မာတိကာသို့ ခုန်သွားရန်

ကဘိုင်ပင်

ဝီကီပီးဒီးယား မှ
(ဗြူးပင် မှ ပြန်ညွှန်းထားသည်)
Ceriops tagal
In Mozambique
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Rhizophoraceae
မျိုးစု: Ceriops
မျိုးစိတ်:
C. tagal
ဒွိနာမ
Ceriops tagal
Synonyms[]
Ceriops tagal

ကဘိုင်ပင် (Ceriops tagal) သည် အပင်ငယ်မျိုး ဖြစ်၍ ရေငံတက်သော ပင်လယ်ကမ်းခြေတလျှောက် ပေါက်တတ်သည်။ အရွက်ရှည်၍ လုံး၏။ အနားကွဲ၏။ အခေါက်နီ၏။ ဆိုးဆေး အဖြစ်ဖြင့် အသုံးဝင်၏။ အသားမှာ လိမ္မော်ရောင်ရှိ၍ ခိုင်မာသဖြင့် အိမ်တိုင်၊ ယက်မ၊ ထုပ်၊ လျှောက်၊ ဒိုင်း၊ မြား စသည်တို့ အပြင် ထင်းနှင့် မီးသွေး အဖြစ်လည်း အသုံးပြုကြသည်။ အပွင့်ဖြူပြီး အသီးမှာ ဗာဒံရောင် ရှိသည်။ ကြပိုင်၊ ကပြိုင်၊ ကမြိုင်၊ ဘိုင်ဒေါင်း၊ဗြူးပင်၊ ကပိုင်၊ ရေမဒမပင် ဟုလည်း ခေါ်ဝေါ်ကြသည်။[]

အရှေ့ နှင့် တောင်အာဖရိက၊ မဒါဂတ်စကား၊ ဆေးရှဲလ်၊ အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနား၊ မာလီရှား၊ ပါပူအေးရှား၊ ကာရိုးလင်းကျွန်းများ၊ နယူး ကယ်လီဒိုးနားနှင့် ဩစတြေးလျ တို့တွင်လည်း တွေ့ရသည်။[][]


ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Ceriops tagal IUCN Red List of Threatened Species Version 2014.3 International Union for Conservation of Nature and Natural Resources (2010)။ 30 June 2015 တွင် ပြန်စစ်ပြီး။
  2. 1 2 Ceriops tagal (Pers.) C.B.Rob. The Plant List 19 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2015 တွင် ပြန်စစ်ပြီး။
  3. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ)၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် "၊ မင်္ဂလာ ပုံနှိပ်တိုက်
  4. Ceriops tagal (Pers.) C.B.Rob. Germplasm Resources Information Network United States Department of Agriculture။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2015 တွင် ပြန်စစ်ပြီး။