ဘတ် ကွမ်စတော့

ဝီကီပီးဒီးယား မှ
ဘတ် ကွမ်စတော့
ကွမ်စတော့ (၂၀၁၇)
မွေးဖွား (1960-08-30) ဩဂုတ် ၃၀၊ ၁၉၆၀ (အသက် ၆၃)
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းဇီဝဗေဒ (ဝီလီယံနှင့် မေရီ ကောလိပ်)
အလုပ်အကိုင်ဒုဥက္ကဋ္ဌ၊ ဂျန်နရယ်အီလက်ထရစ် (အငြိမ်းစား)
သားသမီး

အဲလိဇဘတ် "ဘတ်" ကွမ်စတော့ (အင်္ဂလိပ်: Elizabeth "Beth" Comstock) (၁၉၆၀ ခု၊ ဩဂုတ်လ ၃၀ ရက်ဖွား) သည် အမေရိကန် စီးပွားရေးအမှုဆောင် ဖြစ်ပြီး ဂျန်နရယ်အီလက်ထရစ် (အတိုခေါ် ဂျီအီး) ၏ ဒုဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ကွမ်စတော့ကို ၁၉၆၀ ခု၊ ဩဂုတ်လ ၃၀ ရက်တွင် မွေးသည်။ ၁၉၈၂ ခုတွင် ဝီလီယံနှင့် မေရီ ကောလိပ် (College of William and Mary) မှ ဇီဝဗေဒနှင့် ဘွဲ့ရသည်။

ဘဝ ဖြတ်သန်းမှု[ပြင်ဆင်ရန်]

ဘွဲ့ရပြီးနောက် ဗာဂျီးနီးယားရှိ ဒေသတွင်း တီဗွီထုတ် လုပ်ငန်းတွင် အလုပ်ဝင်သည်။

၂၀၀၆ ခုတွင် အန်ဘီစီ ယူနီဗာဆယ် (NBC Universal) ၏ ပေါင်းစည်းမီဒီယာဥက္ကဋ္ဌအဖြစ် ကြော်ငြာ၊ မားကတ်တင်းနှင့် သုတေသနတို့ကို ဦးဆောင်သည်။

၂၀၀၃ ခုတွင် ဂျီအီး၏ သက်တမ်း နှစ် (၂၀) ကျော်သော မားကတ်တင်းအရာရှိချုပ် ဖြစ်လာသည်။ ဂျီအီးနှင့် ၎င်း၏ထုတ်ကုန်သုံးသူများကို အမြင်ကောင်းရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၂၀၀၈ ရောက်သော် ဂျီအီး၏ စီးပွားရေးနှင့် မားကတ်တင်းခေါင်းဆောင် ဖြစ်လာသည်။ ၂၀၁၇ ခု၊ အောက်တိုဘာတွင် နှစ်ကုန်ရောက်လျှင် ရာထူးမှ ဆင်းမည်ဟု ကြေညာသည်။

ဂျီအီးနှင့် အန်ဘီစီ၌သာမက စီဘီအက် (CBS) နှင့် တန်နာ ရုပ်သံ (Turner Broadcasting) တို့အတွက်လည်း အလုပ်လုပ်သည်။ နိုက်ကီကုမ္ပဏီ၏ ဥက္ကဋ္ဌအဖွဲ့ဝင် ဖြစ်သည့်နည်းတူ ကူးပါး ဟူးဝစ် စမစ်ဆိုနီယံ ဒီဇိုင်းပြတိုက် (Cooper Hewitt, Smithsonian Design Museum) ၌လည်း ပြတိုက်လူကြီး ဖြစ်သည်။

၂၀၁၈ ခု၊ အောက်တိုဘာတွင် "ရှေ့ကိုလှမ်းဖို့ ကြံစမ်းပါ" (Image It Forward: Courage, Creativity and the Power of Change) စာအုပ်ကို ရေးထုတ်သည်။

ဂုဏ်ပြုခံရမှုများ[ပြင်ဆင်ရန်]

၂၀၁၅၊ ၂၀၁၆ ခုများတွင် ဖိုဘီ မဂ္ဂဇင်း၏ "အစွမ်းဆုံး အမျိုးသမီး ၁၀၀" စာရင်းဝင် ဖြစ်ခဲ့သည်။

၂၀၁၆ ခု၊ အောက်တိုဘာလ ၂၉ ရက်တွင် ယူနိုက်တက်ကင်းဒန်းအခြေစိုက်ကုမ္ပဏီ ရစ်ချတိုပီယား (Richtopia) က "လွှမ်းမိုးမှုအကြီးဆုံး မားကတ်တင်းအရာရှိ ၁၀၀" ရွေးသော် နံပါတ် (၈) ချိတ်သည်။

၂၀၁၈ ခု၊ စက်တင်ဘာတွင် ပီအာဝိခ် (PRWeek) မဂ္ဂဇင်းက "လွှမ်းမိုးမှုအကြီးဆုံး လူထုဆက်ဆံရေးသမား ၂၀" ရွေးရာ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]