ဘင်နီဟာမက် ခံတပ်

ဝီကီပီးဒီးယား မှ
ဘင်နီဟာမက်၏ အယ်လ်ကာလာ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အယ်လ်ဂျီးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၁၀၂
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္တအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဘင်နီဟာမက် ခံတပ် သို့မဟုတ် ဘင်နီဟာမက်၏ အယ်လ်ကာလာ သည် အယ်လ်ဂျီးရီးယားနိုင်ငံရှိ တံတိုင်းကာရံထားသော နန်းစိုက်ရာ မြို့တော်တစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ အပျက်အစီး အခြေအနေတွင် ရှိသော်လည်း ၁၁ ရာစုက ဟမ်မာဒစ် မင်းဆက်၏ ပထမဆုံး မြို့တော် ဖြစ်ခဲ့သည်။ အမ်ဇီလာမြို့၏ အရှေ့မြောက်ဘက်ရှိ ဟော့ဒ်နာတောင်တန်းများ အတွင်းတွင် တည်ရှိကာ အမြင့်ပေ ၄,၆၅၂ပေ (၁,၄၁၈ မီတာ) အမြင့်တွင် တည်ရှိသည်။ အနီးအနားရှိ တောင်ကုန်းများမှ ရေပေါများစွာ ရရှိသည်။ ဘင်နီဟာမက် ခံတပ်သည် မာဒစ်မြို့ အနီးတွင် တည်ရှိပြီး အယ်လဂျီးယားမြို့ ၏ အရှေ့တောင်ဘက် ၁၄၀မိုင် (၂၂၅ ကီလိုမီတာ) အကွာ မာဂရက်ဘ် ဒေသ အတွင်း တည်ရှိသည်။

၁၉၈၀ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့ပြီး "တံတိုင်း တည်ဆောက်ထားသော မွတ်စလင် မြို့တော်၏ ပုံ အစစ်အမှန်" ဟု ဖော်ပြခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]