ဗုဒ္ဓ FM

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

Buddha FM Online Radio သည် သီရိလင်္ကာအခြေစိုက် အင်တာနက်ရေဒီယို နှင့် ဂီတအဖွဲ့အစည်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ၂၀ဝ၉ နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ပီအိပ်ချ်ဒီကျောင်းသား အရှင်မေတ္တာစာရမှ တည်ထောင်သည်။ Buddha FM Online Radio သည် ပြည်ပရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓတရားတော်များ၊ ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် နှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များ အတွက် အင်္ဂလိပ်လိုဟောကြားထားသောတရားဓမ္မများနှင့် အင်္ဂလိပ်လို သီဆိုထားသော ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် အတွက်ဖြစ်သည်။ [၁] အဖြူရောင်သံစဉ် အွန်လိုင်း ရေဒီယို၏ ဆာဗာပေါ်မှ ထုတ်လွှင့်သည်။

ထုတ်လွှင့်သည့် ကဏ္ဍများ[ပြင်ဆင်ရန်]

ဗုဒ္ဓ FM ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နှင့် ၂၄ နာရီပတ်လုံး ထုတ်လွှင့်သည်။ မလေးတရုတ်၊ အင်ဒိုနီးရှားတရုတ်များကလည်း တောင်းဆိုသောကြောင့် ထေရဝါဒ၊ မယာယန မခွဲခြားဘဲ ထုတ်လွှင့်ပေးသည်ဟု ဆိုသည်။ [၂]

ရေဒီယိုဆိုဒ်တွင် ဓမ္မသီချင်း၊ ယဉ်ကျေးမှုသီချင်း၊ ခေတ်သစ်သီချင်းအပြင် မြန်မာဗီဒီယိုများလည်း ရယူ ကြည့်ရှုနိုင်သည်။

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]

  1. http://www.buddhafm.com/article_read.php?a=46
  2. http://www.buddhafm.com/article_read.php?a=42