခံရသည့်ဖြစ်စဉ်ကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။ ထို့အတွက်ကြောင့် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်တိုင်းတာခဲ့ကာ လက်ရှိကာလအမြင့်သည် ၁၈၁၆.၂၉ မီတာ (၅၉၅၉ ပေ) ရှိသည်။ ဘန်းဒိုင်းတောင်ဟု ခေါ်ဆိုရခြင်းမှာ အဓိကတောင်ထိပ်ဖြစ်သည့် "ဘန်းဒိုင်း" ကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။ အခြားသော တောင်ထိပ်များဖြစ်သည့် အခဟနိသည် ၁၄၃၀ မီတာ (၄၆၉၀ ပေ)၊ ခုရှိဂမိနဲသည် ၁၆၃၆ မီတာ (၅၃၆၇ ပေ) ရှိသည်။ ထိုတောင်ထိပ်များသည် ၁၈၈၈ ခုနှစ် ဘန်းဒိုင်းတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် တောင်ထိပ်များ ဖြစ်ကြသည်။
ဘန်းဒိုင်းတောင်ကို မူလက "အိဝဟရှိယာမ" ဟု ခေါ်ခဲ့ကြသည်။ အဓိပ္ပါယ်မှာ "ကောင်းကင်သို့တက်သည့် ကျောက်လှေကား" ဟု ဖြစ်သည်။ လက်ရှိအချိန်တွင် ဤတောင်ကို "အအိဇုဖုဂျိ"၊ "အအိဇုဘန်းဒိုင်း" စသည့်အမည်များဖြင့် ခေါ်ဆိုကြသည်။ တောင်ဘက်အောက်ခြေကို အိုမိုတဲဘန်းဒိုင်း၊ မြောက်ဘက်အောက်ခြေကို အုရဘန်းဒိုင်းဟု ခေါ်ကြသည်။ အိုမိုတဲဘန်းဒိုင်းမှ ကြည့်ပါက တောင်သည် သေသပ်လှပစွာ မြင်ရပြီး အုရဘန်းဒိုင်းမှ ကြည့်ပါက တောင်သည် ပြိုကျနေသဖြင့် တောရိုင်းမြေပုံစံကို မြင်တွေ့ရသည်။
ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။ ၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပထဝီသွင်ပြင်အရ အရေးအပါဆုံးနေရာ ၁၀၀ ထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ဘန်းဒိုင်းတောင်
- ဘန်းဒိုင်းတောင်ထိပ်
- တောင်ပေါ်မှ အုရဘန်းဒိုင်းကို မြင်ရပုံ
- တောင်ပေါ်မှ အိနဝရှိရိုရေကန်ကို မြင်ရပုံ
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Bandaisan: National catalogue of the active volcanoes in Japan။ – Japan Meteorological Agency
- Bandaisan – Smithsonian Institution: Global Volcanism Program
- Bandaisan Geopark (in ဂျပန်)
- Climbing routes – Inawashiro Tourist Association