ဘက်ဂီ ဂျီ

ဝီကီပီးဒီးယား မှ
ဘက်ဂီ ဂျီ
Becky G in July 2016 ဘက်ဂီ ဂျီကို ဂျူလိုင်လ ၂၀၁၆ ပါဝါရိမ်းဂျားရုပ်ရှင် ဆွေးနွေးပွဲတွင်တွေ့ရစဉ်
မွေးဖွားရေဗက္ကာ မာရီ ဂိုမက်
(1997-03-02) မတ် ၂၊ ၁၉၉၇ (အသက် ၂၇)
Inglewood၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု[၁]
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေး
  • ရပ်ပါ
  • သရုပ်ဆောင်
  • မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ2008–present
ဝက်ဘ်ဆိုဒ်iambeckyg.com
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာ
  • ပင်တိုင်အဆိုတော်
  • ဂီတာ
တေးသံသွင်း ကုမ္ပဏီ

ရေဗက္ကာ မာရီ ဂိုမက် (အင်္ဂလိပ်: Rebbeca Marie Gomez)[၂] (မတ်လ ၂ရက်နေ့၊ ၁၉၉၇ မွေးဖွား)[၃] သည် အနုပညာနာမည် ဘက်ကီ ဂျီ ဖြင့် ကျော်ကြားသော အမေရိကန် အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်၊ ရက်ပါ နှင့် မော်ဒယ် ဖြစ်သည်။ သူမကို ၂၀၁၁ ပတ်ဝန်ကျင်ခန့်တွင် သူမ၏ နာမည်ကျော်သီချင်းများကို ပြန်လည်ဆိုထားသော သီချင်းများဖြင့် online ပေါ်တွင် လူသိများလာခဲ့သည်။ သူမ၏ ဗီဒီယိုတစ်ခုသည် တေးသီချင်းထုတ်လုပ်သူ Dr.Luke ၏ စိတ်ဝင်စားမှုကို ရယူပေးနိုင်ခဲ့ပြီး သူမကို Kemosabe Records နှင့် RCA Records တို့မှ တေးသီချင်းများ ထုတ်လုပ်ပေးရန် သဘောတူညီမှုရရှိခဲ့သည်။ ဘက်ဂီ၏ ကြိုးစားအားထုတ်မှုများကြောင့် will.i.am နှင့် Cody Simpson ကဲ့သို့သော နာမည်ကျော် အနုပညာရှင်ကြီးများနှင့် တေးသီချင်းများ တူတူဖန်တီးခွင့်ရခဲ့သည်။ ဘက်ဂီသည် သူမ၏ ပွဲဦးထွက် သီချင်းဖြစ်သော "Becky from the Block" (၂၀၁၃) ကို ဖြန့်ဝေချိန်တွင် အများ၏လက်ခံမှုကို ရရှိခဲ့သည်။ "Play It Again" (၂၀၁၃) ကိုလဲ ထိုနှစ်တွင်ပင် ဆက်လက်ဖြန့်ဝေခဲ့သည်။ သူမ၏ နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်သော "Can't Get Enough" (၂၀၁၄) ကို Pitbull မှ ကူညီသီဆိုပေးခဲ့ပြီး အမေရိကန် လက်တင် သီချင်းများ၏ ထိပ်ဆုံးစာရင်းဝင်ခဲ့သည်။

ဘက်ဂီသည် ၂၀၁၄ တွင် "Shower" သီချင်းကို ဖြန့်ဝေခဲ့ပြီး ထိုသီချင်းသည် သူမကို တေးဂီတလမ်းကြောင်းပေါ်မှ အောင်မြင်စေခဲ့သည်။ ထိုသီချင်းသည် BillBoard အကောင်းဆုံးသီချင်းများ ၁၀၀ မှ ထိပ်ဆုံး၂၀ တွင် ပါဝင်ခဲ့သည်။ ထိုသီချင်းဖြင့်ပင် ဘက်ဂီသည် Recording Industry Association of America (RIAA) မှ ပေးအပ်သော အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။ ထိုအောင်မြင်မှုနောက်တွင် ဘက်ဂီသည် "Can't Stop Dancing" (၂၀၁၄) နှင့် "Break a Sweat" (၂၀၁၅) များကို ဆက်လက်ဖြန့်ဝေခဲ့သည်။ ဘက်ဂီသည် J Balvin နှင့် အတူ နယ်လှည့်ဖျော်ဖြေရေးပွဲများကို စက်တင်ဘာနှင့် အောက်တိုဘာ ၂၀၁၅ တွင် အမေရိကားတစ်လျှောက် ထွက်ခဲ့သည်။ ဘက်ဂီသည် "Empire" ဂီတသရုပ်ဖော် ရုပ်သံဇာတ်လမ်းတွဲတွင် Valentina Galindo နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သီချင်းနှစ်ပုဒ်ကိုလည်း သီဆိုခဲ့သည်။ ဘက်ဂီသည် "Superstar" (၂၀၁၆) သီချင်းကို Pitbull နှင့် အတူတူသီဆိုခဲ့သည်။ ဘက်ဂီသည် သူမ၏ပထမဆုံး စပိန်ဘာသာသီချင်းဖြစ်သော "Sola" (၂၀၁၆) ကို ဇွန်လ ၂၄၊ ၂၀၁၆ တွင်ဖြန့်ဝေခဲ့ပြီး ဩဂုတ် ၂၆ ရက်နေ့တွင် MTV ကိုထုတ်ဝေခဲ့သည်။ ဘက်ဂီသည် Power Rangers (၂၀၁၇) ဇာတ်လမ်းတွင် Trini Kwan (အဝါရောင် ပါဝါရိန်းဂျားအဖြစ်ပါဝင်ထားသည်)

.
ဘတ်ဂီ ဂျီ

ကိုးကား[ပြင်ဆင်ရန်]

  1. Becky G Pays Tribute To Mexican Culture By Recreating Iconic Frida Kahlo Paintings [PHOTOS]။ Latintimes.com (2016-05-25)။ 2016-06-13 တွင် ပြန်စစ်ပြီး။
  2. "Becky G dreams of being the next Jennifer Lopez"၊ August 19, 2013။ 
  3. "Becky G: 21 Under 21 (2014)" .