ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ
စာအုပ်မျက်နှာဖုံး | |
| စာရေးသူ | ဦးအေးမောင် |
|---|---|
| နိုင်ငံ | မြန်မာနိုင်ငံ |
| အမျိုးအစား | ဘာသာရေး |
| ထုတ်ဝေသူ | ရန်အောင်စာပေ |
| မီဒီယာ အမျိုးအစား | ပုံနှိပ် |
ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ သည် ဦးအေးမောင်၏ ထင်ရှားသည့် ဗုဒ္ဓဘာသာစာပေတစ်ခု ဖြစ်၏။ ဦးအေးမောင်သည် ဤစာအုပ်ကို အင်္ဂလိပ်ဘာသာသို့လည်း “THE BUDDHA AND HIS TEACHING” ဟူသော အမည်ဖြင့် ပြန်ဆိုရေးသားခဲ့သည်။[၁]
အကြောင်းအရာ
[ပြင်ဆင်ရန်]ဤစာအုပ်တွင် ပါဝင်သည်များမှာ အခြားသော ဘာသာရေးစာအုပ်များနှင့် မတူဘဲ တမူထူးခြားသည်။ ဗုဒ္ဓဘာသာကျမ်းအချို့တွင် ချွတ်ယွင်းချက်များရှိနေသည်ကို ဦးအေးမောင်က ကွက်ကွက်ကွင်းကွင်း ဖော်ပြရေးသားထားသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်တို့ သေပြီးနောက် လူသာသေ၍ ဝိညာဉ်သည် မသေဘဲ ရှိသည်ဟု အယူမှား အမှတ်မှားတို့ကိုလည်းကောင်း ဖော်ပြထားပေသည်။
ဦးအေးမောင်သည် အမှာစာတွင် အောက်ပါအတိုင်း ရေးသားထားသည်
ဆရာစွဲ၊ ကျမ်းဂန်စွဲ၊ ဝါဒစွဲမရှိဘဲ ဗုဒ္ဓဓမ္မနှင့် သံဃာအကြောင်း ခြေခြေမြစ်မြစ် စူးစမ်းလေ့လာလိုသော ပုဂ္ဂိုလ်များကို ရည်စူး၍ စီစဉ်ရေးသား ပြုစုထားသော စာအုပ်ဖြစ်သည်။
ဦးအေးမောင်သည် ဤစာအုပ်တွင် အနောက်တိုင်းမှ ပညာရှင်တို့၏ လေ့လာတွေ့ရှိချက်များ၊ အခြားဘာသာတို့၏ အယူဝါဒများကိုလည်း လေ့လာတင်ပြထားပေသည်။[၁]