မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓဘာသာနှင့် ကိုယ်ဝန်ဖျက်ချခြင်း

ဝီကီပီးဒီးယား မှ

ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓသာသာတွင် တစ်သမတ်တည်း ထင်မြင်မှု မရှိပေ၊ သို့သော်လည်း များသောအားဖြင့် မကောင်းသောလုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။[၁]

ကျမ်းစာအမြင်နှင့် ရဟန်းဝိနည်း[ပြင်ဆင်ရန်]

ကိုယ်ဝန်ဖျက်ချခြင်းကို ဖြစ်စေခြင်း သို့မဟုတ် တိုက်တွန်းပြောဆိုခြင်းသည် ထေရဝါဒနှင့် တနန္တရဝါဒ ရဟန်းများတွင် ကြီးလေးသည့် ကိစ္စတစ်ခု ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ဖျက်ချခြင်းတွင် ရဟန်းများသည် ကူညီလုပ်ဆောင်ပေးပါက ရဟန်းသံဃာမှ ပယ်ထုတ်ခြင်း ခံရမည် ဖြစ်သည်။[၂] အစဉ်အလာအရ ရင်းမြစ်တို့တွင် ကိုယ်ဝန်ဖျက်ချခြင်းကို အစောပိုင်းကာလနှင့် နောက်ပိုင်းကာလဟူ၍ ခွဲခြားထားခြင်းမျိုး ရိုး သတ်မှတ်ထားမှု မရှိပေ။ သို့သော် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံရှိ ရဟန်းတို့က ကိုယ်ဝန်ဖျက်ချခြင်းကို သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို ဖျက်ချခြင်းနှင့် ပတ်သက်၍“ကိုယ်ကျင့်တရားဆိုင်ရာ အမည်းစက်” အဖြစ်သတ်မှတ်ထားသည်။ [၂]အစဉ်အလာအရ ကိုယ်ဝန်ဖျက်ချခြင်းသည် မိခင်၏ ကျန်းမာရေးကို ထိခိုက်စေသည်ဟု ထင်မြင်မှုမျိုး မရှိခဲ့ပေ။ ဂိုဏ်းကွဲများစွာမှ ခေတ်ကာလဗုဒ္ဓဘာသာဆရာများနှင့် ဗုဒ္ဓဘာသာနိုင်ငံများမှ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေများတွင်မူ မိခင်၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ဘဝဒုက္ခတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် မိခင်များအတွက် လက်တွေ့ကျသည့်ကျိုးကြောင်းပြချက်ဖြစ်သော်လည်း ကံတရားအကျိုးပေးမှုနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ မကောင်းသည့် အရာတစ်ခု ဖြစ်သည်။[၂]

ဒေသဆိုင်ရာအမြင်များ[ပြင်ဆင်ရန်]

ကိုယ်ဝန်ဖျက်ချခြင်းအပေါ် ဒေသအပေါ်မူတည်၍ အမြင်အမျိုးမျိုးလည်း ကွဲပြားကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းအမျိုးမျိုးအလျောက် ယုံကြည်မှုသည်လည်း အမျိုးမျိုးရှိကြသည်။ အနောက်နိုင်ငံများ၏ အတွေးအခေါ်များ၊ စိတ်ပညာဆိုင်ရာအတွေးအခေါ်များ၊ အခြားသော ဘာသာရေးယုံကြည်မှုများသည် လွှမ်းမိုးမှုရှိပါကလည်း ယုံကြည်မှုသည် ကွဲပြားမှုရှိပြန်သည်။

မြောက်ပိုင်းဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

ကိုယ်ဝန်ဖျက်ခြင်းသည် များသောအားဖြင့် တိဘက်ဗုဒ္ဓဘာသာဝင်တို့သည် အလွန်ဆိုးရွားသောအရာအဖြစ် သတ်မှတ်ထားကြသည်။ ၁၉၅၀ခုနှစ်များ တိဘက်လူမျိုးများသည် ကွဲထွက်အခြေချမနေထိုင်မီက တိဘက်လူမျိုးများသည် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်များအား တရင်းတနှီးရှိပုံ မပေါ်ပေ။ လူဦးရေသည် အနည်းငယ်သာ ရှိခဲ့သည်။ သူတို့သည် ကိုယ်ဝန်ဖျက်ချခြင်းအား အပြစ်ကင်းသည့်လူ့ဘဝကို ဖျက်ဆီးခြင်းဟု မြင်ခဲ့ကြသည်။ သေချာသည့်အချက်အလက်မဟုတ်သော်လည်း ပြည်နှင်ဒဏ်ခံရသည့် တိဘက်လူမျိုးများနေထိုင်သည့်နေရာတွင်မူ ကိုယ်ဝန်ဖျက်ချခြင်းသည် တစ်ခါတရံ ရှားပါးစွာ ဖြစ်ပေါ်တတ်ပြီး ထိုနေရာတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဝင် ဖြစ်သည်။ တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် ကိုယ်ဝန်ဖျက်ချသည့်သူတစ်ဦးကို ကြင်နာစွာဖြင့် ဆက်ဆံသင့်သည်။ ထိုမကောင်းသော လုပ်ရပ်အတွက် ဘာသာရေးဆိုင်ရာ ယုံကြည်မှုများနှင့် ကောင်းသောအလုပ်များကို လုပ်ဆောင်စေကာ အပြစ်အား ပြေရာပြေကြောင်းဖြစ်စေရန် လမ်းညွှန်မှုများ ဆောင်ရွက်ကြသည်။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်များ လုပ်ဆောင်ခြင်းသည် ကိုယ်ဝန်ဖျက်ခံရသည့် ကလေးနှင့် မိခင်တို့အတွက် အကျိုးပေးမည့် ကံတရားများကို ကောင်းမွန်စေရန် ဖြစ်သည်။ သို့သော်လည်း ကျမ်းစာများတွင် လူတစ်ဦးတစ်ယောက်သည် ကိုယ်ဝန်ဖျက်ချပြီးနောက် အပြစ်ပြေစေရန်အတွက် ထိုကဲ့သို့ ကောင်းမှုကုသိုလ်များလုပ်ခြင်းသည် အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း အသိပေးထားသည်။[၃] ၁၄ ယောက်မြောက် ဒလိုင်းလားမားက ကိုယ်ဝန်ဖျက်ချခြင်းသည် “မကောင်းသောလုပ်ရပ်” ဖြစ်ကြောင်းနှင့် သို့သော်လည်း ၎င်းတွင် ခြွင်းချက်များ ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သူသည် “ကိုယ်ဝန်ဖျက်ချခြင်းကို လက်ခံခြင်း လက်မခံခြင်းသည် အခြေအနေတစ်ခုခြင်းစီအရ မူတည်ကြောင်း” ပြောကြားခဲ့သည်။[၄]

တောင်ပိုင်းဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်သည့် ဥပဒေများ၊ ထင်မြင်ချက်များသည် ကြီးမားစွာ ကွဲပြားမှုများ ရှိသည်။ ထိုင်းနိုင်ငံရှိ ဥပဒေနှင့် သဘောထားများသည် သီရိလင်္ကာနိုင်ငံနှင့် နှိုင်းစာပါက ပိုမို၍ ထောက်ခံသည့် အနေအထားဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ကိုယ်ဝန်ဖျက်ချခြင်းသည် အပြစ်ရှိသည့် လုပ်ရပ်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အိမ်ထောင်မပြရသေးဘဲ ကလေးမွေးဖွားမှုကို ကာကွယ်ရန် တရားမဝင်ကိုယ်ဝန်ဖျက်ချခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ကြသည်။[၅] ထိုင်းနိုင်ငံ၏ ကိုယ်ဝန်ဖျက်မှုနှင့် ပတ်သက်သည့် သဘောထားအပေါ် ပီတာဟာဗေးက (Peter Harvey) က

...abortion is discussed not in the language of rights – to life or choice – but of ‘benefit and harm, with the intent of relieving as much human suffering in all its states, stages and situations as circumstances allow’, with an emphasis on reducing the circumstances leading women to feel that they need to have an abortion

ဟု ရေးသားခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် သိမ်းဆည်းထားသည့် ဖျက်ချခဲ့သည့် သန္ဓေသား ၂၀၀၀ ကိုတွေ့ရှိခဲ့မှုသည် မျက်နှာဖုံးသတင်းများသို့ ရောက်ရှိခဲ့သည်။ ဤသည်မှာ ထိုင်းနိုင်ငံ၏ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ဖြစ်ခဲ့သည်။ အမျိုးသမီးများ၏ ကျန်းမာရေးနှင့် မုဒိမ်းမှုများမှ လွဲ၍ ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် တရားမဝင်လုပ်ရပ်အဖြစ် ရှိနေဆဲပင် ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ဥပဒေများကို ထိုင်းနိုင်ငံရှိ ရဟန်းများနှင့် နိုင်ငံရေးသမားများက ကဲ့ရဲ့ပြစ်တင် ပြောဆိုခဲ့သည်။ Phramaha Vudhijaya Vajiramedhi ကမူ “ဗုဒ္ဓဘာသာ အမြင်အရ ကိုယ်ဝင်ဖျက်ချခြင်းတွင် ပါဝင်ခြင်းနှင့် လုပ်ဆောင်ခြင်း နှစ်ခုစလုံးသည် လူသတ်မှု ဖြစ်သည်။ ကိုယ်ဝန်ဖျက်ခြင်း အမှုကို ကျူးလွန်ပါက ထိုကျူးလွန်သူတို့၏ အကုသိုလ်သည် ယခုဘဝနှင့် နောင်ဘဝများတို့တွင် ပူပင်သောကများနှင့် ကြုံတွေ့ရမည် ဖြစ်သည်” ဟု ပြတ်ပြတ်သားသားပင် ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် Abhisit က တရားမဝင်ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းများနှင့် ဥပဒေအား ပြောင်းလဲရေငြင်းဆန်တောင်းဆိုသူများကို ဖြိုခွင်းမှုတွင် လက်ရှိဥပဒေများသည် “လုံလောက်စွာ ကောင်းမွန်ကြောင်း” ပြောဆိုခဲ့သည်။[၆]

မြန်မာနိုင်ငံ၏ ကိုယ်ဝန်ဖျက်ချမှုအပေါ် သဘောထားနှင့် ပတ်သတ်၍ Melford Spiro လေ့လာမှုကို ပီတာဟာဗေးက ပြန်လည်ပြောပြသည်မှာ မြန်မာတို့သည် လောကီအရ ကောင်းမွန်သည့်အရာ သို့မဟုတ် လက်တွေ့တွင် အကျိုးရှိသည့်အရာနှင့် ဘာသာရေးအရ အဆုံးစွန်သောကောင်းကျိုးကို ပေးမည့်အရာတို့သည် ရှင်းရှင်းလင်းလင်းပင် ခွဲခြား သတ်မှတ်ထားသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် မြန်မာတွင် တရားမဝင်သော်လည်း စီးပွားရေးအခက်အခဲကြောင့် ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာဝင်များစွာသည် ထိုကဲ့သို့ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအဆုံးအမကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။[၇] ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် အမျိုးသမီး ၉၉ ရာခိုင်နှုန်းက ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအဆုံးအမကို ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် ဖြေဆိုခဲ့ကြသည်။[၇]

အရှေ့အာရှ[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကမူ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်၍ အခြားသောနေရာများတွင် နေထိုင်သူများထက်ပို၍ သဘောထားကြီးကြသည်။ ဂျပန်တွင် အမျိုးသမီးများသည် ကိုယ်ဝန်ဖျက်ချပြီးနောက် (သို့) သားလျှောခြင်း၏ ရလဒ်အဖြစ် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်ပြီးနောက်တွင် Mizuko kyyō ((水子供養, စာဖြင့် - သန္ဓေသားအမှတ်တရဆုတောင်းခြင်း) ရှင်တိုးဗုဒ္ဓဘာသာဓလေ့တွင် ပါဝင်ဆင်နွှဲကြသည်။ [၈][၉]

ထို့အတူပင် ထိုင်ဝမ်ရှိ အမျိုးသမီးများသည်လည်း ကိုယ်ဝန်ဖျက်ချခဲ့သည့်အတွက် အပြစ်များကို သက်သာစေရန်နှင့် ဖျက်ချခဲ့သည့် သန္ဓေသားအား နှစ်သိမ့်စေရန် တစ်ခါတရံ ဆုတောင်းမှုများ လုပ်ကြသည်။ ထိုယုံကြည်မှု ဓလေ့ထုံးတမ်းကို yingling gongyang ဟု ခေါ်သည်။[၁၀] The modern practice emerged in the mid-1970s and grew significantly in popularity in the 1980s, particularly following the full legalization of abortion in 1985.[၁၁] ၁၉၇၅ ခုနှစ်များ အလယ်ပိုင်းက ခေတ်ပေါ်ဓလေ့ထွက်ပေါ်လာခဲ့ပြီး ၁၉၈၀ ခုနှစ်များတွင် လူဦးရေသည် သိသာစွာတိုးတက်လာခဲ့သည်။ အထူးသဖြင့် ၁၉၈၅ ခုနှစ်တွင် ကိုယ်ဝန်ဖျက်ချခြင်းကို အပြည့်အဝ တရားဝင် ထောက်ခံလာကြသည်။ ဂျပန်တွင် လူဦးရေများပြားလာခြင်း၊ မြို့ပြပုံစံ ဖြစ်လာခြင်း၊ မိသားစုဦးရေ လျှော့ချလာခြင်း၊ လိင်မှုကိစ္စနှင့် ပတ်သက်၍ သဘောထားများ ပြောင်းလဲလာခြင်း စသည်တို့ကြောင့် ကိုယ်ဝန်ဖျက်ချမှုသည် ဂျပန်တွင် ခေတ်ကာလဓလေ့ထုံးစံအဖြစ် ဖြစ်ပေါ်လာခဲ့ပြီး နောက်တွင် ထိုင်ဝမ်နိုင်ငံ၌ ဖြစ်ပေါ်လာခဲ့သည်။[၁၂][၁၃][၁၀][၁၂]

ပိုမိုကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "Abortion: Buddhism." BBC Religion & Ethics. Retrieved 15 January 2008.
  2. ၂.၀ ၂.၁ ၂.၂ Harvey, Peter. Introduction to Buddhist Ethics (2000). Cambridge University Press. pg. 311-20
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Harvey2
  4. Dreifus, Claudia. (28 November 1993). "The Dalai Lama." The New York Times
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Harvey3
  6. "Abortion reform is up against Buddhism in Thailand." The Guardian Comment is Free. Published 25 November 2010.
  7. ၇.၀ ၇.၁ "Abortion: A Public Health Problem in Myanmar" (1997). Reproductive Health Matters 5 (9): 94–100. Reproductive Health Matters. doi:10.1016/s0968-8080(97)90010-0. 
  8. Barnhart, Michael G. (1995). Buddhism and the Morality of Abortion Archived 12 December 2006 at the Wayback Machine.. Journal of Buddhist Ethics, 5. Retrieved 10 August 2006.
  9. Human Flower Project. Mizuko Jizo Archived 8 January 2018 at the Wayback Machine., Retrieved on 29 April 2009.
  10. ၁၀.၀ ၁၀.၁ Moskowitz၊ Marc L. (2001)။ The Haunting Fetus: Abortion, Sexuality, and the Spirit World in Taiwan။ University of Hawaii Press။ ISBN 978-0-82482428-0။ 2012-10-22 တွင် မူရင်း အား မော်ကွန်းတင်ပြီး2012-10-14 တွင် ပြန်စစ်ပြီး
  11. Winterton၊ Bradley။ "Appeasing the ghosts of the unborn"၊ 2001-08-12။ 2012-10-14 တွင် ပြန်စစ်ပြီး 
  12. ၁၂.၀ ၁၂.၁ Charles B. Jones, Review of Moskowitz, Marc L., The Haunting Fetus: Abortion, Sexuality, and the Spirit World in Taiwan. H-Buddhism, H-Net Reviews. August, 2002.
  13. Shih, Fang-Long (September 2002). "Review of The Haunting Fetus: Abortion, Sexuality, and the Spirit World in Taiwan". The China Quarterly (171): 765–767.