ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ กรุงเทพมหานคร | |
---|---|
![]() ဘန်ကောက်မြို့တော်အမှတ်တံဆိပ် | |
![]() ဘန်ကော်မြို့အလံတော် | |
အမျိုးအစား | |
အမျိုးအစား | ဘန်ကောက်မြို့ ၏ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း |
သက်တမ်း ကန့်သတ်ချက် | သက်တမ်းနှစ်ကြိမ်အထိ ကန့်သတ်ထား၊ တတိယသက်တမ်းသည် လေးနှစ်ခြားပြီးနောက်မှ ပြန်လည်ဝင်ပြိုင်နိုင်။ |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | ၁၃ ဒီဇင်ဘာ ၁၉၇၂ |
ယခင် | ဘန်ကောက်မြို့မြူနီစီပယ် |
ခေါင်းဆောင်များ | |
Chadchart Sittipunt, တစ်သီးပုဂ္ဂလ ၂၂ မေ ၂၀၂၂ မှတာဝန်စတင် | |
ဘန်ကောက်မြို့၏ ဒုတိယအုပ်ချုပ်ရေးမှူးများ |
၁ ဇွန် ၂၀၂၂ မှတာဝန်စတင် |
အမြဲတမ်းအတွင်းဝန် | Wannatanee Wattana
|
ကောင်စီ | |
ဥက္ကဋ္ဌ | Surachit Phongsinghvithya, Pheu Thai ပါတီ ၆ ဇွန် ၂၀၂၃ မှ တာဝန်စတင် |
ပထမ ဒုဥက္ကဋ္ဌ | Viput Srivaurai, Pheu Thai ပါတီ ၆ ဇွန် ၂၀၂၃ မှ တာဝန်စတင် |
ဒုတိယ ဒုဥက္ကဋ္ဌ | Chatchai Mordee, ပြည်သူ့ပါတီ ၆ ဇွန် ၂၀၂၃ မှ တာဝန်စတင် |
ဖွဲ့စည်းပုံ | |
အမတ်ဦးရေ | အုပ်ချုပ်ရေးမှူး (၁ ဦး)နှင့် ကောင်စီဝင် (၅၀ ဦး) |
သက်တမ်း | လေးနှစ် |
ရွေးကောက်ပွဲများ | |
ဘန်ကောက်မြို့၏ အုပ်ချုပ်ရေးမှူး မဲပေး စနစ် | မဲအများဆုံးရရှိသူ အနိုင်ရ၊ ဘန်ကောက်တစ်မြို့လုံး။ |
ဘန်ကောက်မြို့တော်ကောင်စီ မဲပေး စနစ် | မဲအများဆုံးရရှိသူ အနိုင်ရ၊ မြို့နယ်များအားလုံး |
ဘန်ကောက်မြို့၏ အုပ်ချုပ်ရေးမှူး နောက်ဆုံး ရွေးကောက်ပွဲ | ၂၂ မေ ၂၀၂၂ |
ဘန်ကောက်မြို့တော်ကောင်စီ နောက်ဆုံး ရွေးကောက်ပွဲ | ၂၂ မေ ၂၀၂၂ |
ဘန်ကောက်မြို့၏ အုပ်ချုပ်ရေးမှူး လာမည့် ရွေးကောက်ပွဲ | ၅ ဇူလိုင် ၂၀၂၆ ထက်မနောက်ကျရန် |
ဘန်ကောက်မြို့တော်ကောင်စီ လာမည့် ရွေးကောက်ပွဲ | ၅ ဇူလိုင် ၂၀၂၆ ထက်မနောက်ကျရန် |
ဆွေးနွေးရာနေရာ | |
Airawat Patthana Building Second Bangkok City Hall ဒင်းဒိုင်မြို့နယ်၊ ဘန်ကောက်မြို့။ | |
ဝက်ဘ်ဆိုဒ် | |
bangkok.go.th |
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (Bangkok Metropolitan Administration - BMA) သည် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်ဒေသကို အုပ်ချုပ်သော ဒေသဆိုင်ရာအစိုးရအဖွဲ့ ဖြစ်ပါသည်။ အဆိုပါအဖွဲ့ကို အုပ်ချုပ်ရေးပိုင်း (ဘန်ကောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သော) နှင့် ဥပဒေပြုရေးပိုင်း (ဘန်ကောက်မြို့တော်ကောင်စီ) ဟူ၍ ဖွဲ့စည်းထားရှိပါသည်။ အုပ်ချုပ်ရေးပိုင်း၏ အဓိကတာဝန်မှာ ဘန်ကောက်မြို့တော်အား စီမံခန့်ခွဲရန်အတွက် မူဝါဒများ ချမှတ်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ ယင်းတို့၏ လုပ်ငန်းနယ်ပယ်များတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ အိမ်ရာကိစ္စရပ်များ၊ လမ်းများနှင့် အဝေးပြေးလမ်းများဆိုင်ရာ ဆောင်ရွက်မှုများ၊ လုံခြုံရေးဝန်ဆောင်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ စသည်တို့ ပါဝင်ပါသည်။[၁]
Thailand Future Foundation ၏ ၏ ဖော်ပြချက်အရ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) တွင် စုစုပေါင်း လုပ်သားအင်အား ၉၇,၀၀၀ ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အင်အားစုတွင် စည်ပင်သာယာရေးဌာနမှ အရာရှိ ၃,၂၀၀ ဦး၊ မြို့တော် တရားဥပဒေစိုးမိုးရေးဌာနမှ ၂၀၀ ဦးနှင့် ခရိုင်ရုံးများမှ ၃,၀၀၀ ဦးတို့ ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။ [၂][၃]
ဌာနဆိုင်ရာများ
[ပြင်ဆင်ရန်]
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် ဌာနပေါင်း ၆၅ ခုဖြင့် ဖွဲ့စည်းထားပါသည်။ အဆိုပါ ဌာနများအနက် ၅၀ ခုမှာ ဘန်ကောက်၏ မြို့နယ် ၅၀ နှင့် သက်ဆိုင်သော မြို့နယ်ရုံးများ ဖြစ်ကြပါသည်။ ကျန်ရှိသော ဌာနများတွင် မဟာဗျူဟာနှင့် စီမံကိန်းဌာန၊ ဘဏ္ဍာရေးဌာန၊ ဘတ်ဂျက်ဗျူရို၊ ပြည်သူ့လုပ်ငန်းဦးစီးဌာန၊ ရေမြောင်းနှင့် မြောင်းများဆိုင်ရာ ဦးစီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဌာန၊ ကျန်းမာရေးဌာန၊ ဘန်ကောက်ပညာရေးရုံး၊ ယာဉ်ကြောနှင့် ပို့ဆောင်ရေးဌာန၊ စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အပါအဝင် အခြားဌာနများ ပါဝင်ဖွဲ့စည်းထားပါသည်။
တရားဥပဒေစိုးမိုးရေးဌာန
[ပြင်ဆင်ရန်]ဘန်ကောက်မြို့၏ လုံခြုံရေးနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးကြပ်ထိန်းသိမ်းရန်အတွက် မြို့တော်တရားဥပဒေစိုးမိုးရေးဌာနသည် အဓိကကျသော ယူနစ်တစ်ခု ဖြစ်ပါသည်။ ၎င်းဌာနတွင် အရည်အချင်းပြည့်မီသော ဝန်ထမ်း ၃,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပါသည်။ [၄] မြို့တော်၏ အရေးကြီးသော လုပ်ငန်း ၅ ရပ်ဖြစ်သည့် လုံခြုံရေး၊ ယာဉ်ကြော ကြီးကြပ်ကွပ်ကဲမှု၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးနှင့် အခြားသော အထူးတာဝန်များကို စုစည်းဆောင်ရွက်ပါသည်။ အဆိုပါဌာနသည် ဘန်ကောက်မြို့တော်၏ စီရင်ပိုင်ခွင့်နယ်ပယ်အတွင်း ဖြစ်ပွားသည့် ကိစ္စရပ်များအား ကြီးကြပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ခြင်းတို့အတွက် တာဝန်ရှိပါသည်။ အထူးသဖြင့် မြို့နယ်ရုံးများ၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်သော ကိစ္စရပ်များ သို့မဟုတ် လူအများစုအတွက် ဆိုးရွားသော အန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေများတွင် ဝင်ရောက်ဆောင်ရွက်ပါသည်။
ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၊
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တွင်း မီးဘေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဘန်ကောက်မြို့တော်ကောင်စီက တင်ပြခဲ့သည့် အစီရင်ခံစာအရ မြို့တော်၏ မီးသတ်ယာဉ်နှင့် စက်ပစ္စည်းများ အခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။ မီးသတ်ကား စုစုပေါင်း ၈၇၄ စီးရှိသည့်အနက် ၈၈ စီးသာ အခြေအနေကောင်းမွန်ပြီး ၃၄၀ စီးမှာ "အသုံးပြုနိုင်ရုံမျှ" အဆင့်သာ ရှိကြောင်း၊ ၂၃၂ စီးမှာ "ပျက်စီးနေပြီ" ဖြစ်ပြီး ၂၂၅ စီးမှာ အပြီးအပိုင် ရပ်နားထားရကြောင်း ဖော်ပြထားပါသည်။ မီးငြှိမ်းသတ်ရေးလှေများ၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်ရာ ရေယာဉ် ၃၁ စီးအနက် ၃ စီးသာ အခြေအနေကောင်းမွန်ပြီး ၂၁ စီးမှာ ဝန်ဆောင်မှုမှ ရပ်ဆိုင်းသွားကာ အမြဲတမ်း ဆိုက်ကပ်ထားရကြောင်း တွေ့ရှိရပါသည်။ BMA အနေဖြင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးအတွက် ဘတ်ဂျက်ကို ဆယ်နှစ်နီးပါး ခွဲဝေချထားပေးခဲ့ခြင်း မရှိခြင်းကြောင့် ယင်းသို့ အခြေအနေ ဆိုးရွားရခြင်း ဖြစ်ကြောင်း သိရပါသည်။ [၅] ၀၁၈ ခုနှစ်စာရင်းအရ BMA သည် မီးသတ်သမား ၁,၈၀၀ ကို ခန့်အပ်ထားရှိပါသည်။ [၆]
ဆေးဘက်ဆိုင်ရာဌာန
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) လက်အောက်ရှိ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနသည် ဆေးရုံပေါင်း ၁၁ ရုံကို တာဝန်ယူကွပ်ကဲလျက်ရှိပါသည်။ ၎င်းဌာန၏ ရုံးချုပ်သည် Pom Prap Sattru Phai မြို့နယ်ရှိ BMA General Hospital (Klang Hospital) တွင် တည်ရှိပါသည်။ အခြားသော ဆေးရုံများမှာ တာ့က်ဆင်ဆေးရုံ၊ ချာရိုအန်ခရုမ်ဖရာချာရတ်ဆေးရုံ၊ သိရိန္ဒြာဆေးရုံ၊ လတ်ခရာဘန်းဆေးရုံ၊ လွမ်ဖိုတာဝီဆက်ဆေးရုံ၊ ဝတ်ချာရွန်ရတ်စ်ဆေးရုံ၊ ရတ်ချဖိဖတ်ဆေးရုံ၊ ခလောင်စမ်ဝါဆေးရုံ၊ ဘန်နာဆေးရုံ နှင့် ဘန်ခုန်ထီယန် သက်ကြီးရွယ်အိုဆေးရုံတို့ ဖြစ်ကြပါသည်။ ထို့ပြင် အဆိုပါဌာနသည် အရေးပေါ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းများအတွက် ဧရာဝဏ်ဆေးဘက်ဆိုင်ရာစင်တာ (Erawan Medical Center) ကိုလည်း ကြီးကြပ်လည်ပတ်လျက်ရှိပါသည်။
စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
[ပြင်ဆင်ရန်]စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို အတွင်းဝန်ရုံး၊ မြို့ပြစီမံကိန်းရုံး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးရုံး၊ ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်ရုံး၊ မြို့ပြစီမံရေးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာနခွဲများအဖြစ် ခွဲခြားသတ်မှတ်ထားပါသည်။ အဆိုပါ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် မြို့ပြစီမံကိန်းများ ရေးဆွဲချမှတ်ခြင်း၊ သီးခြားနယ်မြေများအတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ပြုစုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မြေယာနှင့် အဆောက်အဦများ အသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ မြှင့်တင်ခြင်းနှင့် စစ်ဆေးခြင်းစသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့် ဌာနခွဲများလည်း ပါဝင်ဖွဲ့စည်းထားပါသည်။
Navamindradhiraj တက္ကသိုလ်
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် နဝမိန်ဒြာဓိရာဇ်တက္ကသိုလ် (Navamindradhiraj University) ကို တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိပါသည်။ အဆိုပါတက္ကသိုလ်တွင် ဝဇိရဆေးရုံ (Vajira Hospital) နှင့် ကူအာကာရုဏ် သူနာပြုဒီဂရီကောလိပ် (Kuakarun College of Nursing) တို့လည်း ပါဝင်ပြီး BMA ၏ စီမံအုပ်ချုပ်မှုအောက်တွင် ရှိကြပါသည်။
Krungthep Thanakom ကုမ္ပဏီလီမိတက်
[ပြင်ဆင်ရန်]ခရွန်ထေ့ပ် သနားခုံ ကုမ္ပဏီလီမိတက် (Krungthep Thanakom Company Limited) သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် ဦးပိုင်ကုမ္ပဏီအဖြစ် ဆောင်ရွက်ပါသည်။ ယင်းစီမံကိန်းများတွင် ဘီတီအက်စ်မိုးပျံရထားလိုင်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် (concession) နှင့် ဘတ်ငွေ ဘီလီယံ ၂၀ တန်ဖိုးရှိ မြေအောက်ကေဘယ်လ်သွယ်တန်းခြင်းလုပ်ငန်း စီမံကိန်းကဲ့သို့သော လုပ်ငန်းကြီးများ ပါဝင်ပါသည်။ [၇][၈]
ဘတ်ဂျက်
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တော်၏ ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းဘတ်ဂျက်ပမာဏမှာ ဘတ်ငွေ ၉၀,၅၇၀,၁၃၈,၆၃၀ (ကိုးသောင်းငါးရာခုနစ်ဆယ်ကုဋေ တစ်ရာ့သုံးဆယ့်ရှစ်သိန်း ခြောက်ရာ့သုံးဆယ်ကျပ်) ဖြစ်ပါသည်။ အဆိုပါ ဘတ်ဂျက်၏ အများစုကို မြို့ပြဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းများအတွက် ခွဲဝေချထားကြောင်း သိရှိရပါသည်။
ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး
[ပြင်ဆင်ရန်]
ဘန်ကောက်မြို့၏ အုပ်ချုပ်ရေးမှူး (သို့မဟုတ်) ဘန်ကောက်မြို့တော်ဝန် သည် ဒေသဆိုင်ရာ အစိုးရ၏ အကြီးအကဲဖြစ်သည်။ အုပ်ချုပ်ရေးမှူးသည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (Bangkok Metropolitan Administration - BMA) ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။
အုပ်ချုပ်ရေးမှူးရာထူးနေရာကို လေးနှစ်လျှင် တစ်ကြိမ် ရွေးကောက်တင်မြှောက်ထားပြီး သက်တမ်းနှစ်ကြိမ်ထိ တာဝန်ထမ်းဆောင်နိုင်ပါသည်။ ထိုင်းနိုင်ငံတစ်ခုလုံးတွင် တိုက်ရိုက်ရွေးကောက်တင်မြှောက်လို့ရသော ရာထူးနှစ်ခုအနက် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးမှူးရာထူးသည် မြို့တော်ဝန် ရာထူးနှင့် ယှဉ်နိုင်သည်။
လက်ရှိ တာဝန်းထမ်းဆောင်နေသူမှာ Chadchart Sittipunt ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိကာ ရွေးကောက်တင်မြှောက်ခံရပြီး 52.65 မဲရရှိခဲ့သည်။ မဲအားလုံး၏ ၅၁.၆၅% (၁.၃၈ သန်း) သည် စံချိန်သစ်တင်ပြီး ဘန်ကောက်၏ ခရိုင် ၅၀ လုံးတွင် အနိုင်ရရှိသည်။
ဘန်ကောက်မြို့တော်ကောင်စီ
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တော်ကောင်စီ Bangkok Metropolitan Council สภากรุงเทพมหานคร | |
---|---|
အမျိုးအစား | |
အမျိုးအစား | မြို့တော်စည်ပင်ကောင်စီ |
ခေါင်းဆောင်များ | |
ကောင်စီဥက္ကဋ္ဌ | Surachit Phongsinghvithya, Pheu Thai ပါတီ၊ (၆ ဇွန် ၂၀၂၄ ကတည်းက) |
အမတ်ဦးရေ | ၅၀ ဦး |
ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | ၂၂ မေ ၂၀၂၅ |
ဝက်ဘ်ဆိုဒ် | |
https://bmc.go.th/ |
ဘန်ကောက်မြို့တော်ကောင်စီ (Bangkok Metropolitan Council - BMC) သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ ဥပဒေပြုရေးဆိုင်ရာ မဏ္ဍိုင်အဖြစ် တည်ရှိပါသည်။ မူလဥပဒေများ ပြဋ္ဌာန်းခြင်းဆိုင်ရာ အခွင့်အာဏာများအပြင် အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းဆောင်တာများကို စိစစ်ရန်နှင့် အကြံဉာဏ်များ ပေးအပ်ရန် အာဏာများကိုလည်း ပိုင်ဆိုင်ပါသည်။ ကောင်စီ၏ အကြီးအမှူးအဖြစ် ဘန်ကောက်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဦးဆောင်ပါသည်။
ဘန်ကောက်မြို့တော်ကောင်စီ၏ အဖွဲ့ဝင်အရေအတွက်သည် မြို့တော်၏ လူဦးရေအပေါ် မူတည်၍ သတ်မှတ်ပါသည်။ လူဦးရေ တစ်သိန်းလျှင် အဖွဲ့ဝင်တစ်ဦးနှုန်းဖြင့် ကိုယ်စားပြုပါသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်းတွင် အဖွဲ့ဝင် ၆၁ ဦး ရှိခဲ့ပြီး ဘန်ကောက်မြို့ရှိ မဲဆန္ဒနယ် ၅၇ ခုမှ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ပါသည်။ (အချို့မဲဆန္ဒနယ်များမှ အဖွဲ့ဝင်တစ်ဦးထက် ပို၍ ရွေးကောက်တင်မြှောက်သည်) [၁] အဖွဲ့ဝင်တစ်ဦးစီအား လေးနှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ပါသည်။ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ လက်ရှိအချိန်တွင် ကောင်စီအဖွဲ့ဝင် ၅၀ ဦး ရှိပြီး ပါတီအလိုက် ခုံနေရာ ရရှိမှုမှာ ဖြူထိုင်းပါတီမှ ၂၀ နေရာ၊ ရှေ့သို့ပါတီမှ ၁၄ နေရာ၊ ဒီမိုကရက်တစ်ပါတီမှ ၉ နေရာ၊ ရတ်ခ်ခရွန်ထေ့ပ်ပါတီမှ ၃ နေရာ၊ ဖလန်ဖရာချာရတ်ပါတီမှ ၂ နေရာနှင့် ထိုင်းဆရန်ထိုင်းပါတီမှ ၂ နေရာတို့ ဖြစ်ကြပါသည်။ [၉]
ကြည့်ပါ။
[ပြင်ဆင်ရန်]- ထိုင်းနိုင်ငံ၏ပြည်နယ်များ
- ဘန်ကောက်ခရိုင်များ
- ဘန်ကောက်သမိုင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ General Responsibilities of BMA။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2015 တွင် ပြန်စစ်ပြီး။
- ↑ "Research reveals ugly side to Bangkok life"၊ 2015-10-31။
- ↑ งานแถลงผลการศึกษาเรื่อง"10 ข้อเท็จจริงชีวิตคนกรุงเทพ"။ 31 October 2015 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ 34 ปี วันสถาปนาเทศกิจ กรุงเทพมหานคร จริงจัง จริงใจ รับใช้ประชาชน။ 2019-12-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-12-14 တွင် ပြန်စစ်ပြီး။
- ↑ "Study reveals woeful state of fire dept"၊ 15 February 2018။
- ↑ "Battling through the blazes"၊ 5 May 2018။
- ↑ "Resignations dim trust in Aswin"၊ Bangkok Post၊ 30 July 2019။
- ↑ "Telecoms bosses lobby PM over Bangkok cables"၊ The Nation၊ 27 June 2019။
- ↑ สภากรุงเทพมหานคร (in th)။ 2022-06-11 တွင် ပြန်စစ်ပြီး။