မာတိကာသို့ ခုန်သွားရန်

ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး

ဝီကီပီးဒီးယား မှ

ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး” ဆိုသည်မှာ ဗုဒ္ဓဘာသာ သာသနာတော်၏ ပရိယတ္တိစာပေဆိုင်ရာ လေ့လာသင်ယူမှုတွင် အစပိုင်း၌ မြတ်စွာဘုရားကိုယ်တိုင်၊ အလယ်ပိုင်း၌ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသနှင့် နောက်ဆုံးပိုင်း၌ ဆရာတော်ဦးဗုဒ်တို့သည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ဆိုလိုသည်။ ပရိယတ္တိဆိုသည်မှာ ပိဋကတ်သုံးပုံကို လေ့လာသင်ယူခြင်းကို ဆိုလိုသည်။ ဤဆိုရိုးစကားသည် ဗုဒ္ဓဘာသာ သာသနာတော်၏ သမိုင်းကြောင်းနှင့် စာပေဆိုင်ရာ အစဉ်အလာကို ဖော်ပြသည့်အပြင် ထင်ရှားသော ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍကိုလည်း ထင်ရှားစေသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မူလပြုစုသူက စတုရင်္ဂဗလအမတ်ကြီး၊ မြန်မာပြန်ဆိုသူကဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး ဆိုတဲ့ သာသနာပိုင်ဆရာတော် ဦးဗုဒ်၊" []
  • "သာသနာဝယ် ဗုဒ်အစ၊ ဗဒု်အလယ်၊ ဗုဒ်အဆုံး ဟူ၍ ဆိုရိုးတစ်ခု ရှိပေ သည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၃၁] စန္ဒာ၊ ၆။ ၅၅။
  3. [၁၃၃၄] ပိဋကညွှန်း၊ အဝဂ်-အပိုင်း၁။ နိဒါန်း။